မနေ့က ကစားရမယ့် အဲဗာတန်နဲ့ မန်စီးတီးတို့ရဲ့ပွဲဟာ မန်စီးတီးအသင်းတွင်း ဗိုင်းရပ်စ်ကူးစက်မှုတွေ မြင့်မားလာခဲ့တာကြောင့် ရွှေ့ဆိုင်းခဲ့ရပြီး လာပေါ့တ်က ချက်ချင်းဆိုသလိုပဲ မေတ္တာရပ်ခံခဲ့တာဖြစ်ပါတယ်။
မန်စီးတီးအသင်းရဲ့နောက်ခံလူလာပေါ့တ်က သူ့ရဲ့လူမှုကွန်ရက်ကတဆင့် လူသားတွေအနေနဲ့ ကိုရိုနာဗိုင်းရပ်စ်ကာလအတွင်းမှာ စည်းကမ်းတွေကို လိုက်နာပေးကြဖို့အတွက် တောင်းဆိုမှုပြုလုပ်သွားခဲ့ပါတယ်။ မနေ့က ကစားရမယ့် အဲဗာတန်နဲ့ မန်စီးတီးတို့ရဲ့ပွဲဟာ မန်စီးတီးအသင်းတွင်း ဗိုင်းရပ်စ်ကူးစက်မှုတွေ မြင့်မားလာခဲ့တာကြောင့် ရွှေ့ဆိုင်းခဲ့ရပြီး လာပေါ့တ်က ချက်ချင်းဆိုသလိုပဲ မေတ္တာရပ်ခံခဲ့တာဖြစ်ပါတယ်။
မန်စီးတီးအသင်းတာဝန်ရှိသူတွေကတော့ အာဆင်နယ်နဲ့ကစားခဲ့တဲ့ ကာရာဘောင်းဖလားကွာတားဖိုင်နယ်ပွဲအတွက် လန်ဒန်က ဟိုတယ်မှာ အသင်းတည်းခိုခဲ့စဉ်က အခုလိုကူးစက်ခံခဲ့ရတာဖြစ်မယ်လို့ ယူဆနေကြကြောင်းသိရပါတယ်။ အဆိုပါပွဲအပြီးမှာမှ ဝေါ်ကာနဲ့ ဂျီးဆပ်တို့ ကူးစက်ခံထားရကြောင်း စစ်ဆေးတွေ့ရှိခဲ့ရတာဖြစ်ပြီး အခုအခါမှာ နောက်ထပ် ၃ဦးအထိကို ထပ်မံကူးစက်ခဲ့ပြီဖြစ်ပါတယ်။
ဗြိတိန်မှာတော့ ဗီဇပြောင်းဗိုင်းရပ်စ်အမျိုးအစားသစ်ကို တွေ့ရှိနေခဲ့ပြီး အရင်တွေ့ကြုံနေရတဲ့ ဗိုင်းရပ်စ်ထက် ကူးစက်မှု အဆ ၇၀ ထိ မြန်ဆန်တယ်လို့ သုတေသီတွေက ပြောဆိုခဲ့ပါတယ်။ ဒီအတွက်ကြောင့် မန်စီးတီးအသင်းတွင်း ကူးစက်ခံနေရမှုဟာ စိုးရိမ်ဖွယ်ရာကောင်းနေပြီး ပရီးမီးယားလိဂ်ပြိုင်ပွဲကြီးတစ်ခုလုံးကိုပါ ပွဲစဉ်တွေကို ရပ်ဆိုင်းရနိုင်တဲ့ အနေအထားမျိုးအထိကို ကြုံတွေ့လာရနိုင်ပါတယ်။