၂၀၀၉ ခုနှစ်မှာ ရော်နယ်ဒိုက လာလီဂါကို ရောက်ရှိနေခဲ့ပြီဖြစ်လို့ ၁၁ နှစ်အတွင်းမှာ ဒီလိုမှတ်တမ်းရရှိအောင် ပရီးမီးယားလိဂ်မှာကစားနေခဲ့တဲ့ ပေါ်တူဂီကစားသမားတွေ မစွမ်းဆောင်နိုင်ခဲ့ပါဘူး။
လက်စတာနဲ့ နှစ်ဂိုးစီသရေကျခဲ့တဲ့ပွဲမှာ ယူနိုက်တက်အတွက် တစ်ဂိုးသွင်းယူပေးခဲ့ပြီးနောက် ဘရူနိုဖာနန်ဒက်စ်ရဲ့ ဒီရာသီပရီးမီးယားလိဂ်သွင်းဂိုးဟာ ၁၀ ဂိုးအထိရှိသွားခဲ့ပြီဖြစ်ပါတယ်။ ပွဲချိန် ၇၉ မိနစ်မှာ ဖာနန်ဒက်စ်က ကာဗာနီရဲ့ ဖန်တီးပေးမှုကနေ အဆုံးသတ်ခဲ့တာဖြစ်ပြီး အဆိုပါသွင်းဂိုးက သူ့ကို မှတ်တမ်းကောင်းတစ်ခု ပိုင်ဆိုင်စေခဲ့ပါတယ်။
အသက် ၂၆ နှစ်အရွယ် ပေါ်တူဂီကွင်းလယ်လူဟာ ယူနိုက်တက်ကို ရောက်ရှိချိန်ကနေ လက်ရှိအချိန်ထိ ဂိုးပေါင်း ၃၁ ဂိုးအထိ ပါဝင်ပတ်သက်ထားပြီးဖြစ်ပါတယ်။ ဒါ့အပြင် ၂၀၂၀ ခုနှစ်အတွင်း ပရီးမီးယားလိဂ်မှာ အဝေးကွင်းသွင်းဂိုးအများဆုံးရရှိထားပြီး ၁၁ ဂိုးအထိ သွင်းယူထားကာ ဖန်တိးမှုကလည်း အများဆုံးဖြစ်နေပြီး ၅ ကြိမ်ဖန်တီးပေးထားခဲ့လို့ ဖာနန်ဒက်စ်ရဲ့ တောက်ပမှုတွေက သူ့ကို ဝယ်ယူခဲ့တာ မှန်ကန်ခဲ့တယ်လို့ သက်သေပြနေခဲ့ပါတယ်။
ပရီးမီးယားလိဂ်မှာ သွင်းဂိုး ၃၁ ဂိုးပါဝင်ပတ်သက်ခဲ့ရာမှာ ကိုယ်တိုင်ဂိုးသွင်းယူမှုက ၁၈ ဂိုးရှိပြီး ဖန်တီးမှုက ၁၃ ကြိမ်အထိ ရှိနေခဲ့တာပါ။ ဒီအတွက်ကြောင့် လက်ရှိမှာ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးကွင်းလယ်လူတွေကို ရွေးချယ်မယ်ဆိုရင် ဖာနန်ဒက်စ်က ထိပ်ဆုံးကနေ ရွေးချယ်ခံရမယ့် ကစားသမားတစ်ဦးအဖြစ် ရှိနေခဲ့ပါပြီ။ ပရီးမီးယားလိဂ်သမိုင်းမှာလည်း စတင်ကစားပေးချိန်ကစပြီး နှစ်တစ်နှစ်အတွင်းမှာ သွင်းဂိုး နဲ့ ဖန်တီးမှု ၁၂+အထက် ရရှိတဲ့ ပထမဆုံးကစားသမားအဖြစ်နဲ့လည်း မှတ်တမ်းဝင်ခဲ့ပြီလို့ သိရပါတယ်။