အစိုးရမြေအဖြစ်သိမ်းဆည်းပြီး မြေစီမံခန့်ခွဲမှုတွေကို လုပ်ဆောင်သွားမှာပါ။

သင်္ဃန်းကျွန်းမြို့နယ်က Music Zone မြေနေရာကို နိုင်ငံတော်ပိုင်မြေအဖြစ် ပြန်လည်သိမ်းဆည်းပြီး စီမံခန့်ခွဲမှုတွေ ပြန်လုပ်သွားမှာဖြစ်တယ်လို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရွှေလှဝင်းက ပြောပါတယ်။

Music Zone မြေနေရာနဲ့ပတ်သက်ပြီး အစိုးရမြေအဖြစ် ပြန်လည်ရယူဖို့ရှိမရှိကို ရန်ကုန်တိုင်းလွှတ်တော်မှာ သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရွှေလှဝင်းကမေးမြန်းခဲ့တဲ့အပေါ် ဆောက်လုပ်ရေးဝန်ကြီးဌာနက”မြေအသုံးပြုခွင့်ရပ်စဲပြီး အစိုးရမြေအဖြစ်ပြန်လည်သတ်မှတ်ကာ မြေစီမံခန့်ခွဲမှုများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း"စာနဲ့ ပြန်လည်ဖြေကြားခဲ့တာဖြစ်တယ်လို့သိရပါတယ်။



"Music zone ဟာ ဥပဒေ နဲ့မညီဘူး ၊လုပ်ထုံးလုပ်နည်းနဲ့လည်းမညီတဲ့အတွက်ကြောင့် နိုင်ငံတော်ကနေအစိုးရမြေအဖြစ်ပြန်လည်သတ်မှတ်ဖို့ရှိမရှိ ကြယ်ပွင့်ပြမေးခွန်းမေးလိုက်တယ်။အဲ့ဒီတော့ဆောက်လုပ်ရေးဝန်ကြီးဌာနကစာနဲ့ လွှတ်တော်ကိုပြန်ကြားတဲ့စာ မနေ့က ကျနော့်ဆီရောက်ပါတယ်”လို့ ဦးရွှေလှဝင်းက ပြောပါတယ် ။

Music Zone မြေနေရာကို လွန်ခဲ့တဲ့ ၁၉၉၆ ခုနှစ် တုန်းက အိုးအိမ်ကနေ ပြည်ထောင်စု ဖွံ့ဖြိုးရေးနဲ့ကြံ့ခိုင်ရေးအသင်းကို ပြည်သူအကျိုးပြုလုပ်ငန်းလုပ်ဖို့အတွက် ယာယီအသုံးပြုခွင့် ၃ နှစ်ပေးထားခဲ့ကြောင်း၊ ယာယီဖြစ်တာကြောင့် ၃ နှစ်ပြည့်ပါက ထပ်မံလျှောက်ထားရမှာဖြစ်ပေမယ့်ကြံခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်းက ပြန်လည်လျှောက်ထားမှုမရှိတဲ့အပြင် နှစ်၃၀နဲ့ပုဂ္ဂလိကို အဆင့်ဆင့် လက်ပြောင်းပြီး ပြန်လည်ငှါးရမ်းခဲ့တယ်လို့ဆိုပါတယ်။

ဒါ့အပြင်လက်ရှိမှာက ကြံ့ခိုင်ရေးအသင်းသည် ပါတီအဖြစ်ပြောင်းလဲနေပြီဖြစ်တာကြောင့် သက်ဆိုင်မှုမရှိတော့ကြောင်းကို ရှင်းလင်းပြပြီး အစိုးရအနေနဲ့ မြေနေရာကိုပြန်လည်ရယူဖို့ရှိမရှိ မေးမြန်းခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ ဒါကြောင့် မြေနေရာကို ပြန်လည်သိမ်းဆည်းဖို့အတွက် အဆင့်ဆင့်ညွှန်ကြားမှုတွေ ဆက်လက် လုပ်ဆောင်ကြရမှာဖြစ်တယ်လို့သိရပါတယ်။

အလွတ်တန်းသတင်းထောက် ချစ်ခွန်းချိုပေးပို့သော သတင်းဖြစ်သည်။



ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က