ကာဗာနီကတော့ ယူနိုက်တက်နဲ့ ပွဲထွက် ကစားခွင့် တစ်ကြိမ်သာရထားပေမယ့် စုစုပေါင်းကစားခွင့်ရထားတဲ့ ၈ ကြိမ်မှာ ၃ဂိုးထိသွင်းယူပေးထားနိုင်ပါတယ်။
မန်ချက်စတာယူနိုက်တက်အသင်းဟာ အသင်းရဲ့ တိုက်စစ်မှူး ကာဗာနီကို စာချုပ်သက်တမ်းတိုးဖို့ ပြင်ဆင်နေတဲ့ အကြောင်းနည်းပြချုပ် အိုလီဂန်နာ ဆိုးလ်ရှားက ထုတ်ဖော်ပြောလာပါတယ်။
အသက် ၃၃နှစ်အရွယ် ဥရုဂွေး တိုက်စစ်မှူးဟာ ပြီးခဲ့တဲ့ အောက်တိုဘာလကမှ ယူနိုက်တက်အသင်းနဲ့ တစ်နှစ် သက်တမ်းတိုး စာချုပ်တစ်ရပ်ကို ချုပ်ဆိုထားသူပါ။
အသင်းနှင့်အတူ ပွဲထွက်ခွင့် တစ်ပွဲသာ ရထားပေမယ့် သွင်းဂိုးကတော့ ၃ဂိုးထိ သွင်းယူထားနိုင်သလို ၈ပွဲထိလည်း ပါဝင်ကစားပေးထားနိုင်ပါပြီ။
အနီးစပ်ဆုံးအနေနဲ့ ပြီးခဲ့တဲ့ လက်စတာအသင်းနဲ့ သရေကျခဲ့ပွဲမှာ အရံခုံမှ ထလာပြီး ကွင်းလယ်လူ ဖာနန်ဒက်စ် ဂိုး သွင်းနိုင်အောင် ဖန်တီးပေးနိုင်ခဲ့ပါတယ်။
“အခြား ကိစ္စထွေထွေထူးထူးမပြောချင်ပေမယ့် အက်ဒီဆင်အနေနဲ့ ယူနိုက်တက်မှာ စာချုပ်သက်တမ်း လအနည်း ငယ်ကျန်ရှိနေပါသေးတယ်၊ဒါကြောင့် အသင်းဖက်ကနေ စာချုပ်သက်တမ်းတိုးဖို့အတွက်လည်း စောင့်ကြည့်ပြင် ဆင်နေပါတယ်။”လို့ ဆိုးလ်ရှားကဆိုပါတယ်။
ဒါ့အပြင် အရံကစားသမားအဖြစ်သာ အသုံးပြုနေခြင်းနဲ့ ပတ်သက်ပြီးတော့လည်း - “ပွဲထွက် ကစားခွင့်ရမယ့် ကစား သမားဆိုတာ အသေအချာပါပဲ။ကစားသမားတွေရဲ့ အရည်အသွေးကိုတော့ အခြားအရာတွေနဲ့ မတိုင်းတာ ပါနဲ့။သူမထင်ထားသလောက်ကို အသင်းအတွက် သူပွဲထွက်ကစားပေးလာနိုင်မှာပါ။”လို့ ဆိုးလ်ရှားက ဆက်လက် ဆိုပါတယ်။
ကာဗာနီကတော့ ယူနိုက်တက်ကို ရောက်ရောက်ခြင်းအသင်းနဲ့ပူးပေါင်းနိုင်ခြင်း မရှိပဲ တစ်ဦးတည်း သီးသန့် နေထိုင်ခဲ့ရသူပါ။