အိမ်ကွင်းမှာ ဂီရော့ဒ်ရဲ့ သွင်းဂိုးနဲ့ ချယ်လ်ဆီးတို့ ဦးဆောင်နိုင်ခဲ့ပေမယ့် ဒုတိယပိုင်းမှာ အယ်လ်ဂါဇီက ဗီလာအတွက် ချေပဂိုးသွင်းခဲ့ကာ အိမ်အပြန်သရေတစ်မှတ်ရယူခဲ့ပါတယ်။
ဗီလာကို အိမ်ကွင်းမှာသရေကျခဲ့ပြီးနောက် ချယ်လ်ဆိးနည်းပြလမ်းပတ်က သူ့ရဲ့ကစားသမားတွေကို ဒီထက်ပိုပြီးကြိုးစားအားထုတ်ပေးဖို့ တောင်းဆိုစရာမရှိ်တော့ဘူးလို့ ပြောဆိုလိုက်ပါတယ်။ သူ့ကစားသမားတွေအနေနဲ့ ဗီလာနဲ့ပွဲမှာ အကောင်းဆုံးကြိုးစားခဲ့ကြပြီး စိတ်ဓာတ်ပိုင်းအရလည်း ပြင်းပြင်းထန်ထန်နဲ့ ကစားပေးခဲ့့ကြတယ်လို့ လမ်းပတ်က ပွဲအပြိးမှာ ပြောဆိုခဲ့ပါတယ်။
လမ်းပတ်ဟာ ပြီးခဲ့တဲ့တစ်ပတ်က အာဆင်နယ်ကိုအရေးနိမ့်ခဲ့တဲ့ပွဲမှာ အသင်းသားတွေကို ကြိမ်းမောင်းမှုတွေပြုလုပ်ခဲ့ပါတယ်။ ဒါပေမယ့် အိမ်ကွင်းမှာ ဗီလာကိုသရေကျခဲ့အပြီးမှာတော့ အပြစ်တင်စကားမဆိုခဲ့ဘဲ အားလုံးကြိုးစားခဲ့တယ်လို့ ချီးကျူးခဲ့တာပါ။ အိမ်ကွင်းမှာ ဂီရော့ဒ်ရဲ့ သွင်းဂိုးနဲ့ ချယ်လ်ဆီးတို့ ဦးဆောင်နိုင်ခဲ့ပေမယ့် ဒုတိယပိုင်းမှာ အယ်လ်ဂါဇီက ဗီလာအတွက် ချေပဂိုးသွင်းခဲ့ကာ အိမ်အပြန်သရေတစ်မှတ်ရယူခဲ့ပါတယ်။
"ဒီပွဲမှာ ကျွန်တော်တို့စွမ်းဆောင်ရည်ကောင်းမွန်ခဲ့ပါတယ်၊ ပွဲကိုကောင်းကောင်းစတင်နိုင်ခဲ့ပြီး ပထမပိုင်းမှာ အသင်းက အရမ်းကိုသန်မာနေခဲ့သလို ရခဲ့တဲ့ဂိုးကလည်း အမှန်တကယ်ကိုထိုက်တန်တဲ့ သွင်းဂိုးပါ၊ ဒုတိယပိုင်းမှာ ကစားသမားတစ်ဦးလဲကျနေမှုနဲ့အတူ ဂိုးပြန်ပေးခဲ့ရပါတယ်၊ ပွဲကိုပြန်ပြီးတွန်းတင်ဖို့ ကြိုးစားခဲ့ပေမယ့် သူတို့ခံစစ်ကို မဖြိုခွင်းနိုင်ခဲ့တော့ပါဘူး"
ချယ်လ်ဆီးကတော့ နောက်ဆုံးငါးပွဲမှာ နိုင်ပွဲတစ်ပွဲတည်းသာရှိခဲ့ပြီး ၃ပွဲအထိ အရေးနိမ့်ခဲ့ကာ တစ်ပွဲသရေကျခဲ့ပါတယ်။ ရလဒ်ကောင်းတွေဆက်တိုက်ရရှိနေပြီး တည်ငြိမ်မှုရှိနေပြီလို့ ယူဆရတဲ့အချိန်မှာမှ ဆက်တိုက်ဆိုသလို ရလဒ်တွေကျဆင်းခဲ့ကာ လမ်းပတ်လည်း ဖိအားတွေနဲ့ ရုန်းကန်နေရပြီဖြစ်ပါတယ်။