လိဒ်ကို အိမ်ကွင်းမှာ ၅-၀နဲ့ အရေးနိမ့်ပြီးနောက် ပြောလာတာပါ။

မိမိအသက် ၆၆နှစ်ရှိပြီဖြစ်ပြီး နောက်ဆုံးအနေနဲ့ ကိုဗစ်ကို ထိန်းချုပ်နိုင်တာ လိုချင်ကြောင်းနဲ့ အခုချိန်မှာ အဖြစ်သင့်ဆုံးက ကူးစက်မြန်ကိုဗစ်ကို ထိန်းချုပ်ဖို့ ပွဲတွေ ခဏရပ်နားသင့်တာပါပဲလို့ ဝက်စ်ဘရွန်းနည်းပြ ဆမ်အလာဒိုက်က ပြောခဲ့တာပါ။

မြင့်တက်လျက်ရှိနေတဲ့ ကိုဗစ် ကူးစက်ရောဂါကြောင့် ကျင်းပလျက်ရှိတဲ့ ပရီးမီးယားလိဂ်ပြိုင်ပွဲကို ခဏရပ်နားထား သင့်ကြောင်း ဝက်စ်ဘရွန်းအသင်းရဲ့ နည်းပြချုပ် ဆမ်အလာဒိုက်က တောင်းဆိုလာပါတယ်။



အင်္ဂါနေ့က စစ်ဆေးခဲ့တဲ့ ဆေးစစ်ချက်အဖြေအရ ပရီးမီးယားလိဂ် ကိုဗစ်ကူးစက်ခံရသူ ၁၈ဦးထိ ရှိနေခဲ့တယ်လို့ သိရပါတယ်။

ကူးစက်မြန်ရောဂါပိုးအသွင်ဆောင်လာတဲ့ ကိုဗစ်ဟာ ပရီးမီးယားလိဂ်ကို ခြိမ်းခြောက်နေပြီး ယနေ့ညမှာ ကစားမယ့် ဖူဟမ်နဲ့စပါးပွဲကိုလည်း အနှောက်အယှက်ပေးနေတာကြောင့် ပွဲဖျက်ရဖို့ နီးနေပါတယ်။

ရှေ့မှာလည်း အဲဗာတန်-မန်စီးတီးပွဲကစားဖို့ကီု မန်စီးတီး ကစားသမားတွေ ကိုဗစ်ကူးစက်ခံနေရမှုကြောင့် ဖျက်ခဲ့ရ ပါတယ်။

“ကျွန်တော့်ကိုယ် ကျွန်တော်နဲ့ ဘောလုံးအတွက် အခုချိန်မှာ အရမ်းသံသယရှိနေပါပြီ။”လို့ ဆမ်အလာဒိုက်က ပြော လာပါတယ်။

ရှက်ဖီးယူနိုက်တက်အသင်းကလည်း ပြီးခဲ့တဲ့အပတ် ဆေးစစ်မှုမှာ ပိုးတွေ့ရှိမှု အမြောက်အမြား ထွက်ပေါ်လာ တယ်လို့ သတင်းထုတ်ဖော်ထားပါသေးတယ်။

“အရေးပေါ် ရပ်နားမှု လိုအပ်နေပါပြီ၊ဒါဟာ ဒီအချိန်မှာ အလုပ်သင့်ဆုံး အလုပ်ပါပဲ၊ဘယ်အရာထက်မဆို ကျန်းမာ ရေးလုံခြုံဖို့က အဓိက ကျပါတယ်။”လို့ လိဒ်ကို အိမ်ကွင်းမှာ ၀-၅နဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲအပြီးမှာ ပြောခဲ့ပါတယ်။

“အခု ကျွန်တော်ကြားသိနေရတာက အရင်ရောဂါပိုးထက် အခုပိုးက ကူစက်မှုနှုန်းပိုမြန်တယ်လို့သိရပါတယ်။ ဒါကြောင့် ကျွန်တော်တို့ အလုပ်သင့်ဆုံးက အရေးပေါ် အနားပေးမှုပါပဲ။အခု ကျွန်တော့်အသက် ၆၆နှစ်ရှိပါပြီ၊ နောက်ဆုံး လုပ်ချင်တာကတော့ ကိုဗစ်ကို ထိန်းချုပ်ချင်နေတာပါပဲ။ဒါကြောင့် အနားခဏပေးတာက အလုပ်ဖြစ် မယ်ထင်ပါတယ်။ဒီလိုဖြစ်သွားရင်တော့ လိဂ်က နည်းနည်းတော့ ပိုကြာသွားနိုင်ပေမယ့် ဒါဟာ အကောင်းဆုံးလို့ ထင်ပါတယ်။”လို့ အလာဒိုက်က ဆက်လက်ဆိုပါတယ်။

အလာဒိုက်အနေနဲ့ကတော့ ဝက်စ်ဘရွန်းအသင်းကို တာဝန်ယူကိုင်တွယ်တာ ၃ပွဲရှိပြီ ဖြစ်ပြီး ၂ပွဲရှုံး တစ်ပွဲသရေကျ ထားပါတယ်။

ဝက်စ်ဘရွန်းအသင်းကတော့ ရှုံးပွဲတွေ ဆက်နေပြီး တန်းဆင်းဇုန်ထဲရောက်နေလို့ နည်းပြ ဘီလစ်ကို ထုတ်ပယ် ကာ အလာဒိုက်ကို ခန့်အပ်ခဲ့ပေမယ့် လက်ရှိအချိန်ထိ နိုင်ပွဲမရသေးပဲ ရမှတ် ၈မှတ်နဲ့ အဆင့် ၁၉မှာ ရပ်တည် နေရပါတယ်။

လက်ရှိ အင်္ဂလန်နိုင်ငံရဲ့ အခြေအနေမှာတော့ ‌‌ဆောက်သမ်တန်နည်းပြကလည်းမိသားစုဝင်တွေ ကိုဗစ်ဖြစ်သွားလို့ ဝက်စ်ဟမ်းနဲ့သရေကျခဲ့တဲ့ပွဲကို နေအိမ်မှတဆင့်သာ အွန်လိုင်းနဲ့ ကြီးကြပ်ခဲ့ရပြီး ချန်ပီယံရှစ် ပွဲတွေကိုလည်း ၇ပွဲ လောက် ပွဲရွှေ့ခဲ့ရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က