နိုင်ငံရေးသမားစုံတွဲဟာ အိမ်ထောင်သက် ဆယ်စုနှစ်နဲ့ချီ ကြာပြီဖြစ်ပါတယ်။

အိန္ဒိယမှာ အနောက်ဘင်ဂေါပြည်နယ်မှ နိုင်ငံရေးသမားတစ်ဦးက ပြိုင်ဘက် နိုင်ငံရေးပါတီသို့ ဘက်ပြောင်းသွားတဲ့ ဇနီးဖြစ်သူကို လင်မယားအဖြစ်မှ ကွာရှင်းမယ်လို့ လူသိရှင်ကြား ခြိမ်းခြောက်ခဲ့ပါတယ်။

(မွန်ဒဲလ်ခန်းနှင့် ခင်ပွန်းဖြစ်သူ ဆူမီထရာခန်း) (Photo: Bapi Banerjee)

အဆိုပါ နိုင်ငံရေးသမားစုံတွဲဟာ အိမ်ထောင်သက် ဆယ်စုနှစ်နဲ့ချီ ကြာပြီဖြစ်ပါတယ်။ အင်္ဂါနေ့ (ဒီဇင်ဘာ ၂၂ ရက်) မှာတော့ ဝန်ကြီးချုပ်မိုဒီ Bharatiya Janata Party (BJP) မှ လွှတ်တော်အမတ်ဖြစ်သူ ဆူမီထရာခန်း (Sumitra Khan) က ပြိုင်ဘက် နိုင်ငံရေးပါတီ Trinamool Congress Party (TMC) သို့ ဘက်ပြောင်းသွားတဲ့ ဇနီးသည် ဆူဂျာတာမွန်ဒဲလ်ခန်း (Sujata Mondal Khan) ထံသို့ ကွာရှင်းမယ့်အကြောင်းကြားစာ ပေးပို့ခဲ့ကြောင်း သိရပါတယ်။



BJP က TMC ရဲ့ B အသင်းဖြစ်လာတယ်၊ ဒါကြောင့် ဒီပါတီမှာ ကျွန်မက ဘာလို့ ဆက်နေသင့်မှာလဲ? ကျွန်မက ဘာကြောင့် A အသင်း TMC ကို မသွားသင့်တာလဲ

TMC ပါတီဟာ အနောက်ဘင်ဂေါပြည်နယ်မှာ အာဏာရပါတီလည်း ဖြစ်ပါတယ်။ အနောက်ဘင်ဂေါမှာ လာမယ့် လအနည်းငယ်အတွင်း အရေးပါတဲ့ လွှတ်တော်ရွေးကောက်ပွဲအတွက် အရှိန်မြှင့် ပြင်ဆင်နေကြပြီး BJP နဲ့ TMC တို့ကြား အဓိက ယှဥ်ပြိုင်မှုလည်း ဖြစ်ပါတယ်။

(TMC ပါတီသို့ပြောင်းသွားသည့် မွန်ဒဲလ်ခန်း) (Photo: Bapi Banerjee)

ဇနီးဖြစ်သူ မွန်ဒဲလ်ခန်းက BJP ကနေ နုတ်ထွက်ပြီး TMC သို့ ပြောင်းခဲ့ခြင်းဟာ အကြောင်းပြချက်များရှိတယ်လို့ တနင်္လာနေ့ (ဒီဇင်ဘာ ၂၁ ရက်) သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။ BJP က သူမကို လေးစားမှုမရှိကြောင်း၊ ပြိုင်ဘက် နိုင်ငံရေးပါတီများမျ အကျင့်ပျက်ခေါင်းဆောင်တွေကို ခေါ်ယူခဲ့ကြောင်း၊ ၎င်းတို့ကို အကျိုးခံစားခွင့်ပေးရန် ပါတီသစ္စာခံသူတွေက အကုန်အကျခံနေရကြောင်း မွန်ဒဲလ်ခန်းက ဆိုပါတယ်။

"BJP က TMC ရဲ့ B အသင်းဖြစ်လာတယ်၊ ဒါကြောင့် ဒီပါတီမှာ ကျွန်မက ဘာလို့ ဆက်နေသင့်မှာလဲ? ကျွန်မက ဘာကြောင့် A အသင်း TMC ကို မသွားသင့်တာလဲ" လို့ သူမက ပြောခဲ့ပါတယ်။ မွန်ဒဲလ်ခန်းရဲ့ သတင်းစာရှင်းလင်းပွဲအပြီး နာရီအနည်းငယ်အကြာမှာ အသက် ၄၀ နှစ်အရွယ် ဆူမီထရာခန်းကလည်း သတင်းစာရှင်းလင်းပွဲတစ်ရပ် ချက်ချင်းလုပ်ခဲ့ပါတယ်။

(BJP ပါတီဝင်ဖြစ်ခဲ့စဥ်က မွန်ဒဲလ်ခန်း) (Photo: Bapi Banerjee)

မင်းရဲ့ နိုင်ငံရေးကံကြမ္မာကို ဖန်တီးဖို့ အားလုံး လွတ်လပ်ခွင့်ပေးတယ်၊ TMC က ကျွန်တော့်ဇနီးကို ခိုးယူသွားခဲ့တယ်၊ ကျွန်တော့်အချစ်ကို လုယုသွားခဲ့တယ်

ဆူမီထရာခန်းက ဇနီးဖြစ်သူနဲ့ ၁၀ နှစ်ကြာ ဆက်ဆံရေးကို ဖြတ်တောက်သွားရန် ၎င်းရဲ့ဆုံးဖြတ်ချက်ကို သတင်းစာရှင်းလင်းပွဲမှာ ကြေညာခဲ့ပါတယ်။ ၎င်းရဲ့ နောက်ဆုံးအမည် 'ခန်း' ကို ထည့်သွင်းအသုံးပြုခြင်း စွန့်လွှတ်ရန်လည်း ဆူမီထရာခန်းက ပြောဆိုခဲ့ပါတယ်။ "မင်းရဲ့ နိုင်ငံရေးကံကြမ္မာကို ဖန်တီးဖို့ အားလုံး လွတ်လပ်ခွင့်ပေးတယ်" လို့ ၎င်းက ပြောပါတယ်။ ထို့နောက် "TMC က ကျွန်တော့်ဇနီးကို ခိုးယူသွားခဲ့တယ်၊ ကျွန်တော့်အချစ်ကို လုယုသွားခဲ့တယ်" လို့လည်း ဆူမီထရာခန်းက ပြောခဲ့ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က