ဆာလာကတော့ အသင်းခေါင်းဆောင် ဖြစ်ခွင့်မရခဲ့လို့ စိတ်ပျက်မိတယ်လို့ ဝန်ခံထားသလို ကလော့ပ်ကတော့ ဆာလာ ပျော်နေပါတယ်လို့ ပြန်လည်ဖာထေးနေတာပါ။
အသင်းမှာ ဆာလာ မပျော်တော့ဘူးဆိုတဲ့ အကြောင်းအရာတွေနဲ့ ပတ်သက်ပြီး နည်းပြ ကလော့ပ်ကတော့ သူ့ရဲ့ ထင်မြင်ချက်ကို ထုတ်ဖော်ပြောလာပါတယ်။
ဆာလာအနေနဲ့ ပြီးခဲ့တဲ့ မစ်ဂျ်လန်းကို အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ် အုပ်စုနောက်ဆုံးပွဲစဥ်မှာ အသင်းခေါင်းဆောင် အဖြစ် မကစားခဲ့ရလို့ စိတ်ပျက်မိတယ်လို့ စပိန်သတင်းဌာနတစ်ခုကို ဖြေခဲ့ပါတယ်။
တစ်ချိန်တည်းမှာပဲ ရီးရဲ(သို့)ဘာစီလိုနာကို ပြောင်းရွှေ့ဖို့ ရှိမရှိ သတင်းတွေကိုလည်း ဆာလာက ငြင်းဆန်ခဲ့ပါသေး တယ်။
“မို အခုချိန်မှာ အကောင်းဆုံး စိတ်နေစိတ်ထားနဲ့ အကောင်းဆုံး လှုပ်ရှားလုပ်ဆောင်နေနိုင်ပါတယ်။ဒါက အသင်း အတွက် အင်မတန်မှ အရေးကြီးပါတယ်။ဒီမနက်လုပ်ခဲ့တဲ့ လေ့ကျင့်ခန်းမှာတော့ သူပြုံးနေတဲ့ ပုံ မရလိုက်ဘူးဆို ပေမယ့် သူ အချိန်အတော်များများကို ရယ်မောနေတာကို မြင်တွေ့နိုင်မှာပါ။အပြင်မှာ ဘယ်လိုပဲ ရေးနေဖော်ပြနေ အတွင်းမှာတော့ ဘာမှကို မဖြစ်နေပါဘူး။”လို့ ကလော့ပ်က မရေရာ မသေချာ ပြောဆိုခဲ့ပါတယ်။
အင်တာဗျူးဖြေပြီးတဲ့နောက်မှာလည်း ဆာလာဟာ ပွဲထွက်စာရင်းမပါခဲ့ပဲ ပဲလေ့စ်နဲ့ပွဲမှာ အရံ ကစားသမားအဖြစ် သာ ပါဝင်နိုင်ခဲ့ပါတယ်။
ဒါပေမယ့် ဒီရာသီမှာ အသင်းအတွက် ၁၃ဂိုးအထိသွင်းယူပေးထားနိုင်ပြီ ဖြစ်သလို လာမယ့် တနင်္ဂနွေနေ့မှာကစား ရမယ့် ဝက်စ်ဘရွန်းနဲ့ပွဲမှာလည်း ပါဝင်လာဖွယ်ရှိနေပါတယ်။
ဆာလာကတော့ လီဗာပူးအသင်းကို ရိုးမားအသင်းနေ ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပြီး အသင်းနှင့်အတူ ချန်ပီယံလိဂ်၊ ပရီးမီးယားလိဂ် ဆုဖလားတွေကို ကိုင်မြှောက်ထားနိုင်ပြီ ဖြစ်ပါတယ်။