စုံတွဲ ၈ တွဲ ရှိပါတယ်။

၂၀၂၀ ခုနှစ်ထဲမှာတော့ လက်ထပ်ဖို့ ရည်ရွယ်ထားခဲ့ကြတဲ့ အနုပညာရှင်စုံတွဲတွေ အများကြီး ရှိနေခဲ့တာပါ။ OVID-19 ကူးစက်ရောဂါကြောင့် မင်္ဂလာပွဲကြီးတွေကိုတော့ မကျင်းပနိုင်ခဲ့ကြပေမဲ့ နှစ်ယောက်တစ်ဘဝကို ထူထောင်ခဲ့ကြတဲ့ သူတွေရှိနေပါတယ်။ သူတို့တွေက ဘယ်သူတွေဖြစ်မလဲ ကြည့်လိုက်ကြရအောင်...

Photo: Travel Queen



၁။ နေဝင်း + အိမ့်ချစ်ချော

Rapper အဆိုတော် နေဝင်း(Snare) ကတော့ ချစ်သူသက်တမ်း (၁၀) နှစ်ကျော် လက်တွဲခဲ့တဲ့ ချစ်သူလေး အိမ့်ချစ်ချောကို ၂၀၁၉ ခုနှစ် New Year ညမှာ လက်ထပ်ခွင့်တောင်းခဲ့တာပါ။ ၂၀၂၀ ခုနှစ် ဧပြီလ (၂၅) ရက်နေ့ နေဝင်းရဲ့ မွေးနေ့မှာတော့ ချစ်သူနှစ်ဦးအမှတ်တရ အနေနဲ့ မင်္ဂလာ လက်မှတ် ရေးထိုးလိုက်ကြတာ ဖြစ်ပါတယ်။ ၂၀၂၀ ခုနှစ် ဒီဇင်ဘာလ (၂၅) ရက်နေ့မှာတော့ သူတို့ နှစ်ဦးဟာ ချစ်သူသက်တမ်း (၁၁) နှစ်ပြည့်ပြီလို့ သိရပါတယ်။


Photo: Jaz

၂။ အိမ့်ချစ် + ဇော်ဝင်းလှိုင်

ပရိသတ်အခိုင်အမာရရှိထားတဲ့ အဆိုတော် အိမ့်ချစ်ကတော့ ၂၀၂၀ ခုနှစ် ဇွန်လ (၆) ရက်နေ့တုန်းက သူမရဲ့ ချစ်သူနဲ့ မင်္ဂလာလက်မှတ်ရေးထိုးခဲ့တာဖြစ်ပါတယ်။ သူတို့ နှစ်ဦးရဲ့ မင်္ဂလာဆွမ်းကျွေးကိုလည်း နေအိမ်မှာပဲ အကျဉ်းချူံးပြုလုပ်ခဲ့တာဖြစ်ပြီး ကိုဗစ်ကာလ ပြီးဆုံးမှသာ မင်္ဂလာအခမ်းအနားပြုလုပ်သွားမယ်လို့ သိရပါတယ်။ သူမဟာ ချစ်သူကို ဖေဖော်ဝါရီလ (၅) ရက်နေ့တုန်းက လူမှုကွန်ယက် စာမျက်နှာပေါ်ကနေတဆင့် ပရိသတ်နဲ့ မိတ်ဆက်ပေးခဲ့တာလည်း ဖြစ်ပါတယ်။

 

Photo: Khin Lay Nwe

၃။ ခင်လေးနွယ် + စန်းယု

သရုပ်ဆောင် ခင်လေးနွယ်ကတော့ ၂၀၂၀ ခုနှစ် ဧပြီလအတွင်းမှာ ချစ်သူနဲ့ ရွှေလက်တွဲခဲ့ကြတာပါ။ သူတို့ရဲ့ လက်မှတ်ထိုးပွဲမင်္ဂလာပွဲအကျဥ်းချုံးလေးကို ကော့သောင်းမြို့ လှိုင်ဂူကျွန်းရှိ ဆီလာဗာကမ်းခြေမှာ ကျင်းပခဲ့တာဖြစ်ပါတယ်။ ချစ်သူသက်တမ်း (၁) နှစ်ကျော်ကြာမှ ပရိသတ်တွေကို ချပြခဲ့တာဖြစ်ပါတယ်။ သူမရဲ့ အချစ်ရေးကတော့ ပရိသတ်တွေကြားမှာ စိတ်ဝင်စားစရာတစ်ခု ဖြစ်ခဲ့ပါသေးတယ်။

 

Photo: Si Phyo

၄။ စည်ဖြိုး+ ခင်လွှမ်း 

သရုပ်ဆောင် စည်ဖြိုးနဲ့ သူ့ရဲ့ချစ်သူ ခင်လွှမ်းတို့က ချစ်သူသက်တမ်း(၃)နှစ်ကျော်မှာ လက်ထပ်လိုက်ကြတဲ့ စုံတွဲလေးပါ။ ၂၀၂၀ ခုနှစ် အောက်တိုဘာလ (၂၆) ရက်နေ့မှာ ခင်လွှမ်းတစ်ယောက်ကို ယ်ဝန်ဆောင်ထားရပြီဆိုတာကို ပရိသတ်ဆီ စည်ဖြိုးက အသိပေးလိုက်တာပါ။ အဲဒီနောက် နှစ်ဖက်မိဘတွေရဲ့ သဘောတူညီမှုနဲ့ နိုဝင်ဘာလ (၅) ရက်နေ့မှာ မိဘဆွေမျိုး၊မိတ်ဆွေတွေနဲ့ မင်္ဂလာဆွမ်းကျွေး ပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။



