လာမယ့်ရက်ပိုင်းအတွက် နည်းပြသစ်ဖြစ်လာဖွယ်ရှိပါတယ်။

တူချယ်လ်ကို ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာပဲ ပီအက်စ်ဂျီက ထုတ်ပယ်ခဲ့တာဖြစ်ပြီး နည်းပြသစ်အဖြစ် ပိုချက်တီနိုကို ခန့်အပ်မယ်ဆိုတဲ့ သတင်းတွေက ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်နေခဲ့တာပါ။ 


ပီအက်စ်ဂျီနည်းပြသစ်ဖြစ်လာမယ်လို့ ရေပန်းစားနေတဲ့ ပိုချက်တီနိုဟာ ပြင်သစ်ကလပ်ကို ကိုင်တွယ်ခဲ့မယ်ဆိုရင် အသင်းအတွက် နာမည်ကျော်ကစားသမားတွေကို ခေါ်ယူပေးစေချင်နေကြောင်း သိရပါတယ်။ တူချယ်လ်ကို ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာပဲ ပီအက်စ်ဂျီက ထုတ်ပယ်ခဲ့တာဖြစ်ပြီး နည်းပြသစ်အဖြစ် ပိုချက်တီနိုကို ခန့်အပ်မယ်ဆိုတဲ့ သတင်းတွေက ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်နေခဲ့တာပါ။ 



ESPN ရဲ့ ဖော်ပြချက်အရဆိုရင် ပိုချက်တီနိုက ပီအက်စ်ဂျီနည်းပြဖြစ်လာခဲ့မယ်ဆိုရင် မက်ဆီနဲ့ ဒီပိုင်းအပါအဝင် နာမည်ကျော်ကစားသမားတချို့ကို ခေါ်ယူချင်နေတယ်လို့ သိရပါတယ်။ မက်ဆီကို ပီအက်စ်ဂျီကလည်း စိတ်ဝင်စားနေတာဖြစ်ပြီး လာမယ့်ရာသီမှာ ခေါ်ယူနိုင်ဖို့ အားထုတ်နေတာကြောင့် ပိုချက်တီနိုရဲ့ ဆန္ဒက ပြည့်မြောက်ဖွယ်ရာရှိနေပါတယ်။ 

မက်ဆီက ဘာစီလိုနာနဲ့ ရာသီကုန်မှာ စာချုပ်သက်တမ်းကုန်ဆုံးတော့မှာဖြစ်ပြီး အလွတ်ထွက်ခွာခွင့်ရရှိမှာဖြစ်ပါတယ်။ ဒီအတွက်ကြောင့် ကစားသမားကို မက်မောလောက်ဖွယ်ရာခံစားခွင့်တွေကို ပီအက်စ်ဂျီဘက်က ပိုမိုပေးချေနိုင်မှာဖြစ်ပြီး မန်စီးတီးနဲ့အပြိုင် ကြိုးစားနေရတယ်လို့လည်း နာမည်ကျော်သတင်းဌာနတွေက ဖော်ပြခဲ့ကြပါတယ်။ 

စပိန်သတင်းစာ Mundo Deportivo ရဲ့ ဖော်ပြချက်အရဆိုရင်လည်း လိုင်ယွန်ကစားသမား ဒီပိုင်းက ပိုချက်တီနိုရဲ့ ပစ်မှတ်ကစားသမားစာရင်းထဲမှာ ထိပ်ဆုံးကနေ ပါဝင်နေတယ်လို့ သိရပါတယ်။ ဒတ်ချ်တိုက်စစ်မှူးဟာ ဘာစီလိုနာနဲ့ သတင်းကြီးခဲ့ပေမယ့် အပြောင်းအရွှေ့မဖြစ်ပေါ်ခဲ့ဘဲရှိခဲ့ချိန်မှာ ပီအက်စ်ဂျီအားကစားဒါရိုက်တာလီယိုနာဒိုက ခေါ်ယူနိုင်မယ်လို့ ယုံကြည်နေကြောင်းလည်း ဆိုပါတယ်။ 


Share

Loading Next Article...
က္က