သီချင်းမျိုးစုံ ရေးချင်တယ်။

“ ရှေ့ဆက်ရန် မရှိ” ၊ “ ရှင်သန်ခွင့်” ဆိုတဲ့ သီချင်းလေးနဲ့ အောင်မြင်လာတဲ့ ထက်သီရိက ဂီတလမ်းကြောင်းပေါ်မှာ သူ့ရဲ့ ကြိုးစား အားထုတ်မှုလေးတွေကို အခုလို ပြောပြခဲ့ပါတယ်။ 

Photo: Htet Thiri



ထက်သီရိကတော့ Cover Song လေးတွေ ဆိုရင်း ဂီတလောကထဲကို ရောက်ရှိလာခဲ့သူပါ။ ဒါ့အပြင် သူမဟာ ကိုယ်ပိုင် သီချင်းလေးတွေ ဖန်တီးနိုင်ဖို့ အတွက်ကိုလည်း လေ့လာသင်ယူနေတယ်လို့ Duwun ကို ပြောပါတယ်။ 

“ Cover Song တွေကို အပျော်သဘောလောက်ပဲ ဆိုတော့မယ်။ ပြီးတော့ ကိုယ်ပိုင် သီချင်းရေးတတ်ဖို့ကို (၂) နှစ်အတွင်း ကြိုးစားခဲ့တယ်။ ဂီတအလုပ်တွေ စလုပ်တုန်းက ဆိုရင် လုံးဝ သီချင်းမရေးတတ်ဘူး။ သီချင်းဘယ်လို ရေးရမလဲ ဆိုတာကိုလည်း ဘာမှ မလုပ်တတ်ဘူး။ ဒါပေမယ့် အခုချိန်ထိတော့ ကြိုးစားနေတုန်းပါပဲ သီချင်းမျိုးစုံလည်း မရေးတတ်သေးပါဘူး။ ၂၀၂၁ ခုနှစ်ကျရင်တော့ သီရိနဲ့ မတူတဲ့ ပုံစံတစ်မျိုးနဲ့ ပရိသတ်တွေဆီ ပြန်လာခဲ့မယ်” လို့ ဆိုပါတယ်။ 

Photo: Htet Thiri

ကိုဗစ်ကြောင့် ဂီတလှုပ်ရှားမှုတွေ သိပ်မမြင်တွေ့ရတော့တဲ့ ထက်သီရိက အခုဆိုရင် သီချင်း အသစ်လေးတွေသာမက သူမရဲ့ အလုပ်အသစ်လေးတွေကိုလည်း စလုပ်နေရပြီလို့ ပြောပါတယ်။ 

“ ဒီရက်ပိုင်း သီရိတို့ အလုပ်လေးတွေ ပြန်လုပ်ခွင့်ရပြီ။ Live Sale လေးတွေ ရှိတယ်၊ ကြော်ငြာလေးတွေ ရိုက်ကူးလို့ရလာပြီ။ Second Wave စစတုန်းကဆိုရင် အလုပ်တွေ မလုပ်ရတော့ စိတ်ဓာတ်တွေ ပြန်ကျသွားခဲ့တာတွေရှိတယ်။ စိတ်အခြေအနေ မကောင်းဘူးလို့ ပြောလို့ရတာပေါ့”

Photo: Htet Thiri

ထက်သီရိကတော့ “ ရှင်သန်ခွင့်” ၊ “ ရှေ့ဆက်ရန်မရှိ” ဆိုတဲ့ Single Song လေးတွေနဲ့ အောင်မြင်လာတဲ့ တက်သစ်စ အဆိုတော် တစ်ဦးဖြစ်ပါတယ်။ အခုဆိုရင်တော့ " အတိတ်" ဆိုတဲ့ သီချင်း အသစ်လေးကို ပရိသတ်တွေ နားဆင်လို့ရတော့မှာပါ။ သူမဟာ ရုပ်လေးကလည်း ချောသလို အသံလေးကလည်း ကောင်းပြီး သီချင်းကောင်းလေးတွေ အမြဲဆိုတတ်သူ ဖြစ်တာကြောင့် ပရိသတ် အားပေးမှုတွေလည်း ရရှိလာတဲ့ အဆိုတော် တစ်ဦးဖြစ်လို့နေပါပြီ။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က