(၂)လလောက် ရှိနေပြီတဲ့။

သရုပ်ဆောင် ဥက္ကာမင်း‌မောင်ကတော့ သူ့ရဲ့ ချစ်သူနဲ့ လမ်းခွဲ ပြတ်ဆဲလိုက်တာ (၂)လလောက် ရှိသွားပြီလို့ ဆိုပါတယ်။

Photo : ဥက္ကာမင်းမောင်

ဥက္ကာမင်းမောင်ကတော့ ချစ်သူသက်တမ်း (၃)နှစ်ကျော် အကြာမှာ ချစ်သူ Lance နဲ့ လမ်းခွဲလိုက်ပြီဖြစ်တယ်လို့ ကြေညာခဲ့ပါတယ်။ ဒီကိစ္စကို အခုလိုမျိုး ပြောဖို့ မရည်ရွယ်ထားပေမယ့်လည်း သူ့ရဲ့ အချစ်ရေးနဲ့ ပတ်သက်ပြီး ပရိသတ်တွေအားလုံး သိပြီးသား ဖြစ်သလို တစ်ချိန်ချိန်မှာ ကောလာဟလတွေပြောကြမှာကို မလိုလားတဲ့အတွက် အခုလို သူကိုယ်တိုင်ပြောပြတာ ဖြစ်တယ်လို့ ဆိုပါတယ်။သူ့ချစ်သူနဲ့ လမ်းခွဲလိုက်တာ (၂)လလောက်ရှိပြီဖြစ်ပါတယ်။

“ငါတို့လမ်းခွဲလောက်တာ ၂လောက်ရှိသွားပြီ။ ဒီထဲကြားထဲမှာ အကြိမ်ကြိမ်ပြတ်တယ်ဆိုပြီး ပြောခဲ့ပေမယ့် ဒီတစ်ခါကတော့ တရားဝင်ချပြလိုက်တာပါ။ ငါသူ့ဆီက ထွက်သွားခဲ့ပြီ။ အစပိုင်းမှာ ဒီကိစ္စကို လူသိရှင်ကြား မပြောဖို့ စဥ်းစားခဲ့တယ်၊ ဒါပေမယ့် ကျွန်တော့်ရဲ့ အချစ်ရေးနဲ့ ပတ်သက်ပြီး အားလုံးက သိနေပြီးသားဆိုတော့ တစ်ချိန်ချိန်မှာ ကောလာဟလပြောကြမှာတွေ မလိုလာတဲ့အတွက် အခုလို ကျွန်တော် ကိုယ်တိုင် ပြောပြာတာပါ။ အခုလို အေးအေးဆေးဆေးလမ်းခွဲလိုက်တာဟာ နှစ်ယောက်စလုံးအတွက် အကောင်းဆုံးပါ။ ဒါဟာ drama လုပ်တာ မဟုတ်သလို လိမ်နေတာလည်းမဟုတ်ပါဘူး။ အဓိက လမ်းခွဲလိုက်တဲ့အကြောင်းအရာက သူ့ရဲ့မိသားစုနဲ့ သူငယ်ချင်းတွေက ကျွန်တော့်ကို အမြဲတမ်း ဝေဖန် အပြစ်တင်ကြတယ်။ ကျွန်တော့်ရဲ့ အကြောင်းကို တစ်ယောက်ချင်းစီ လိုက်ရှင်းပြဖို့ဆိုတာကလည်း တကယ် မဖြစ်နိုင်ဘူး။ ငါပြောနိုင်တာတစ်ခုက တစ်ဖက်တည်းရဲ့ စကားကို နားထောင်နေမယ်ဆိုရင် ဘယ်တော့မှ ပြီးပြည့်စုံတဲ့အကြောင်းအရာကို သိရမှာ မဟုတ်ဘူး။ မင်းင့ါအပေါ် ထင်တာတွေလည်း မှားနေနိုင်တယ် လူတိုင်းက ဘယ်သူမှတော့မပြီးပြည့်စုံကြပါဘူး။ ဒါပေမယ့် ကျွန်တော်သူ့အပေါ် နှလုံးသားနဲ့ရင်းပြီးချစ်တယ်။ အမြဲတမ်းလည်း ချစ်နေဦးမယ်။ သူလည်း ကျွန်တော့်ကို ဒီလိုပဲ ပြောခဲ့တယ်” ဆိုပြီး သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ဒီဇင်ဘာ(၂၆) ရက်‌နေ့က ရေးသားထားခဲ့တာ ဖြစ်ပါတယ်။


Photo : ဥက္ကာမင်းမောင်


ဆက်လက်ပြီးတော့ လည်း ချစ်သူ Lance နဲ့ ချစ်ခဲ့ရလို့လည်း သူဘယ်တော့မှ နောင်တရမှာ မဟုတ်ဘူးလို့ ပြောထားပါသေးတယ်။

“ကျွန်တော်တို့လက်တွဲလာတဲ့ ၃နှစ်အတွင်းမှာ သူ့အပေါ် အခွင့်ကောင်းမယူခဲ့ဖူးပါဘူး၊ ဒါ့အပြင် သူ့အနေနဲ့လည်း သူ့သူငယ်ချင်းတွေနဲ့ မိသားစုတွေရဲ့ ပြောစကားတွေကို ထုတ်ဖော်မပြောခဲ့သင့်ဘူး။

