ဘောက်ဆင်းဒေးမှာ ဂိုးသွင်းယူနိုင်ဖို့ဆိုရင် ပရီးမီးယားလိဂ်မှာကစားဖို့လိုအပ်ပြီး တစ်နှစ်မှာ တစ်ပွဲသာ ကြုံကြိုက် ခွင့်ရှိတာကြောင့်လည်း ဒီလိုအချိန်မှာ ဒဏ်ရာကင်းကင်းနဲ့ကစားပြီး ဂိုးသွင်းယူနိုင်ဖို့ လိုအပ်ပါတယ်။
ပရီးမီးယားလိဂ်ပြိုင်ပွဲမှာရှိတဲ့Boxing Day ပွဲစဥ်တွေမှာ သမိုင်းတစ်လျှောက် ဂိုးအများဆုံး သွင်းထားသူတွေထဲမှာ လီဗာပူး ကစားသမားဟောင်း ရော်ဘီဖောင်လက ထိပ်ဆုံးက ဦးဆောင်နေပါတယ်။
လီဗာပူး ကစားသမားဟောင်းဆိုပေမယ့် ဖောင်လာဟာ ဒီဂိုးတွေကို လီဗာပူး၊လိဒ်နဲ့မန်စီးတီးအသင်းတွေအတွက် သွင်းယူနိုင်ခဲ့သူပါ။
Boxing Day ဆိုတာကတော့ ခရစ္စမတ်နေ့အပြီး နောက်နေ့တွေဖြစ်တဲ့ ဒီဇင်ဘာ ၂၆၊၂၇တို့မှာ ကစားတဲ့ပွဲတွေကို ဆိုလိုတာဖြစ်ပါတယ်။
ခရစ္စမတ်ကာလမှာ ဥရောပထိပ်တန်းလိဂ် ၅ခုအနက် ပရီးမီးယားလိဂ်ကလွဲပြီး ကျန်လိဂ်တွေ တစ်ပတ်ခန့် ရပ်နား ကြပါတယ်။
ဒီကာလမှာ ကစားသမားတွေဟာ မိသားစုကို အချိန်ပေးဖို့ အချို့ဆိုရင်လည်း ကိုယ့်နိုင်ငံကိုယ် တစ်ပတ်ခန့် ပြန်နား နိုင်ကြပေမယ့် ပရီးမီးယားလိဂ်က ကစားသမားတွေကတော့ ဘောလုံးကွင်းထဲမှာသာ ဖြတ်သန်းရပါတယ်။
ဒါကလည်း ထူးခြားတဲ့ အချက်အနေနဲ့ ပရီးမီးယားလိဂ်ကို ကမ္ဘာပေါ်က စိတ်ဝင်စားမှု အမြင့်ဆုံး ဖြစ်နေစေတာ လည်း တစ်ခုအပါအဝင်ပါ။
ယနေ့မှာလည်း ၂၀၂၀ခုနှစ်ရဲ့ ဘောက်ဆင်ဒေးပွဲစဥ်တွေကို ကစားဖို့ ရှိလာပြီး ယခုအချိန်ထိ ဘောက်ဆင်ဒေးမှာ ဂိုး အများဆုံး သွင်းယူထားသူ ၁၀ဦးစာရင်းကို ဖော်ပြပေးလိုက်ပါတယ်။
ဂိုးအများဆုံးသွင်းထားသူက ရော်ဘီဖောင်လာဖြစ်ပြီး စုစုပေါင်း ၉ဂိုးအထိ သွင်းယူထားနိုင်တာ ဖြစ်ပြီး ၂၀၀၁ခုနှစ်က လိဒ်နဲ့ဘော်လ်တန်တို့ပွဲမှာတင် တစ်ပွဲတည်း ၃ဂိုး ဟက်ထရစ်သွင်းယူနိုင်ခဲ့သူပါ။
ဒုတိယအများဆုံး ကစားသမားကတော့ လက်ရှိ စပါးအသင်းရဲ့ တိုက်စစ်မှူး ဟယ်ရီကိန်း ဖြစ်ပါတယ်။ ကိန်းအနေနဲ့ ဘောက်ဆင်ဒေး ၅ပွဲကစားထားရာမှာ ၅ပွဲလုံး ဂိုးသွင်းယူထားနိုင်သူပါ။အဆိုပါ ၅ပွဲမှာ သွင်းဂိုးက ၈ဂိုးအထိသွင်းယူထားနိုင်ကာ မနက်ဖြန်မှာကစားမယ့် ဝုလ်နဲ့ပွဲမှာ အနည်းဆုံး တစ်ဂိုးထပ်မံသွင်းယူနိုင်ပါက ရော်ဘီဖောင်လာရဲ့ သွင်းဂိုးမှတ်တမ်းကို လိုက်မီနိုင်တော့မှာလည်း ဖြစ်ပါတယ်။
ဒါ့အပြင် ထူးခြားချက်တစ်ခုကတော့ ဘောက်ဆင်ဒေး သမိုင်းမှာ ဂိုးအများဆုံးသွင်းထားသူ ၁၀ဦးစာရင်း၌ လက်ရှိ ကစားနေသူအဖြစ်ကိန်းတစ်ဦးတည်းသာ ပါဝင်နေတာပါ။
ဒါကြောင့် အခြား သွင်းဂိုးတူနေတဲ့ ရော်ဘီကိန်း(၈)ဂိုးနဲ့ အလန်ရှီးယား (၈)ဂိုးတို့ဟာ ကိန်းကို လိုက်မီနိုင်တော့မှာ မဟုတ်ပါဘူး။
အခြားဂိုးအများဆုံး သွင်းယူထားနိုင်သူတွေအဖြစ် အွန်နရီက ၇ ဂိုး၊ဂျာမိန်းဒီဖိုးက ၆ဂိုး၊ဘာဘာတော့ဗ်နဲ့အန်ဒရူး ကိုးလ်၊ဂျာရတ်နဲ့လမ်းပတ်တို့ကက ၅ဂိုးစီ သွင်းယူထားကြပါတယ်။
Share