ရက်ရွှေ့ဆိုင်းလိုက်တာ ဖြစ်ပါတယ်။

နှင်းဆီအဖွဲ့သားတွေဖြစ်တဲ့ နေတိုး၊ ကျော်ကျော်ဗိုလ်၊ မင်းမော်ကွန်း၊ ထွန်းထွန်း၊ ရဲလေး တို့ရဲ့ အငြိမ့် ဖျော်ဖြေရေးကိုတော့ ဇန်နဝါရီလ (၃) ရက်နေ့မှာ ပရိသတ်တွေ အားပေးခွင့်ရတော့မယ်လို့ သိရပါတယ်။ 

photo: Tun Tun



နှင်းဆီ အဖွဲ့သားတွေကို ချစ်ခင်အားပေးတဲ့ ပရိသတ်တွေကတော့ ဇန်နဝါရီလ (၃) ရက်နေ့ မှာ NEW NORMAL ROSES ဆိုတဲ့ အငြိမ့်ခေါင်းစဉ်နဲ့  နေတိုး၊ ကျော်ကျော်ဗိုလ်၊ မင်းမော်ကွန်း၊ ထွန်းထွန်း၊ ရဲလေး တို့ရဲ့ ဟာသပြက်လုံးတွေကို အားပေးကြည့်ရှုရတော့မယ့် သတင်းကောင်းကို ထွန်းထွန်းက ပြောပြလာပါတယ်။ 

" နှင်းဆီချစ်ပရိသတ်များ အားလုံးမင်္ဂလာပါခင်ဗျာ။ NEW NORMAL ROSES ပွဲကို စိတ်ရှည်ရှည်နဲ့ မေတ္တာထားပြီး စောင့်ပေးနေကြတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်။ အခု အသိပေးကြေညာ ချင်တာကတော့ NEW NORMAL ROSES ပွဲကို ၂၀၂၁ နှစ်သစ်၊ ဇန်နဝါရီလ ၃ ရက်နေ့ ည ၇ နာရီ တိတိမှာ ကျင်းပတော့မှာ ဖြစ်ပါတယ်။" ဆိုပြီးတော့ ထွန်းထွန်းရဲ့ Facebook Page မှာ ဒီဇင်ဘာလ (၂၇) ရက်နေ့ ည (၉) နာရီကျော်က ရေးသားခဲ့တာဖြစ်ပါတယ်။ 

photo: Tun Tun

NEW NORMAL ROSES ပွဲကိုတော့ ဒီဇင်ဘာလ (၂၄) ရက်နေ့မှာ ကျင်းပသွားဖို့ စီစဉ်ထားပေမယ့် ပွဲ ကျင်းပမယ့် ဖေ့စ်ဘွတ်သီးသန့်အဖွဲ့ထဲကို ဝင်ရောက်လာတဲ့ ပရိသတ်တွေဟာ များပြားလွန်းလှတာကြောင့် သေသေချာချာ စိစစ်နိုင်ဖို့ အချိန်လိုအပ်နေတာကြောင့် ပွဲကို ရက်အနည်းငယ် ရွှေ့ပြောင်းလိုက်တာလို့ သိရပါတယ်။ NEW NORMAL ROSES ဆိုပြီးတော့ နှင်းဆီအဖွဲ့သားတွေရဲ့ ဖျော်ဖြေရေးကို အားပေးချင်ကြတဲ့ ပရိသတ်တွေ အနေနဲ့ အဖွဲ့ဝင်ကြေး ၅၀၀၀ ပေးသွင်းရမှာပါ။ MAB Mobile Banking : 079 0131 07900 3879 010 (Htoo Nwe Eain) ၊ MAB Pay Number : 09 795343516 ၊ CB Account : 0010 6008 0000 5231 ( Padamyar K Khine) ၊ CB Pay Mobile Number : 095146509၊ KBZ Account : 02730 10270 1807 801(Htoo Nwe Eain) ၊ K Pay Mobile Number : 09795343516၊ AYA Account : 022 320 10100 39495 (U Swan Maung Hlyan) ၊ AYA Pay Mobile Number : 09252990926 ၊ ပြည်ပမှ ပရိသတ်များ ဝယ်ယူအားပေးမည် ဆိုပါက RIA MONEY TRANSFER Account : 3571083073472481 နဲ့ Wave Money Number - 09 7777 32045 တို့ကနေ တဆင့် Payment များကို ထည့်သွင်းနိုင်တယ်လို့ သိရပါတယ်။ ပေးသွင်းပြီးသား ပြေစာကိုလည်း Screenshot ယူထားပြီး Stay At Home Entertainment ရဲ့ Facebook Page Messenger ကနေ တဆင့် ပေးပို့ရမှာဖြစ်ပါတယ်။ 

photo: Tun Tun

နှင်းဆီအဖွဲ့ ရဲ့ Private Closed group လေးထဲကိုတော့ တစ်ကမ္ဘာလုံးမှာရှိတဲ့ မြန်မာပရိသတ်တွေ အားလုံး ကြည့်ရှုခံစားလို့ရမယ့် အခွင့်အရေး တစ်ခုဖြစ်တယ်လို့လည်း ကျော်ကျော်ဗိုလ်ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ဖူးပါတယ်။ ဒီဇင်ဘာလ ရဲ့ ညလေး တစ်ညမှာ ဖျော်ဖြေပွဲ လုပ်သွားမယ့် နှင်းဆီအဖွဲ့သားတွေ အတွက် ပရိသတ်တွေကလည်း Comment ကနေ တဆင့် အားပေးကြမယ့် အကြောင်းတွေ ပြောခဲ့ကြ ပါသေးတယ်။  

နှင်းဆီအဖွဲ့သားတွေထဲမှာတော့ သရုပ်ဆောင် နေတိုး၊ ကျော်ကျော်ဗိုလ်၊ မင်းမော်ကွန်း၊ ထွန်းထွန်း၊ ရဲလေး တို့ ပါဝင်တာ တွေ့ရပါတယ်။ နှင်းဆီဖောင်ဒေးရှင်းတစ်ခုအဖြစ် ဒါရိုက်တာ မောင်မျိုးမင်း(ရင်တွင်းဖြစ်)ကထူထောင်ခဲ့တာဖြစ်ပြီး ညီညီညွှတ်ညွှတ်နဲ့ အလှူအတန်းတွေလည်း မကြာခဏ ဆောင်ရွက်လေ့ရှိပါတယ်။ နှင်းဆီအဖွဲ့သားတွေအနေနဲ့ တကယ်ကို အခက်အခဲ ကျရောက်နေတဲ့ ဒေသတွေမှာ ကျောင်းဆောက်၊ ဘုရားတည် စတဲ့ အလှူအတန်းတွေ လုပ်ခဲ့တာကိုလည်း တွေ့ရပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က