ဂျူဗီက ပြတ်ပြတ်သားသားလုပ်သွားတော့မှာဖြစ်ပါတယ်။

ဒီရာသီမှာ ခြေစွမ်းပြနိုင်ဖို့ ရုန်းကန်နေရပေမယ့်လည်း ဂျူဗင်တပ်စ်နည်းပြပီယာလိုက သူ့ရဲ့အနာဂတ်စီမံကိန်းတွေထဲမှာ ဒီဘာလာကို ထည့်သွင်းထားတာကြောင့် စာချုပ်သစ်ကမ်းလှမ်းသွားမှာဖြစ်ပါတယ်။ 


ဂျူဗင်တပ်စ်အသင်းဟာ တိုက်စစ်မှူးဒီဘာလာကို တစ်နှစ်လုပ်ခပေါင် ၉ သန်းအထိ ပေးချေကာ ၂၀၂၅ ခုနှစ်အထိ စာချုပ်သစ်ချုပ်ဆိုဖို့ ပြင်ဆင်နေကြောင်း သိရပါတယ်။ ဒါပေမယ့်လည်း ကစားသမားဘက်က သူတို့ရဲ့ကမ်းလှမ်းမှုကို ငြင်းဆန်ခဲ့မယ်ဆိုရင်တော့ ပြန်လည်ရောင်းချသွားလိမ့်မယ်လို့ Daily Mail က ဖော်ပြခဲ့ပါတယ်။ 



ပြီးခဲ့တဲ့ရာသီက တော့တင်ဟမ်ကို ပြောင်းရွှေ့ဖို့ သတင်းကြီးခဲ့တဲ့ အာဂျင်တီးနားကစားသမားဟာ လာမယ့်စျေးကွက်အတွင်းမှာလည်း ယူနိုက်တက်ရဲ့ ပစ်မှတ်ဖြစ်လာနိုင်ဖွယ်ရှိသူပါ။ ဒီရာသီမှာ ခြေစွမ်းပြနိုင်ဖို့ ရုန်းကန်နေရပေမယ့်လည်း ဂျူဗင်တပ်စ်နည်းပြပီယာလိုက သူ့ရဲကအနာဂတ်စီမံကိန်းတွေထဲမှာ ဒီဘာလာကို ထည့်သွင်းထားတာကြောင့် စာချုပ်သစ်ကမ်းလှမ်းသွားမှာဖြစ်ပါတယ်။ 

လက်ရှိမှာ ဂျူဗင်တပ်စ်အားကစားဒါရိုက်တာပါရာတီစီက ကစားသမားရဲ့အေးဂျင့်ဂျော့အန်တန် အီတလီကိုလာရောက်မှာကို စောင့်ဆိုင်းနေပြီး စာချုပ်သစ်အတွက် ဆွေးနွေးသွားမှာဖြစ်ပါတယ်။ Sky Sport Italia ကလည်း ပါရာတီစီနဲ့ ဂျူဗီတို့ဟာ ကစားသမားအတွက် မြင့်မားတဲ့လုပ်ခလစာကို ပေးချေသွားဖို့အတွက် အသင့်ဖြစ်နေပြီး ဒီဘာလာက တစ်နှစ်ကို လုပ်ခ ၂.၂သန်းအထိ တိုးမြှင့်ရရှိမှာလည်းဖြစ်ပါတယ်။ 

ဒီရာသီမှာ ဒဏ်ရာပြသနာတွေလည်းရှိနေတဲ့ ဒီဘာလာဟာ အသင်းအတွက် ၈ ပွဲသာကစားပေးထားခဲ့ရပြီး သွင်းဂိုးတစ်ဂိုးသာ ရယူထားနိုင်ခဲ့ပါတယ်။ ရော်နယ်ဒိုနဲ့ မိုရာတာတို့ရဲ့ ခြေစွမ်းပြသနေမှုတွေကလည်း သူ့ကို ငုပ်လျှိုးနေစေခဲ့ပြီး ဧပြီလအတွင်းမှာ ကိုဗစ်ကူးစက်ခံရပြီးနောက် ပုံမှန်ခြေစွမ်းပြန်ရဖို့ ခက်ခက်ခဲခဲကြိုးစားနေရပေမယ့် ကလပ်အသင်းဘက်ကတော့ သူ့ကို ယုံကြည်မှုအပြည့်ရှိတယ်လို့ ဆိုပါတယ်။ 


ဒါပေမယ့် သူတို့ရဲ့ ကမ်းလှမ်းမှုကို ဒီဘာလာ ငြင်းဆန်ခဲ့မယ်ဆိုရင်တော့ ဂျူဗီက ရောင်းထုတ်သွားမှာဖြစ်ပြီး ကစားသမားရဲ့ ဆုံးဖြတ်ချက်ကသာ သူ့ရဲ့အနာဂတ်ကို ပေါ်လွင်စေတော့မှာလည်းဖြစ်ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က