အာဆင်နယ်အသင်းဟာ ယနေ့ညမှာ ချဲလ်ဆီး၊ဗုဒ္ဓဟူးနေ့မှာ ဘရိုက်တန်နဲ့နောက်တစ်ပတ် တနင်္ဂနွေနေ့မှာ ဝက်စ် ဘရွန်းအသင်းတို့နဲ့ ဆက်တိုက်ကစားရပါမယ်။
အာဆင်နယ်အသင်းဟာ ယနေ့ည ၁၂နာရီတိတိမှာ ချဲလ်ဆီးအသင်းကို အိမ်ကွင်းဧည့်ခံ ကစားရမှာ ဖြစ်ပြီး လန်ဒန် ဒါဘီပွဲဖြစ်လို့ အင်မတန်မှ ခက်ခဲမယ့်ပွဲပါ။
နောက်ဆုံး ကစားထားတဲ့ ပရီးမီးယားလိဂ် ၁၀ပွဲမှာ နိုင်ပွဲတစ်ပွဲသာ ဖန်တီးထားနိုင်တဲ့ အာဆင်နယ်အသင်းအတွက် အနီးကပ်ဆုံး ထပ်မံ ကစားရမယ့် လိဂ်ပွဲစဥ် ၃ပွဲဟာ အင်မတန်မှ အရေးကြီးနေပြီလို့လည်း နည်းပြ အာတီတာက ထုတ်ဖော်ပြောလာပါတယ်။
“အကြောင်းပြချက် လုံးဝမပေးချင်ပါဘူး၊အနီးကပ်ဆုံး ဒီနေ့မှာ ချဲလ်ဆီးနဲ့ ကစားရပါမယ်။ပြီးရင် ကိုယ့်အောက်က အသင်းတွေ ဖြစ်တဲ့ ဘရိုက်တန်၊ဝက်စ်ဘရွန်းတို့နဲ့ ထပ်ကစားရပါမယ်။ဒီပွဲစဥ်တွေက ရလဒ်တွေဟာ အာဆင် နယ် ဒီရာသီဘယ်ကိုသွားမလဲဆိုတာ အဆုံးအဖြတ်ပေးဖို့ ရှိနေပါတယ်။ဒါကြောင့် စိတ်ပျက်ဖွယ် တန်းဆင်းရမယ့် အရေးနဲ့ မရင်ဆိုင်ချင်ဘူးဆိုရင် ဒီပွဲတွေမှာ ရှုံးပွဲတွေကို အကောင်းဆုံး ကျော်ဖြတ်ပြနိုင်ဖို့ လိုနေပါတယ်။”လို့ အာတီတာက ပြောခဲ့ပါတယ်။
အာဆင်နယ်အသင်းကတော့ ရလဒ်တွေ ဆိုးရွားနေပြီး အဆင့် ၁၅မှာရပ်တည်နေကာ ဒီအခြေအနေဟာ နှစ်ပေါင်း ၆၀အတွင်း အသင်းသမိုင်းမှာ အဆိုးရွားဆုံး အဆင့်ရပ်တည်မှု ဖြစ်နေပါတယ်။
အာတီတာအနေနဲ့ မနှစ်က အက်ဖ်အေဖလားရရှိအောင် စွမ်းဆောင်နိုင်ခဲ့ရာမှာ ချဲလ်ဆီးအသင်းကို အနိုင်ယူပြီး ဆွတ်ခူးခဲ့တာပါ။
ယခုတစ်ကြိမ်မှာတော့ ချဲလ်ဆီးနည်းပြ လမ်းပတ်ဟာအသင်းကို ပေါင် သန်း ၂၀၀လောက်သုံးစွဲပြီး အဆင့်မြှင့်တင် တည်ဆောက်ထားတာဖြစ်လို့ အာဆင်နယ်အတွက် မလွယ်ရေးချ မလွယ်မှာ ရှိနေပါတယ်။
အာဆင်နယ်အသင်းအနေနဲ့ နောက်တစ်ပတ်ကို မကြည့်သေးပဲ ယနေ့ညမှာ အနိုင်မကစားနိုင်ပဲ မနက်ဖြန်မှာ ဘန်လေက လိဒ်ကို အနိုင်ရပါက အဆင့် ၁၆ကို ထပ်မံ ဆင်းသက်ပေးရဖို့ ရှိနေပါတယ်။