လွှဲပြောင်းပေးရာမှာ တပ်မတော်က တပ်ဖွဲ့ဝင် ၁၀ ဦးခန့် ပါဝင်ပြီး ရက္ခိုင့်တပ်တော်မှ တပ်ဖွဲ့ဝင် ၅၀ ဦးခန့် ပါဝင်ကြောင်း သိရပါတယ်။

ရက္ခိုင့်တပ်တော် (AA) က ဖမ်းဆီးထားတဲ့ NLD လွှတ်တော်ကိုယ်စားလှယ်လောင်း ၃ ဦးကို မင်းပြားမြို့နယ် တိုင်းဗဟို (၉) ကျောင်းအုပ်ကြီးကို ယနေ့ မွန်းလွဲ ၂ နာရီ မိနစ် ၂၀ က လွှဲပြောင်းပေးလိုက်တယ်လို့ သိရပါတယ်။ 



အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ရဲ့ တောင်ကုတ်မြို့နယ် လွှတ်တော်ကိုယ်စားလှယ်လောင်း သုံးဦးဖြစ်တဲ့ ကိုမင်းအောင်၊ ဒေါ်နီနီမေမြင့်နဲ့ ဒေါ်ချစ်ချစ်ချောတို့ကို မြေပုံမြို့နယ် မီးကျောင်းတက်ကျေးရွာမှာ ရက္ခိုင့်တပ်တော် (AA) ကနေ မင်းပြားမြို့နယ် တိုင်းဗဟို (၉) ကျောင်းအုပ်ကြီးကို လွှဲပြောင်းပေးလိုက်တယ်လို့ ကျေးရွာ အုပ်ချုပ်ရေးမှူးက ပြောကြားလိုက်ပါတယ်။ 

“ တပ်မတော်က ကားသုံးစီးပါပါတယ်။ ရက္ခိုင့်တပ်တော်က ဗိုလ်မှူးအောင်လင်းက လွှဲပေးလိုက်တာပါ။ သုံးမိနစ်လောက် အပြန်အလှန်စကားပြောပြီးတဲ့နောက် လွှဲပြောင်းပေးလိုက်တာပါ” လို့ အုပ်ချုပ်ရေးမှူးက နိရဉ္စရာ သတင်းဌာနကို ပြောလိုက်တာပါ။

လွှဲပြောင်းပေးရာမှာ တပ်မတော်က တပ်ဖွဲ့ဝင် ၁၀ ဦးခန့် ပါဝင်ပြီး ရက္ခိုင့်တပ်တော်မှ တပ်ဖွဲ့ဝင် ၅၀ ဦးခန့် ပါဝင်ကြောင်း သိရပါတယ်။

"ကိုယ်စားလှယ်သုံးဦး လွတ်မြောက်တာ ဟုတ်ပါတယ်။ AAအဖွဲ့က တပ်မတော် တပ်စခန်းတစ်ခုကို လွှဲပေးလိုက်တယ်လို့ပဲ သိပါတယ်။ ပြည်နယ်အစိုးရနဲ့ရော ကျွန်တော်တို့ပါတီနဲ့ရော အခုထိ မတွေ့ရသေးတော့ ကျွန်တော်တို့လည်း လွှတ်ပေးတယ်ဆိုတာကလွဲရင် တခြားဘာမှ ပြောလို့မရသေးပါဘူး။ ဖမ်းဆီးထားတဲ့လူတွေ ပြန်လွှတ်တယ်ဆိုတာကတော့ ကောင်းတဲ့အလားအလာပါ။ အပြုသဘောဆောင်တဲ့ တိုးတက်မှုလို့ မြင်ပါတယ်။ ဒီလိုပဲ တစ်ဖက်နဲ့တစ်ဖက် အပြန်အလှန် အပြုသဘောဆောင်တဲ့ လုပ်ရပ်တွေလုပ်ခြင်းအားဖြင့် ငြိမ်းချမ်းရေးဘက်ကို ပိုပြီးရွေ့လျားနိုင်ပါစေလို့ ကျွန်တော်တို့က မျှော်လင့်ပါတယ် '' လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါက်တာမျိုးညွန့်က Duwun ကို ပြောပါတယ်။

ထိုသို့ လွှတ်ပေးလိုက်ကြောင်းကို မြေပုံမြို့နယ် ပြည်သူလွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းကလည်း အတည်ပြုပြီး NLD လွှတ်တော်ကိုယ်စားလှယ်သုံးဦးကို မင်းပြားမြို့နယ် တိုင်းဗဟို(၉) သို့ ယူဆောင်သွားတယ်လို့ ပြောပါတယ်။

အဆိုပါကိုယ်စားလှယ်လောင်း ၃ ဦးကို ၂၀၂၀ ပြည့်နှစ် အောက်တိုဘာလ ၁၄ ရက်နေ့မှာ တောင်ကုတ်မြို့နယ် ဖောင်းခါးကျေးရွာ၌ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေး လုပ်နေစဉ် ရက္ခိုင့်တပ်တော် (AA) တပ်ဖွဲ့ဝင်များက ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ခြင်းဖြစ်ပြီး နှစ်လခွဲအကြာမှာ ပြန်လွှတ်ပေးလိုက်တာ ဖြစ်ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က