လမ်းပတ်ရဲ့ ချဲလ်ဆီးအသင်းက ၄၈နာရီတောင် တင်းတင်း မပြည့်တဲ့ အချိန်အကြား ၂ပွဲကစားရပေမယ့် ယူနိုက် တက်၊လီဗာပူးနဲ့စပါးအသင်းတို့ကတော့ ၃ရက်နဲ့ ၄ရက် အချိန်ရနေကြတာပါ။
နည်းပြ လမ်းပတ်ရဲ့ ချဲလ်ဆီးအသင်းဟာ ယနေ့ည မြန်မာစံတော်ချိန် ၁၂နာရီတိတိမှာ လန်ဒန်ဒါဘီပွဲစဥ်အဖြစ် အာ ဆင်နယ်အသင်းနဲ့ ရင်ဆိုင်ကစားရပါမယ်။
အဲ့နောက် တနင်္လာနေ့ည မြန်မာစံတော်ချိန် ၁၂နာရီတိတိမှာလည်း အက်စတန်ဗီလာအသင်းနဲ့ ဆက်လက်ရင်ဆိုင် ကစားရမှာ ဖြစ်လို့ အာဆင်နယ်အသင်းနဲ့ပွဲစဥ်နဲ့ဗီလာနဲ့ပွဲစဥ်အကြားမှာ ၄၈နာရီပြည့်အောင်တောင် အနားမရပဲ ရှိနေတာပါ။
အာဆင်နယ်အသင်းနဲ့ ကစားရမယ့် ဘောက်ဆင်ဒေးပွဲစဥ်နဲ့ တနင်္လာနေ့မှာကစားရမယ့် ဗီလာအသင်းတို့ ပွဲစဥ် ၂ပွဲ လုံးကိုတော့ နည်းပြ လမ်းပတ်အနေနဲ့ အကောင်းဆုံး လူစာရင်း အသုံးပြုနိုင်မှာ မဟုတ်ပါဘူး။
ဒီလိုပွဲစဥ်ဇယား ရေးဆွဲထားရတာကလည်း မူလ ဖြစ်ပေါ်နေတဲ့ ကိုဗစ် ကူးစက်ရောဂါတွေရဲ့ အခြေအနေကြောင့် ဖြစ်ပါတယ်။
အခြားတစ်ဖက်မှာတော့ ယူနိုက်တက်အသင်းဟာလည်း နှစ်ပွဲကို ၃ရက်အတွင်း ကစားရမှာ ဖြစ်ပေမယ့် လီဗာပူးနဲ့ စပါးတို့ကတော့ ၄ရက်အတွင်းမှာ ကစားရမှာပါ။
“၂ရက်၂ပွဲကစားရမယ့်အပေါ် ကျွန်တော်ဘယ်လိုမှ အဆင်ပြေအောင် မနေနိုင်တော့ပါဘူး၊ဒီအမှတ်တွေက ကျွန် တော်တို့အတွက် အရေးကြီးပါတယ်။အခြား လိဂ်ဖလားကို ယှဥ်ပြိုင်နေကြတဲ့အသင်းတွေကျတော့ အနည်းဆုံး ၃ရက်လောက်အချိန်ရထားပေမယ့် ကျွန်တော်တို့ကတော့ ၂ရက်အတွင်း ၂ပွဲဆိုတာ ဘယ်လိုလုပ်မလဲ။ယူနိုက် တက်၊လီဗာပူးနဲ့စပါးအသင်းတို့ဆိုရင် ၃ရက်နဲ့၄ရက်အချိန်ရကြပါတယ်။ဒါဟာ ကစားသမားတွေအတွက် အကြပ် ရိုက်စေတာပါပဲ၊ပွဲတိုင်းကို အဓိက ကစားသမားတွေ သုံးမယ်ဆိုရင် ဘယ်သူက ခံနိုင်ဦးမှာလဲ။”လို့ လမ်းပတ်က မေးခွန်းထုတ် ပြောဆိုခဲ့ပါတယ်။
ချဲလ်ဆီးအသင်းအနေနဲ့ ယခုနှစ်ရာသီမှာ ပေါင် သန်း ၂၀၀လောက်အသုံးပြုပြီး အသင်းကို အကောင်းဆုံး လူခေါ် ပြင်ဆင်ထားပါတယ်။
လက်ရှိမှာလည်း အဆင့် ၅မှာ ရမှတ် ၂၅မှတ်နဲ့ ရပ်တည်နေပြီး ထိပ်ဆုံးက လီဗာပူးအောက် ၆မှတ်လျော့နည်းနေပါ တယ်။
“မျှတတယ်လို့ ကျွန်တော်မမြင်မိပါဘူး၊ကျွန်တော်တို့အသင်း အခြားအသင်းတွေလို နားရက် အတူတူမရပါဘူး၊ဒီ အချိန်ဟာ မိနစ် ၉၀ပြည့် ကစားဖို့ ကစားသမားတွေအတွက် လေ့ကျင့်ခန်း မလုံလောက်ပါဘူး။ဒါကို ပရီးမီးယား လိဂ်က ကစားသမားတိုင်း သိပါတယ်။”လို့ လမ်းပတ်က ဆက်လက်ပြောပါတယ်။