ဖာနန်ဒက်စ်ကြောင့် ယူနိုက်တက်တိုးတက်လာတယ်လို့ ယုံကြည်နေတာပါ။

ဘောက်ဆင်ဒေးပွဲအဖြစ် လက်စတာနဲ့ကစားခဲ့တဲ့ပွဲမှာ ဖာနန်ဒက်စ်က အသင်းအတွက် တစ်ဂိုးသွင်းကာ တစ်ဂိုးဖန်တီးပေးခဲ့ပြီးနောက် ယူနိုက်တက်ကို ရောက်ရှိချိန်ကစလို့ ပြိုင်ပွဲစုံ ၄၄ ပွဲမှာ ၂၆ ဂိုးသွင်းယူကာ ၁၆ ကြိမ်ဖန်တီးပေးထားနိုင်ခဲ့ပြီဖြစ်ပါတယ်။


မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ကွင်းလယ်ကစားသမားဟောင်း ပေါလ်စခိုးက ဘရူနိုဖာနန်ဒက်စ်ဟာ သူ့ထက်ပိုမိုကောင်းမွန်တဲ့ ကစားသမားဖြစ်တယ်လို့ ချီးကျူးလိုက်ပါတယ်။ ပေါ်တူဂီကွင်းလယ်လူရဲ့ အသင်းအပေါ် အကျိုးပြုမှုဟာ မယုံကြည်နိုင်ဖွယ်ရာကောင်းလောက်အောင်ရှိနေခဲ့ပြီး အရည်အသွေးပိုင်းကလည်း သူ့ထက်ပိုမိုသာလွန်တယ်လို့ စခိုးလ်က နှစ်လိုလက်ရချီးကျူးခဲ့တာဖြစ်ပါတယ်။ 



ဘောက်ဆင်ဒေးပွဲအဖြစ် လက်စတာနဲ့ကစားခဲ့တဲ့ပွဲမှာ ဖာနန်ဒက်စ်က အသင်းအတွက် တစ်ဂိုးသွင်းကာ တစ်ဂိုးဖန်တီးပေးခဲ့ပြီးနောက် ယူနိုက်တက်ကို ရောက်ရှိချိန်ကစလို့ ပြိုင်ပွဲစုံ ၄၄ ပွဲမှာ ၂၆ ဂိုးသွင်းယူကာ ၁၆ ကြိမ်ဖန်တီးပေးထားနိုင်ခဲ့ပြီဖြစ်ပါတယ်။ သူ့ရဲ့ခြေစွမ်းပြမှုတွေနဲ့အတူ ယူနိုက်တက်ဟာ ပြီးခဲ့တဲ့ရာသီရဲ့ ရာသီဝက်ကာလမှာ အံ့အားသင့်ဖွယ်ရာရလဒ်တွေရရှိခဲ့သလို ဒီရာသီမှာလည်း အဆင့် ၂နေရာမှာ ရပ်တည်နေပြီဖြစ်ပါတယ်။ 

United Tunnel Insider Show မှာ စခိုးလ်က "သူ လုပ်ပြခဲ့တာတွေက မယုံကြည်နိုုင်ဖွယ်ရာပါပဲ၊ တကယ်ပြောတာပါ၊ သူ အသင်းကိုစရောက်လာကတည်းက ယူနိုက်တက်က တိုးတက်လာခဲ့ပါတယ်၊ အခုဆိုလည်း လက်ကျန်တစ်ပွဲကို အနိုင်ကစားနိုင်မယ်ဆိုရင် အမှတ်ပေးဇယား ထိပ်ဆုံးကို ယူနိုက်တက်က ရောက်နိုင်တော့မှာပါ၊ လီဗာပူးလ်ထက် ရမှတ်အသာရသွားမှာပါ"

"ဒါက တကယ်ကိုထူးခြားပါတယ်၊ ဘာလို့လဲဆိုတော့ ရာသီအစကို သူတို့ ဆိုးဆိုးရွားရွားစတင်ခဲ့လို့ပါ၊ ကောင်းပြီ၊ ရာသီအစမှာ ရလဒ်ဆိုးခဲ့တယ်လို့ ထင်ခဲ့ရပေမယ့် အခုတော့ လမ်းကြောင်းမှန်ပေါ်ရောက်ပြီး ပိုကောင်းလာတယ်လို့ ကျွန်တော်ထင်ပါတယ်၊ ဖာနန်ဒက်စ်က ကျွန်တော့်ထက်ပိုပြီးကောင်းမွန်ပါတယ်၊ သူ့မှာ ကျွန်တော်နဲ့မတူညီတာတွေရှိပါတယ်၊ သူက ဂိုးပိုသွင်းနိုင်သလို ပိုပြီးတော့လည်း ဖန်တီးပေးနိုင်ပါတယ်"


"သူရောက်ခါစက ယူနိုက်တက်က အခွင့်အရေးရဖို့ ခက်ခက်ခဲခဲရုန်းကန်နေရပြီး အခုဆိုရင် သူတို့က တစ်ပွဲကို သုံးဂိုး၊ လေးဂိုး၊ ငါးဂိုးအထိ သွင်းယူနေနိုင်ပါပြီ" လို့ စခိုးက ပြောခဲ့ပါတယ်။ စခိုးလ်ကတော့ ယူနိုက်တက်အတွက် ၇၁၈ ပွဲကစားပေးခဲ့ပြီး ၁၅၅ ဂိုးအထိ သွင်းယူပေးနိုင်ခဲ့ကာ ၁၉ ရာသီကြာ အသင်းအတွက် ကစားပေးခဲ့တဲ့ ဂန္ထဝင်ကစားသမားကြီးဖြစ်ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က