ဘာဖြစ်ဖြစ်ပါ ကျွန်တော်သူ့သူငယ်ချင်းတွေနဲ့မိသားစုတွေကို ချစ်နေမှာပါ။အခုတော့ သူကျွန်တော့်ကို ပြန် မ‌တောင်းပန်မချင်း ပြီးတော့ သူ့သူငယ်ချင်းနဲ့ မိသားစုတွေကို ဖြစ်စဥ်် အမှန်ကို မပြောပြမချင်း ကျွန်တော့်ခွေးလေးတွေနဲ့ မြင်တွေ့ခွင့်ရမှာ မဟုတ်ပါဘူး။သူမလုပ်နိုင်လည်း အဆင်ပြေပါတယ်။ နှစ်နှစ်လောက်ကြာပြီးလို့ ကျွန်တော်သူ့ကို ခွင့်လွှတ်နိုင်ပြီးရင်တော့ ခွေးလေးတွေကို တွေ့ရမှာပါ။(အခုလို အားလုံးသိအောင်ချပြရတာလည်း ကျွန်တော့်မှာ အကြောင်းပြချက်ရှိပြီးသားပါ။)ငါ့ကိုချစ်တဲ့သူတွေ မရှိပဲနဲ့လည်း ငါ့ဘဝကို ရှင်သန်နိုင်ပါတယ်။ချစ်ခဲ့ကြတဲ့ အချိန်တွေအတွက်လည်း အမြဲတမ်း ကျေးဇူးတင်နေမှာပါ။ပျော်ရွှင်ခြင်း ဝမ်းနည်းခြင်းတွေကို အတူတူ မျှဝေခဲ့ဖူးပါတယ်၊အတူတူငိုခဲ့ဖူးတယ်၊ပျော်ခဲ့ဖူးတယ် အတူတူ ကခဲ့ဖူးတယ်။ဒိလို အမှတ်ရနေစေမယ့် ပို့စ်တွေကိုတော့ ပြန်ဖျက်မှာ မဟုတ်ပါဘူး၊ဒီအတိုင်းပဲ ထားထားမှာပါ။မင်းနဲ့ချစ်ခဲ့လို့ နောင်တမရပါဘူး၊

အခုတော့ ကိုယ့်ကိုယ်ကိုသာ အာရုံစိုက်ပြီး ကိုယ်စိတ်အားထက်သန်တာတွေကိုပဲ လုပ်ပါတော့မယ်။သူ့အတွက် အခြားဘာမှ ဆုတောင်းမပေးတော့ပေမယ့် အကောင်းဆုံး ဖြစ်ပါစေ။သူ့ကို ကပ္ပတိန်တစ်ယောက်အဖြစ် အရမ်းမြင်ချင်နေပါပြီ။ငါတို့ အားလုံး အချစ်နဲ့ ပျော်ရွင်ဖို့အတွက် ထိုက်တန်ပါတယ်။ ငါကတော့ ဆက်လက်ရှင်သန်နေမှာပါ” လို့ သူက ဆက်လက်ပြောပြထားပါတယ်။

Photo : ဥက္ကာမင်းမောင်

ဥက္ကာမင်းမောင်ရဲ့ အချစ်ရေးသတင်းနဲ့ပတ်သက်ပြီး ပရိသတ်တွေလည်း စိတ်မကောင်းဖြစ်လို့နေကြပါတယ်။

ဥက္ကာမင်းမောင်ကို Music Video တွေကနေတဆင့် ပရိသတ်တွေ စတင်သိရှိလာကြတာပါ။ အဲ့ဒီနောက် ဗီဒီယို ဇာတ်ကား တော်တော်များများလည်း ရိုက်ကူးထားတာကို တွေ့ရပါတယ်။ သူဟာ Mister Tourism World 2016 Winner ဆုကို ရရှိပိုင်ဆိုင်ထားတဲ့သူတစ်ယောက်ဖြစ်ပါတယ်။ အနုပညာလှုပ်ရှားမှု အနေ နဲ့ သရုပ်ဆောင်ဘက်မှာရော၊ ဂီတဘက်မှာပါ အားသွန်ခွန်စိုက် ကြိုးစားခဲ့သူဖြစ်ပြီး 18 Album ကိုလည်း ထွက်ရှိထားသူတစ်ယောက်လည်း ဖြစ်ပါတယ်။ သူ့အနေနဲ့ မြန်မာနိုင်ငံက အနုပညာအလုပ်တွေလည်း လုပ်ကိုင်လျှက်ရှိသလို New York မှာရှိတဲ့ အနုပညာလောကထဲကိုလည်း ဝင်ရောက်နိုင်ဖို့ ကြိုးစားနေသူဖြစ်ပါတယ်။ သူဟာ အမေရိကန် ရုပ်ရှင်ဇာတ်ကားတစ်ကားဖြစ်တဲ့ 'Dead Of Night' Short Film မှာလည်း ပါဝင်သရုပ်ဆောင်ထားပါသေးတယ်။


Share

Loading Next Article...
က္က