အဲရစ်ဆင်ကို နည်းပြ ကွန်တီက မကြိုက်တာကြောင့် အသင်းမှာ ပါဝင် ကစားခွင့်ဆုံးရှုံးနေပြီး ယခုအခါ အင်တာ မီလန်အသင်းကလည်း ဇန်နဝါရီမှာထွက်ခွာခွင့်ပြုလိုက်တာပါ။
လာမယ့် ဆောင်းရာသီ ဇန်နဝါရီစျေးကွက်မှာ အသင်းရဲ့ ဒိန်းမတ်ကွင်းလယ်လူ အဲရစ်ဆင်ကို အသင်းက ထွက်ခွာ ခွင့်ပြုထားတယ်လို့ အင်တာမီလန်အသင်းရဲ့ စီအီးအို မာရော့တာက ဖွင့်ဟပြောထားပါတယ်။
ဒါကြောင့် အသက် ၂၈နှစ်အရွယ် ကစားသမားကို အာဆင်နယ်နဲ့ ပီအက်စ်ဂျီအသင်းတို့က အပြိုင် စိတ်ဝင်စားနေ ကြပါတယ်။
Calciomercato သတင်းဌာနရဲ့ ဖော်ပြချက်အရ အာဆင်နယ်အသင်းဟာ ဒိန်းမတ်လက်ရွေးစင်အတွက် အပြောင်းအရွှေ့နဲ့ပတ်သက်ပြီး အင်တာမီလန်နဲ့ ညှိနှိုင်းနေတာ ရက်အတော်လေး ကြာနေပြီလို့ သိရပါတယ်။
ပြင်သစ်မှလာတဲ့ အမျိုးမျိုးသော သတင်းတွေအရလည်း ပီအက်စ်ဂျီအသင်းဟာ တူချယ်နေရာမှာ ပွန်ချက်တီနိုကို အစားထိုးနိုင်လိုက်ပါက တပည့်ဟောင်းဖြစ်တဲ့ အဲရစ်ဆင်ကို ခေါ်ဖို့ အားသာချက် ဖြစ်သွားနိုင်နေပါတယ်။
ပွန်ချက်တီနိုဟာ စပါးနည်းပြအဖြစ် ရှိစဥ်က အဲရစ်ဆင်က စပါးအသင်းရဲ့ ကွင်းလယ်မှာ အဓိက ကစားသမား အဖြစ် ပါဝင်ခဲ့သူပါ။
ဒါပေမယ့်လည်း ဒီအခြေအနေကို ဖန်တီးနိုင်မှု ရှိမရှိဆိုတာကတော့ အာဆင်နယ်အသင်းနဲ့ အင်တာမီလန်အသင်း တို့ စကားပြောနေတာ ဘယ်လောက်ထိ ခရီးပေါက်နေပြီလဲဆိုတာက မူတည်နေပါတယ်။
အာဆင်နယ်အသင်းကတော့ ယခုနှစ်အစမှာ အက်သလက်တီကိုမ က်ဒရစ်အသင်းက ဂါနာ ကွင်းလယ်လူ သော မတ်စ်ပါတေးကို ခေါ်ယူထားနိုင်သော်လည်း ဒဏ်ရာကြောင့် ကောင်းကောင်း ပါဝင်ကစားပေးထားနိုင်ခြင်း မရှိသေး ပါဘူး။
ကိုဗစ်ကာလလို ပွဲကြပ်တွေ များနေချိန်မှာ ကစားသမားတွေ မကြာခဏဆိုသလို ဒဏ်ရာနေတတ်တာကြောင့် လူ စာရင်းတောင့်တင်းဖို့က အဓိက ကျလာပါတယ်။
ဒါ့အပြင် အာဆင်နယ်အသင်းက ရလဒ်ပိုင်းတွေ သိသိသာသာ ထိုးကျနေပြီး ဇန်နဝါရီ အပြောင်းအရွှေ့ကာလမှာ မဖြစ် မနေ အသင်းကို တည်ဆောက်ပါမှ လက်ရှိအခြေအနေကနေ ရုန်းထလာနိုင်မှာလည်း ဖြစ်ပါတယ်။
ဒါကြောင့် အဲရစ်ဆင်အပြင် အခြား ဘယ်ကစားသမားကို မထင်မှတ်ထားသလို ခေါ်ယူနိုင်မလဲဆိုတာကလည်း စိတ်ဝင်စားဖို့ ကောင်းနေပါတယ်။
Share