ထိုင်း- မြန်မာနယ်စပ် ၊ မြန်မာဘက်ခြမ်း မြဝတီမြို့မှာလည်း ကိုဗစ်ပိုးတွေ့လူနာ ၄၀၀ ကျော်ရှိနေပြီး ထိုင်းနိုင်ငံဘက်ခြမ်း မဲဆောက်မြို့မှာက ကိုဗစ်လူနာ ၁၀၀ ကျော်ရှိတယ်လို့သိရပါတယ်။

ထိုင်း-မြန်မာနယ်စပ်၊ မြဝတီ- မဲဆောက် သောင်ရင်းမြစ်ကမ်းတစ်လျှောက်ကို ထိုင်းနိုင်ငံဘက်ကလုံခြုံရေးတိုးမြှင့်ဆောင်ရွက်နေတယ်လို့သိရပါတယ်။

Photo: ဝင်းဇော်

ထိုင်းနိုင်ငံထဲက မြန်မာအလုပ်သမားအများစုနေထိုင်တဲ့ စမွတ်ဆာခွန်ခရိုင်၊ မဟာချိုင်နယ်မြေအတွင်းမှာ ပြီးခဲ့တဲ့ရက်ပိုင်းက ကိုဗစ်-၁၉ပိုးတွေ့လူနာ ထောင်ဂဏန်းကျော်တွေ့ရှိခဲ့တာကြောင့် ထိုင်း.မြန်မာနယ်စပ်ကနေ တရားမဝင်နယ်စပ် ဖြတ်ကျော်ခြင်းတွေ မပြုလုပ်နိုင်အောင် ထိုင်းဘက်ကနေ လုံခြုံတိုးမြှင့်ဆောင်ရွက်နေတာဖြစ်တယ်လို့သိရပါတယ်။



Photo: ဝင်းဇော်

ဒီဇင်ဘာ ၂၄ ရက်နေ့မှာ ထိုင်းစစ်တပ်မှ အမှတ် (၃) အရှေ့တိုင်းမှူး ဒုတိယဗိုလ်ချုပ်ကြီး အဖိချေ့ဆုစပ် ကိုယ်တိုင် လာရောက်ခဲ့ပြီး စစ်ဆေးမှုပြုလုပ်ခဲ့ပြီးနောက်လုံခြုံရေးတိုးမြှင့်ခဲ့တာဖြစ်ပါတယ်။ "ထိုင်းဘက်ခြမ်းကနေ သောင်ရင်းမြစ်ကမ်းတလျှောက် လုံခြုံရေးတိုးမြှင့် ဆောင်ရွက်ထားပေမယ့် နှစ်နိုင်ငံကုန်သွယ်မှုကို မထိခိုက်အောင် ထိုင်း.မြန်မာ မဲဆောက်.မြဝတီ အမှတ် ၂ တံတားမှတဆင့် ပုံမုန်အတိုင်းခွင့်ပြုပေးမှာဖြစ်တယ်။မြန်မာပြည်မှာအကြောင်းအမျိုးမျိုးနဲ့ ရောက်ရှိနေတဲ့ ထိုင်းနိုင်ငံသားတွေကိုလဲလက်ခံမှာဖြစ်တယ်။"လို့ ဒုတိယဗိုလ်ချုပ်ကြီး အဖိချေ့ဆုစပ်က ပြောပါတယ်။

Photo: ဝင်းဇော်

ထိုင်းဘက်ခြမ်း သောင်ရင်းမြစ်ကမ်းတလျှောက်မှာ သံဆူးကြိုးတွေ ကာရံခြင်း ၊ CCTV ကင်မရာတွေ တပ်ဆင်ခြင်း၊ ဒေသတာဝန်ရှိ ဌာနဆိုင်ရာတွေပါဝင်တဲ့ ပူးပေါင်းအဖွဲ့တွေ စောင့်ကြည့်ခြင်း စတဲ့ လုံခြုံရေးဆိုင်ရာတိုးမြှင့်မှုတွေဆောင်ရွက်ထားတယ်လို့ သိရပါတယ် ။"အဓိက,ကတော့ မြန်မာဘက်ကနေ ခိုးဝင်တာမရှိအောင် သူတို့ကလုပ်တဲ့သဘောပေါ့။မြန်မာဘက်ကပိုးတွေ့မှုများနေတော့လေ။ ကုန်သွယ်မှုကတော့ သတ်မှတ်နေရာတွေမှာစနစ်တကျလုပ်နေတယ်။

"မြဝတီမြို့ ဒေသခံတစ်ဦးက ပြောပါတယ်။ ထိုင်း- မြန်မာနယ်စပ် ၊ မြန်မာဘက်ခြမ်း မြဝတီမြို့မှာလည်း ကိုဗစ်ပိုးတွေ့လူနာ ၄၀၀ ကျော်ရှိနေပြီး ထိုင်းနိုင်ငံဘက်ခြမ်း မဲဆောက်မြို့မှာက ကိုဗစ်လူနာ ၁၀၀ ကျော်ရှိတယ်လို့သိရပါတယ်။

အလွတ်တန်းသတင်းထောက် ချစ်ခွန်းချိုပေးပို့သောသတင်းဖြစ်ပါသည်။

Share

Loading Next Article...
က္က