လူရွှင်တော်ကြီး ဦးမိုးကျော်ရဲ့ လက်ရှိကျန်းမာရေး အခြေအနေကို လူရွှင်တော် ကောင်းကျော်က ပရိသတ်တွေ အတွက် မျှဝေလာခဲ့ပါတယ်။
Photo: Moe Kyaw
လူရွှင်တော်ကြီး ဦးမိုးကျော်ကတော့ ဒီနေ့ (ဒီဇင်ဘာလ ၂၄) ရက်မှာ ရုတ်တရက် လေဖြန်းချင်သသလို ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ လက်ရှိမှာတော့ မုံရွာဆေးရုံမှာ ဆေးကုသမှု ခံယူနေရတဲ့ အကြောင်း လူရွှင်တော် ကောင်းကျော်က ပရိသတ်တွေကို အသိပေးခဲ့ပါတယ်။
" လူရွှင်တော်ကြီးဦးမိုးကျော် ဒီမနက်လေဖြန်းသလိုဖြစ်သွားပါသဖြင့် မုံရွာမြို့ဆေးရုံကြီးကိုတင်လိုက်ရပါသည်။ ဒါပေမဲ့ သက်သာပါသည်ခင်ဗျာ။ ကျောက်ပန်းတောင်းကသူ့ရဲ့သမီးလာခေါ်သွားပါပြီ" ဆိုပြီးတော့ ဒီဇင်ဘာလ (၂၄) ရက်နေ့ ညနေ (၄) နာရီကျော်က လူရွှင်တော် ကောင်းကျော်ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။
Photo: Moe Kyaw
ဦးမိုးကျော်ရဲ့ ကျန်းမာရေး အခြေအနေကို သိလိုက်ရတဲ့ ပရိသတ်တွေ၊ လူရွှင်တော် လောကသားတွေကလည်း စိတ်မကောင်းဖြစ်လို့နေကြပါတယ်။ ကျန်းမာရေး အမြန်ဆုံး ပြန်ကောင်းလာဖို့ အတွက်ကိုလည်း Comment ကနေတဆင့် ဆုတောင်းစကားတွေ ရေးသားခဲ့ကြပါတယ်။
ဦးမိုးကျော်ကတော့ သဘင်လောကမှာ လူရွှင်တော် ဆိုနီ ၊ မိုးကျော် ဆိုတဲ့ အတွဲညီတဲ့ ဟာသညီနောင်အဖြစ် ပရိသတ်တွေကြားမှာ ထင်ရှားခဲ့တဲ့ လူရွှင်တော်တွေ ဖြစ်ပါတယ်။ လူရွှင်တော် ဆိုနီကတော့ ကွယ်လွန်သွားတာ ကြာခဲ့ပါ ပြီ။ လူရွှင်တော် မိုးကျော်ကလည်း ကျန်းမာရေး အခြေအနေကြောင့် အနုပညာလှုပ်ရှားမှုတွေ သိပ်မရှိပေမယ့် ဟာသ အစီအစဉ်တွေမှာ အကဲဖြတ်ဒိုင်လူကြီးအဖြစ် ပါဝင်နေ လှုပ်ရှားနေတာကို တွေ့ရပါတယ်။