အမှတ်တရတွေကတော့ အများကြီးပါပဲ။

ထက်ထက်မိုးဦးကတော့ သူမရဲ့ ဘဝမှာ ပညာမတတ်လို့ မျက်နှာငယ်စရာ အမှတ်တရတွေ ကြုံခဲ့ရတဲ့အကြောင်းကို အခုလို ပြောပြထားပါတယ်။ 

Photo: Htet Htet Moe Oo



ထက်ထက်မိုးဦးကတော့ လက်ရှိမှာ လူမှုကွန်ယက်စာမျက်နှာပေါ်ကနေတဆင့် Live Sale တွေ လုပ်ရင်း အောင်မြင်နေတာ တွေ့ရပါတယ်။ ဒါပေမယ့် ဒီလို Facebook ဆိုတာကို မသိ နားမလည်ခဲ့လို့ မျက်နှာငယ်ခဲ့ရတာတွေရှိတယ်လို့ သူက ဆိုပါတယ်။ 

" ဘဝမှာ ပညာမတတ်ခဲ့တာက မျက်နှာငယ် အားငယ်ခဲ့ရတာတွေ အမှတ်ရစရာတွေအများကြီးပဲ။ဥပမာ စာမတတ်လို့ Facebook ဆိုတာ ကြားသာ ကြားခဲ့ရပြီး မသုံးတတ်ခဲ့ရဘူး။ သူများပြောတာ ကြည့်တာပဲ နားထောင်ခဲ့ရတယ်။သုံးဖို့လည်း အကြိမ်ကြိမ်ကြိုးစားခဲ့တယ်။ မအောင်မြင်ခဲ့တာလည်း အကြိမ်ကြိမ်ပါပဲ။အားလုံးကူညီပေးမှုတွေနဲ့ ထက် Facebook သုံးတတ်ခဲ့တာ ဒီသီတင်းကျွတ်က ၁ နှစ်ပြည့်တယ်ဆိုတော့ ခုဆို ၁ နှစ်ကျော်သွားပြီပေါ့နော်။အားလုံးရဲ့ ချစ်ခင်ဖေးမမှုတွေနဲ့ ထက်အလုပ်တွေ ကြိုးစားနေရပါတယ်။ ချစ်ရသူတွေရဲ့ ကျေးဇူးတွေကို ဘယ်တော့မှမမေ့ပါဘူး ထက်အမြဲ ချစ်ရသူတွေအတွက် အမြဲကြိုးစားနေပါ့မယ်" ဆိုပြီးတော့ ဒီဇင်ဘာလ ၂၆ ရက်နေ့ ညနေပိုင်းက သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့တာပါ။ 

Photo: Htet Htet Moe Oo

ကြော်ငြာဘုရင်မအဖြစ် တစ်ခေတ်တစ်ခါက အရမ်းအောင်မြင်ခဲ့တဲ့ သရုပ်ဆောင် ထက်ထက်မိုးဦးဟာ ယခုလို ကိုဗစ်ကာလမှာ ရတနာပစ္စည်းတွေအပါအဝင် ဇိမ်ခံပစ္စည်းအချို့ကို အွန်လိုင်းကနေ Live လွှင့်ပြီး ကူညီရောင်းချပေးတာဖြစ်ပါတယ်။ သူမရဲ့ Live တွေမှာ ဝယ်ယူသူတွေအပြင် သူမကိုချစ်ခင်တဲ့ ပရိသတ်တွေနဲ့ အမြဲတမ်း စည်ကားနေလေ့ရှိပါတယ်။ထက်ထက်မိုးဦးဟာ လွန်ခဲ့တဲ့ ဆယ်စုနှစ် နှစ်ခုကျော်က ကြော်ငြာလောကမှာ အအောင်မြင်ဆုံးသူဖြစ်ခဲ့ပြီး ကလေးရော၊ လူကြီးပါ မကျန် အားပေးမှုကို ရခဲ့သူဖြစ်ပါတယ်။ သူမ ရိုက်ကူးခဲ့တဲ့ ကြော်ငြာတွေက ထောင်ချီရှိနေခဲ့တယ်လို့သိရပြီး ရုပ်ရှင်လောကမှာလည်း သူမဟာ ပရိသတ်အားပေးမှုများစွာရရှိခဲ့တဲ့အပြင် အကယ်ဒမီဆုတွေ ဆွတ်ခူးရရှိခဲ့သူဖြစ်ပါတယ်။

Photo: Htet Htet Moe Oo

အဲဒီနောက် ၁၉၉၁ ခုနှစ်က အနုပညာလောကထဲကို ပထမဆုံးအကြိမ် စတင်ဝင်ရောက်လာခဲ့ပြီး ၁၉၉၆ ခုနှစ်မှာတော့ ပန်းသခင် ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကောင်းဆုံးအမျိုးသမီး ဇာတ်ဆောင်ဆုကို ပထမဆုံးအကြိမ် ရရှိခဲ့ပါတယ်။ နောက်ထပ်လည်း ‘’ သမီးမိုက်’’ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ဒုတိယအကြိမ်မြောက် အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုကိုရရှိခဲ့ သူ ဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က