သရုပ်ဆောင် အိတုန်ကတော့ သူမရဲ့ စိတ်ကူးအိပ်မက်လေးတွေအကောင်အထည် ပေါ်လာလို့ အရမ်းကို ဝမ်းသာ ပျော်ရွှင်လို့နေပါတယ်။
Photo : အိတုန်
သရုပ်ဆောင် အိတုန်ကတော့ ခရစ္စမတ်နေ့လေးမှာ သူမတို့ အိမ်အသစ်လေးနဲ့ ပရိသတ်တွေကို မိတ်ဆက်ပေးခဲ့တာ ဖြစ်ပါတယ်။ သူမရဲ့ အိမ်လေးကတော့ မြောက်ဒဂုံဘက်မှာ ဖြစ်ပြီး ဒီလအကုန်လောက်မှာ ပြောင်းဖို့အတွက် ပြင်ဆင်ထားကြောင်း ဒီဇင်ဘာ(၂၅) ရက်နေ့က လွှင့်တဲ့ Live လေးမှာ ပရိသတ်တွေကို အသိပေးသွားခဲ့ပါတယ်။
Photo : အိတုန်
သူမရဲ့ စိတ်ကူးအိပ်မက်လေးတွေ အကောင်အထည် ပေါ်လာခဲ့ပြီဖြစ်လို့ သူမနဲ့ထပ်တူ ပရိသတ်တွေလည်း ဝမ်းသာလို့နေပါတယ်။
အိတုန်ကတော့ မကြာသေးခင်ကမှ ဒုတိယမြောက် သမီးအငယ်လေးကို မွေးထားတာဖြစ်လို့ အနုပညာအလုပ် တွေနဲ့ စီးပွားရေး အလုပ်လေးတွေကိုတော့ ခဏနားထားတာတွေ့ရပါတယ်။ ဒါ့အပြင် အိတုန်က သမီးငယ်လေးကို ကိုယ်ဝန်စရှိကတည်းက ကံကောင်းခြင်းတွေကိုလည်း ပိုင်ဆိုင်ခဲ့တယ်လို့ ပြောခဲ့ဖူးပါတယ်။ အိုးပိုင်အိမ်ပိုင်လေးနဲ့ နေချင်ခဲ့တဲ့ ဆန္ဒတွေလည်း တကယ်ပြည့်ခဲ့တာပါ။
"ချစ်သမီးအငယ်ဆုံးရတနာလေးချစ်ဖေချစ်မေချစ်မမတို့ဘဝထဲကိုအကောင်းတွေကြီးဘဲယူလာပေးတဲ့ချစ်သမီးမေမေရည်မှန်းချက်ဖြစ်တဲ့မိသားစုလေးအိုးပိုင်အိမ်ပိုင်နေချင်တဲ့ဆန္ဒကိုယ်ခြံကိုယ်ဝန်းလေးနဲ့ကိုယ်ပိုင်အိမ်လေး နဲ့နေချင်ခဲ့တဲ့ဆန္ဒတွေ၊ ချစ်သမီးလေးမမွေးခင်မှာ အားလုံးပြည့်ဝခဲ့တယ်ဗိုက်စ ကြီးထဲကရော အမေအပေါ်ကောင်းခြင်းတွေဘဲပေးခဲ့လို့ကျေးဇူးအများကြီးပါ။ ချစ်သမီးလေးရော၊ သမီးကြီးရော ကမေမေအတွက်အဖိုးမဖြတ်နိုင်သော ရတနာနှစ်ယောက်ချစ်တယ်မေမေသည်းကျော်လေးနှစ်ယောက်"လို့ ဆိုပါတယ်။
Photo : အိတုန်
ဇာတ်ပို့ဇာတ်ရံသရုပ်ဆောင် အိတုန်တော့ ဗီဒီယိုဇာတ်ကား၊ ရုပ်ရှင်ဇာတ်ကားတွေကနေတဆင့် ပရိသတ်တွေ စတင်သိရှိခဲ့ကြတာပါ။ သူမရဲ့ခင်ပွန်းဖြစ်သူ ကိုနေမျိုးထွန်းကလည်း တစ်ချိန်က ဇာတ်ပို့သရုပ်ဆောင် တစ်ယောက်ဖြစ်ပါတယ်။ အခုလက်ရှိမှာတော့ ကိုနေမျိုးဟာ အနုပညာအလုပ်တွေ လုပ်ကိုင်တာ မတွေ့ရတော့ပါဘူး။ အိတုန်ကတော့ လက်ရှိမှာ ဇာတ်ကားရိုက်ကူးမှု နည်းနေတာကြောင့် online shopping လုပ်နေတာလည်း တွေ့ရပါတယ်။