နောက်ဆုံးဆေးစစ်ခဲ့မှုမှာ ၁၈ ဦးအထိ စံချိန်တင်တွေ့ရှိခဲ့ပါတယ်။

အသင်းအများစုက ကစားသမား ဒါမှမဟုတ် အသင်းဝန်ထမ်းတွေမှာ ကူးစက်မှုတွေရှိနေပြီး အသင်းတစ်သင်းချင်းစီရဲ့ အတွင်းပိုင်းမှာ နောက်ထပ်ကူးစက်မှုတွေ ဖြစ်ပေါ်လာဖွယ်ရှိတယ်လို့လည်း သိရပါတယ်။ 


ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရမှုမြင့်တက်လာပြီးတဲ့နောက် ပရီးမီးယားလိဂ်ကလပ်အသင်းတွေဟာ ဆွေးနွေးမှုတွေပြုလုပ်နေကြပြီး ပြိုင်ပွဲကို ၂ပတ်ကြာ ရပ်နားသွားဖို့ကို အဓိကထားပြောဆိုခဲ့ကြတယ်လို့ သိရပါတယ်။ ပရီးမီးယားလိဂ်အသင်းဥက္ကဌတွေကိုယ်တိုင် ပါဝင်ဆွေးနွေးနေကြတာဖြစ်ပြီး မန်စီးတီးအသင်းတွင်း ကူးစက်မှုတိုးပွားလာတဲ့အပေါ်မှာ စိုးရိမ်နေကြတာဖြစ်ပါတယ်။



မန်စီးတီးအသင်းမှာ ကိုင်လီဝေါ်ကာနဲ့ ဂျီးဆပ်တို့ ကူးစက်ပြီးနောက် နောက်ထပ် ၃ဦးအထိ ထပ်မံကူးစက်ခံခဲ့ရလို့ အဲဗာတန်နဲ့ ကစားရမယ့်ပွဲကို ရွှေ့ဆိုင်းခဲ့ရပါတယ်။ ဒါ့အပြင် စပါးနဲ့ကစားခဲ့တဲ့ ပွဲမတိုင်ခင်မှာလည်း ဖူလ်ဟမ်အသင်းဝန်ထမ်းတစ်ဦးမှာ ကူးစက်ခံထားရတယ်ဆိုတာကို တွေ့ရှိခဲ့ရပြီး နောက်ဆုံးထွက်ပေါ်လာတဲ့ သတင်းများအရ ဒီဇင်ဘာလ ၂၁ ရက်နေ့ကနေ ၂၇ ရက်အတွင်း စစ်ဆေးခဲ့တဲ့ ကစားသမားနဲ့ဝန်ထမ်း ၁၄၇၉ ဦးမှာ ၁၈ ဦးအထိ ကူးစက်ခံထားရကြောင်း တွေ့ရှိခဲ့ရတယ်လို့ ဆိုပါတယ်။ 

ဖူလ်ဟမ်အသင်းနည်းပြစကော့ပါကားကိုယ်တိုင်လည်း ကူးစက်ခံထားဂရလို့ အသင်းကိုတာဝန်မယူနိုင်ဘဲ လက်ထောက်ဖြစ်သူတွေနဲ့သာ တာဝန်လွှဲပေးထားခဲ့ရပြီး ကိုရိုနာဗိုင်းရပ်စ်က ပရီးမီးယားလိဂ်ကို တကျော့ပြန်ခြိမ်းခြောက်လာခဲ့တာဖြစ်ပါတယ်။ အသင်းအများစုက ကစားသမား ဒါမှမဟုတ် အသင်းဝန်ထမ်းတွေမှာ ကူးစက်မှုတွေရှိနေပြီး အသင်းတစ်သင်းချင်းစီရဲ့ အတွင်းပိုင်းမှာ နောက်ထပ်ကူးစက်မှုတွေ ဖြစ်ပေါ်လာဖွယ်ရှိတယ်လို့လည်း သိရပါတယ်။ 

ခရစ္စမတ်ကာလနဲ့ နှစ်သစ်ကူးကာလတွေမှာ ပွဲစဉ်တွေဆက်တိုက်ကစားပြီး ပရိသတ်တွေကို ဖျော်ဖြေမှုအပြည့်ပေးနေတဲ့ ပရီးမီးယားလိဂ်က ကိုရိုနာဗိုင်းရပ်စ်ကြောင့် ခေတ္တရပ်နားဖို့ကိုတောင် စဉ်းစားလာခဲ့ရပြီဖြစ်ပါတယ်။ ဥရောပရဲ့ ထိပ်တန်းလိဂ် ၅ ခုမှာ ကျန်လိဂ်အသီးသီးက ပြီးခဲ့တဲ့တစ်ပတ်တာကာလကို ရပ်နားထားခဲ့ပေမယ့် ပရီးမီးယားလိဂ်ကတော့ သူတို့ရဲ့ထုံးစံအတိုင်း အနားမယူဘဲ ဆက်လက်ကစားနေခဲ့တာဖြစ်ပါတယ်။ 

အခုတွေ့ရှိခဲ့ရတဲ့ ၁၈ ဦးအထိ ကူးစက်ခံရမှုဟာ ပြီးခဲ့့တဲ့ သြဂုတ်လကစတင်ပြီး တစ်ပတ်တစ်ခါ ဆေးစစ်မှုတွေ ပြုလုပ်ခဲ့တဲ့အထဲမှာ အများဆုံးတွေ့ရှိရတဲ့ ပမာဏလည်းဖြစ်လာခဲ့ပါတယ်။ ပရီးမီးယားလိဂ်မှာတင် ပွဲစဉ်တွေရွှေ့ဆိုင်းရတာမျိုးမဟုတ်ခဲ့ဘဲ EFL ပွဲစဉ်ပေါင်း ၉ ပွဲအထိဟာလည်း ဗိုင်းရပ်စ်ကူးစက်မှုတွေကြောင့် ရွှေ့ဆိုင်းခဲ့ရတယ်လို့ Telegraph က ဖော်ပြသွားခဲ့ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က