၅။ ဘုန်းလျှံ + မေသင်းမောင်

သရုပ်ဆောင် ဘုန်းလျှံကတော့ နှစ်အတော်ကြာ လက်တွဲလာတဲ့ ချစ်သူ မေသင်းမောင်နဲ့ ၂၀၂၀ ခုနှစ် နိုဝင်ဘာလ (၆) ရက်နေ့မှာ မင်္ဂလာလက်မှတ်ထိုးပွဲ ပြုလုပ်ခဲ့ပါတယ်။ မင်္ဂလာဧည့်ခံပွဲကိုတော့ ကိုဗစ်ကာလပြီးမှသာ ကျင်းပသွားဖို့ ရည်ရွယ်ထားတယ်လို့ သိရပါတယ်။ ဘုန်းလျှံဟာ မူးယစ်ဆေးဝါးမှုနဲ့ အကျဉ်းကျနေရာကနေ ၂၀၂၀ ခုနှစ် ဧပြီလအတွင်းမှာ ပြန်လည်လွတ်မြောက်လာခဲ့ပြီး လူကောင်းတစ်ယောက်ဖြစ်အောင် ကြိုးစားနေချိန်မှာ တစ်ချိန်က ချစ်သူနဲ့ ပြန်လည်ဆုံစည်းခဲ့ကာ အခုလို လက်ထပ်လိုက်တာလို့ သိရပါတယ်။

 

Photo: Amazing Grace

၆။ အမွန်း + Raouf Bac  

အဆိုတော် အမွန်းကတော့ ၂၀၂၀ ခုနှစ် ဇန်နဝါရီလ(၂) ရက်နေ့တုန်းက ချစ်သူ Raouf Bac နဲ့ စေ့စပ်ခဲ့တာဖြစ်ပြီး နိုဝင်ဘာလ (၃၀) ရက်နေ့မှာ လက်ထပ်လိုက်ကြတာဖြစ်ပါတယ်။ သူတို့နှစ်ဦးရဲ့ မင်္ဂလာပွဲလေးကိုတော့ ခရစ္စယာန်ကျောင်းမှာ ပြုလုပ်ခဲ့တာဖြစ်ပြီး ဒီဇင်ဘာလ (၄) ရက်နေ့မှာတော့ မင်္ဂလာလက်မှတ်ရေးထိုးလိုက်တာကို တွေ့ရပါတယ်။ အမွန်းရဲ့လက်တွဲဖော်ကတော့ ပြင်သစ်နိုင်ငံသား တစ်ဦးပါ။


Photo: Thein Than Oo

၇။ နိုင်းဝမ်း+ မေမျိုးသူကျော်

အဆိုတော် နိုင်းဝမ်းကတော့ ချစ်သူလေးနဲ့ ဒီဇင်ဘာလ (၉) ရက်နေ့မှာ မင်္ဂလာလက်မှတ် ရေးထိုးလိုက်တာဖြစ်ပါတယ်။ မင်္ဂလာလက်မှတ်ရေးထိုးပွဲကိုလည်း နှစ်ဖက်မိဘ အသိုင်းအဝိုင်းတွေရဲ့ သဘောတူညီမှုနဲ့ အကျဉ်းချုံး ကျင်းပခဲ့တာပါ။ နိုင်းဝမ်းဟာ ချစ်သူ မေမျိုးသူကျော်ကို ချစ်သူသက်တမ်း(၆) နှစ်အကြာမှာ လက်ထပ်ခွင့်တောင်းခဲ့တာဖြစ်ပြီး ချစ်သူသက်တမ်း(၁၁) နှစ်အကြာမှာ လက်ထပ်လိုက်တာ ဖြစ်ပါတယ်။


Photo: Aung Myint Myat

၈။ အောင်မြင့်မြတ်+ အိမီမီကို ( သရုပ်ဆောင်၊ မိတ်ကပ်ပညာရှင်)

သရုပ်ဆောင် အောင်မြင့်မြတ်ကတော့ ချစ်သူသက်တမ်း (၆) နှစ်ကြာ ချစ်သူတွေဖြစ်ခဲ့ကြတဲ့ အိမီမီကိုနဲ့ ဒီဇင်ဘာလ (၂၀) ရက်နေ့က မင်္ဂလာဆွမ်းကျွေး ပြုလုပ်ခဲ့တာပါ။ သူတို့ ချစ်သူ နှစ်ဦးကတော့ အနုပညာအသိုင်းအဝိုင်းထဲမှာပဲ ကျင်လည်နေကြသူတွေ ဖြစ်ပါတယ်။ အောင်မြင့်မြတ်ကတော့ သရုပ်ဆောင် တစ်ယောက်အဖြစ် ရပ်တည်လျှက်ရှိပြီး အိမီမီကိုကတော့ Special Effects မိတ်ကပ်ပညာရှင် တစ်ယောက်အဖြစ် ရပ်တည်နေတဲ့သူပါ။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က