အဆိုတော် အောင်ရင်တို့ ဇနီးမောင်နှံကတော့ အင်္ဂလန်မှာနေထိုင်တာဖြစ်ပြီး ကိုဗစ်ရောဂါ ကူးစက်ခံထားရတယ်လို့ အောင်ရင်က ပြောပါတယ်။
Photo: Aung Yin
အဆိုတော် အောင်ရင်ကတော့ ဒုတိယအကြိမ် ကိုဗစ်ဖြစ်နေတယ်လို့ သိရပါတယ်။ ဒီတစ်ခါမှာတော့ သူ့ရဲ့ ဇနီးလည်း ကူးစက်ခံလိုက်ရပါပြီတဲ့။ အခုချိန်မှာတော့ ဇနီးမောင်နှံ နှစ်ယောက်စလုံးဟာ အင်္ဂလန်နိုင်ငံမှာ နေထိုင်ရင်း ကွာရန်တင်း ဝင်နေတာ (၂) ပတ်ကြာပြီလို့ သိရပါတယ်။ လက်ရှိ ကျန်းမာရေး အခြေအနေကိုလည်း အောင်ရင်က အခုလို ပြောပြထားပါတယ်။
" Covid positive ဖြစ်ပြီး ၂ ပါတ်အကြာမှာ ကျွန်တော်နဲ့ဒေါ်မိုးလည်း ကံကောင်းထောက်မစွာ ဆေးရုံမရောက် အသက်မပျောက်ပဲ ပြန်သက်သာလာပါတယ်ခင်ဗျာ။အိုခြင်း၊ နာခြင်း၊ သေခြင်း၊ တရားများရဲ့ နီးကပ်မှုကိုပိုမြင်လာရပါတယ်။ Covid ဖြစ်တဲ့ တောက်လျှောက်မှာ စိတ်ဓါတ်ကိုခိုင်မာအောင် အားတင်းထားပါတယ်၊ ဒီလို နေမကောင်းတဲ့အတောအတွင်းမှာ စိတ်ခွန်အားဖြစ်စေအောင် ဆေးတွေ စားစရာတွေ မေတ္တာများစွာနဲ့ လိုလေသေးမရှိ ချက်ပြုတ် ဝယ်ခြမ်းပြီး အိမ်တိုင်ရာရောက် လာပို့ပေးကြတဲ့ ဘိလပ်ကမိတ်ဆွေ သူငယ်ချင်းတွေအားလုံးကို တကယ် အသိအမှတ်ပြုပြီး ကျေးဇူးတင်နေရပါတယ်" ဆိုပြီးတော့ ဒီဇင်ဘာလ (၂၈) ရက်နေ့ မနက် ၈ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့ပါတယ်။
Photo: Aung Yin
အောင်ရင်ကတော့ အပြင်းဖျားခြင်း၊ ချောင်းဆိုး၊ ရင်ဘတ်အောင့်၊ ခေါင်းမူး၊ အားနည်းခြင်းနဲ့ မောပန်းတဲ့ လက္ခဏာတွေ ကြုံခဲ့ရတာကြောင့် ကိုဗစ်ရောဂါကို ရှိမရှိကို ဒီဇင်ဘာလ (၁၅) ရက်နေ့က ဆေးစစ်ခဲ့ပြီး ဇနီးဖြစ်သူကတော့ ဒီဇင်ဘာလ (၁၇) ရက်နေ့မှာ ဆေးစစ်ချက်ယူခဲ့တယ်လို့ သိရပါတယ်။ ဇနီးမောင်နှံ နှစ်ယောက် စလုံးရဲ့ ဆေးစစ်ချက်အဖြေကတော့ စိတ်မကောင်းစွာနဲ့ Covid Positive အဖြေထွက်လာခဲ့တာလို့ အောင်ရင်ရဲ့ ဖေ့စ်ဘွတ် စာမျက်နှာမှာ ရေးသားခဲ့တာပါ။ အောင်ရင်ဟာ ၂၀၂၀ ခုနှစ် မတ်လ (၂၃) ရက်နေ့တုန်းကလည်း ပထမဆုံးအကြိမ် ကိုဗစ် ကူးစက်ခံထားရဖူးသူ ဖြစ်ပါတယ်။ အဲဒီအချိန်တုန်းကတော့ သူတစ်ယောက်တည်း Covid Positive ဖြစ်ပြီး (၁၄) ရက်အကြာ ကွာရန်တင်း ဝင်ခဲ့ရတယ်လို့ သိရပါတယ်။
Photo: Aung Yin
အောင်ရင်ကတော့ ဂီတလောကမှာ အောင်မြင်နေတဲ့ ဝါရင့်အဆိုတော်ကြီးတစ်ယောက်ဖြစ်ပါတယ်။ တစ်ကိုယ်တိုင် အခွေတွေလည်း အများကြီးထွက်ခဲ့ဖူးသလို သူ့ရဲ့ ကိုယ်ပိုင်သီချင်းတစ်ပုဒ်ချင်းစီတိုင်းကလည်း အောင်မြင်ခဲ့တာတွေအများကြီးပါ။ အခုလက်ရှိမှာတေော့ အမေရိက မှာ အခြေချနေထိုင်နေတာ တွေ့ရပါတယ်။ သူ့ရဲ့ အနုပညာမျိုးဆက်တစ်ဦးဖြစ်တဲ့ မိုးအောင်ရင်ကတော့ ဂီတအပိုင်းကို ဝါသနာနည်းပေမယ့် သရုပ်ဆောင်ဘက်ကိုတော့ တစိုက်မတ်မတ် ဆောင်ရွက်နေတာ တွေ့ရပါတယ်။