MPT သုံးစွဲသူ မိဘပြည်သူတွေအတွက် တစ်နေရာတည်းမှာ လိုအပ်ချက်တွေကို ပြည့်စုံစွာ ဖြည့်ဆည်းပေးနိုင်မယ့် ဝန်ဆောင်မှုတွေပိုမိုစုံလင်တဲ့ “စုံစုံလင်လင်” Pack မှာ နောက်ထပ်ခံစားခွင့်အသစ်အနေနဲ့ Instagram အား အချိန်နဲ့ဒေတာအကန့်အသတ်မရှိ စိတ်ကြိုက်အသုံးပြုခွင့်ကို MPT က ထပ်မံမိတ်ဆက်လိုက်ပါတယ်။ ဒီ “စုံစုံလင်လင်” Pack မှာတော့ Facebook, Mobile Legends, Viber, Instagram, JOOX တို့ကို အချိန်နဲ့ ဒေတာ အကန့်အသတ်မရှိ စိတ်ကြိုက်အသုံးပြုနိုင်မယ့်အပြင် အခြားအင်တာနက် အသုံးပြုမှုတွေအတွက်(2GB), MPTဖုန်း အချင်းချင်း ခေါ်ဆိုမှုအတွက် သင့်တော်သောနှုန်းထား ၁ မိနစ်ကို (၁၀)ကျပ် နဲ့ ဖုန်းခေါ်ဆိုခွင့် ၊ ကြိုက်နှစ်သက်ရာ အသုံးပြုမှု အတွက် ဖုန်းဘေလ် ၁၀၀၀ကျပ် ရရှိမှာဖြစ်ပြီး တစ်ရက်ကို ၁၆၇ ကျပ်နဲ့ ရက် (၃၀) အသုံးပြုနိုင်မှာ ဖြစ်တယ်လို့သိရပါတယ်။
လက်ရှိ ကိုဗစ်-၁၉ ကူးစက်ရောဂါပြန့်ပွားနေဆဲအိမ်မှာ နေထိုင်နေရတဲ့ ကာလအတွင်း MPT သုံးစွဲသူများ အနေနဲ့ နေ့စဉ် ဘဝတွေကို ပိုမိုပျော်ရွှင် တက်ကြွစေပြီး နေထိုင်မှုပုံစံသစ်နဲ့နေထိုင်ရမယ့် နေ့ရက်တွေမှာ မိမိချစ်ခင်သူတွေနဲ့ အဆက်အသွယ်မပြတ် ဆက်ရှိနေနိုင်အောင်နဲ့ အွန်လိုင်းကနေပြီး အရေးကြီးသတင်းအချက်အလက်တွေ၊ ဖျော်ဖြေရေးတွေကို သိရှိခံစားနိုင်ဖို့အတွက် Instagram ကို ထပ်ဆောင်းထည့်သွင်းပေးထားတဲ့ “စုံစုံလင်” Pack ကို မိတ်ဆက်ပေးလိုက်ရတာဖြစ်ကြောင်းလည်း သိရပါ တယ်။
စုံစုံလင်လင် Pack ကို ဝယ်ယူထားတဲ့ သုံးစွဲသူတွေအနေနဲ့ Facebook App & Website, Instagram အသုံးပြုတာ ၊ Messenger နဲ့ Viber ပေါ်မှာ Text Message ပို့တာတွေကို အချိန်နဲ့ဒေတာအကန့်အသတ်မရှိ စိတ်ကြိုက် အသုံးပြုနိုင်မှာဖြစ်ပြီး အကန့်အသတ်မရှိ Mobile Legends ဂိမ်းကစားနိုင်မယ့်အပြင် JOOX App မှာလည်း နောက်ဆုံးပေါ် သီချင်းတွေကို နားဆင်နိုင်ဦးမှာ ဖြစ်ပါတယ်။
ဒါ့အပြင် သုံးစွဲသူတွေက မိမိ ကြိုက်နှစ်သက်ရာ သုံးနိုင်မယ့် ဖုန်းဘေလ် ၁,၀၀၀ ကျပ်ကို ရရှိမှာ ဖြစ်ပြီး MPT အချင်းချင်း သင့်တော်သောနှုန်းထားနဲ့ ဖုန်းခေါ်ဆိုခွင့် ရရှိဦးမှာပါ။ “စုံစုံလင်လင်” Pack မှာပါဝင်တဲ့ အပိုဆု လက်ဆောင် 2GB ဒေတာကို YouTube, Browser, TikTok, Gaming အစရှိတဲ့ အခြား နှစ်သက်ရာ အင်တာနက် အသုံးပြုမှုအားလုံးအတွက် အသုံးပြုနိုင်မှာဖြစ်ပါတယ်။ တစ်ခုရှိတာက “စုံစုံလင်လင်” Pack ကိုဝယ်ယူထားမယ် ဆိုရင် Facebook ကတစ်ဆင့် ပြင်ပလင့်ခ်တွေဝင်ရောက်တာ၊ Messenger/Viber မှ Voice/Video Calls တွေခေါ်ဆိုတာနဲ့ Mobile Legends ဂိမ်းထဲမှာ Streaming ပြုလုပ်/ ကြည့်ရှုတာ၊ ဂိမ်းအတွင်းဆက်သွယ်ပြောဆိုတာ၊ MLBB Game မဟုတ်ဘဲ အခြား အသုံးပြုမှုတွေ အတွက် ဝယ်ယူထားတဲ့ Data Pack ဒါမှမဟုတ် Pay-As-You-Go နှုန်းထားနဲ့ ကောက်ခံသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
ဒီလို စုံစုံလင်လင်နဲ့ မိမိကြိုက်နှစ်သက်ရာကို အချိန်အကန့်အသတ်မရှိအသုံးပြုနိုင်မယ့် Instagram ပါဝင်တဲ့ “စုံစုံလင်လင်” Pack ကို ၄,၉၉၈ ကျပ်နဲ့ *4998# (သို့) ၁၀၆ ကို ခေါ်ဆိုဝယ်ယူနိုင်သလို MPT4U App ပေါ်မှ လည်း ဝယ်ယူနိုင်ပါတယ်။ MPT4U အက်ပလီကေးရှင်း ကို http://bit.ly/4UFreeDLတွင် အခမဲ့ ဒေါင်းလုတ် ရယူနိုင်ပြီး Google Play Store နှင့် Apple Store အတွက် Google Play Store: http://bit.ly/2z4ZhrJ, Apple Store: http://apple.co/2yNZJWY တို့တွင်လည်း ရယူနိုင်သည်။
MPT ရဲ့ ဝန်ဆောင်မှုတွေနဲ့ ပတ်သက်လို့ အသေးစိတ်သိရှိလိုပါက Hotline ဖုန်းနံပါတ် 106 ဒါမှမဟုတ် www.mpt.com.mm နဲ့MPTတရားဝင်ဖေ့စ်ဘုတ်ခ်စာမျက်နှာဖြစ်တဲ့www.facebook.com/mptofficialpage မှာ ဝင်ရောက်ကြည့်ရှု လေ့လာနိုင် ပါတယ်။