ကာရာဘောင်ဖလား ဆီမီးဖိုင်နယ်ကို တက်လှမ်းထားနိုင်ပါပြီ။

အဲဗာတန်ကို နိုင်လိုက်တာကြောင့် ကာရာဘောင်ဖလား ဆီမီးဖိုင်နယ်မှာ မြို့ခံပြိုင်ဖက် မန်စီးတီးအသင်းနဲ့ ဆက်လက် ရင်ဆိုင်ရပါမယ်။

ယူနိုက်တက်အသင်းခေါင်းဆောင် မက်ဂွဲယားကတော့ မိမိတို့အသင်းအနေနဲ့ ဆုဖလားတွေပိုင်ဆိုင်နိုင်ဖို့‌ ခြေလှမ်းစတင် လှမ်းနိုင်ခဲ့ပြီလို့ အဲဗာတန်ကို အနိုင်ရခဲ့တဲ့ ကာရာဘောင်ဖလား ကွာတားဖိုင်နယ်ပွဲအပြီးမှာ ထုတ်ဖော်ပြောခဲ့ပါတယ်။



၂၀၁၇ခုနှစ်မှာ ကာရာဘောင်ဖလားကို ယူနိုက်တက်အသင်း ဆွတ်ခူးနိုင်ခဲ့ပြီး နောက်ထပ် ဗိုလ်လုပွဲတစ်ပွဲ ထပ်မံ ဆင်နွှဲနိုင်ဖို့လည်း ကြားထဲမှာ တစ်ပွဲသာ ဖြတ်ကျော်ရပါတော့မယ်။

“ဆုဖလားတွေ ဆွတ်ခူးနိုင်ဖို့ မျှော်လင့်ပါတယ်၊ဒါပေမယ့်အခုချိန်မှာ ကျွန်တော်တို့ ဆုဖလားတွေအတွက်ခြေလှမ်း စတင်လှမ်းလိုက်နိုင်ပါပြီ၊ပြီးရင်တော့ ကလပ်အတွက် ဆုဖလားတွေ ယူပါတော့မယ်။”လို့ မက်ဂွဲယားက ဆိုခဲ့ပါ တယ်။

ယူနိုက်တက်အသင်းဟာ အဲဗာတန်အသင်းကို ဂွတ်ဒီဆင်ပတ်ခ့်မှာ သွားရောက် ရင်ဆိုင်ခဲ့ရပြီး ပွဲပြီးခါနီး ၈၈မိနစ် အရောက်မှာမှ ကာဗာနီရဲ့ လှလှပပ အဝေးကန်ချက်နှင့်အတူ ရက်ရှ်ဖို့ဒ်နဲ့ ၉၆မိနစ် သွင်းဂိုးတွေနဲ့ အနိုင်ရခဲ့တာပါ။

“ပွဲချိန်အတွင်း အခွင့်အရေး လေးငါးခုလောက်ရခဲ့ပြီး ဒါတွေကို တကယ့်လက်တွေ့ အသုံးပြုနိုင်ဖို့ လိုနေပါသေး တယ်။”လို့ မက်ဂွဲယားက ဆိုပါသေးတယ်။

ယူနိုက်တက်အသင်းအနေနဲ့ ယခုတစ်ကြိမ် ကာရာဘောင်ဆီးမီးဖိုင်နယ်မှာတော့ မြို့ခံပြိုင်ဖက် မန်စီးတီး အသင်းနဲ့ ရင်ဆိုင်ကစားရပါမယ်။

လက်ရှိမှာတော့ ယူရိုပါလိဂ် ၃၂သင်းအဆင့်ကို တက်လှမ်းထားနိုင်သလို အက်ဖ်အေဖလားမှာလည်း တတိယ အဆင့်မှာ ဝက်ဖို့ဒ်အသင်းနဲ့ တွေ့ဆုံနေပါတယ်။

ပရီးမီးယားလိဂ်မှာတော့ ရမှတ် ၂၆မှတ်နဲ့ အဆင့် ၃နေရာမှာ ရပ်တည်နေပြီး ထိပ်ဆုံးက လီဗာပူးအသင်းအောက် တစ်ပွဲလျော့ ၅မှတ်လျော့နည်းနေပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က