ကိုဗစ်ကူးစက်ခံထားကြရတာပါ။

ကိုဗစ် ကူးစက်ခံရသူ ၅ဦးအနက် ကျန် ၃ဦးရဲ့ နာမည်တွေကိုတော့ ထုတ်ပြန်ပေးဖို့ အစီအစဥ်မရှိပဲ ပွဲနေ့မှသာ ဘယ်သူတွေ မပါလဲကြည့်တော့လို့ နည်းပြ ဂွါဒီယိုလာက ဆိုပါတယ်။

မန်စီးတီးအသင်းဟာ လာမယ့် တနင်္ဂနွေနေ့မှာတော့ လန်ဒန်ကလပ် ချဲလ်ဆီးအသင်းနဲ့ ပရီးမီးယားလိဂ် ပွဲစဥ် ၁၇ကို ကစားဖို့ ရှိနေပါတယ်။



အဆိုပါပွဲစဥ်မှာ အသင်းရဲ့ အားထားရတဲ့ အဓိက ကစားသမားတွေဖြစ်တဲ့ နောက်ခံလူ ဝေါ်လ်ကာနဲ့ တိုက်စစ်မှူး ဂျီးဆပ်တို့ အပါအဝင် ကစားသမား စုစုပေါင်း ၅ဦးအထိ လက်လွှတ်ထားရဖို့ ရှိနေပါတယ်။

အကြောင်းကတော့ ကိုဗစ် ကူးစက်ခံနေရတာကြောင့် ဖြစ်ပြီး ကျန် ကစားသမား ၃ဦးရဲ့ အမည်တွေကိုတော့ ထုတ် ပြန်ပေးလာခြင်း မရှိသေးပါဘူး။

“လိဂ်ကော်မတီက အခြား ကစားသမားတွေရဲ့နာမည်ကို ထုတ်ပြန်ခွင့်ပေးမယ်လို့တော့ ကျွန်တော်မထင်ပါဘူး။ ဒါပေမယ့်လည်း တနင်္ဂနွေကျတော့ ဘယ်သူတွေလဲဆိုတာ သိသွားမှာပါ။”လို့ မန်စီးတီး နည်းပြ ဂွါဒီယိုလာက ပြော လာပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၈ရက်တုန်းက ကစားရမယ့် အဲဗာတန်-မန်စီးတီး ပွဲစဥ်ဟာလည်း ကိုဗစ်ကူးစက်မှုကြောင့်ပဲ ပွဲမ စခင် ၄နာရီအလိုမှာ ပွဲပျက်ခဲ့ရပါသေးတယ်။

ဒါပေမယ့် ပွဲကစားမယ့် ပထမအသင်း လူစာရင်းမှာတော့ ကိုဗစ်ကူးစက်သူ လုံးဝမရှိခဲ့တာကြောင့် ပွဲကစားဖို့ဆိုရင် ကစားသမား လုံလုံလောက်လောက်ရှိလို့ ပွဲကစားချင်ခဲ့ပေမယ့်လည်း သက်ဆိုင်ရာကတော့ ပွဲကို ဖျက်သိမ်းခဲ့ပါ တယ်။

 ယခု ကစားရမယ့် ချဲလ်ဆီးပွဲဟာလည်း ပွဲကစားရမယ်လို့ တပ်အပ်မဆိုသာသေးပဲ ပြီးခဲ့တဲ့ စပါး-ဖူဟမ်ပွဲဆိုရင် လည်း ပွဲကစားခါနီး ၂နာရီလောက်အလိုကျမှ ပွဲကပ်ပျက်သွားတာပါ။

အဓိကကတော့ လန်ဒန်မှာ ကိုဗစ်ကူးစက်မှု ပြန်လည်မြင့်တက်နေတာကြောင့် အခုကစားရမယ့် ချဲလ်ဆီးအသင်း ကလည်း လန်ဒန်အခြေစိုက် ကလပ်အသင်းတစ်သင်းဖြစ်လို့ ကစားခွင့်ရမရ မသေချာနေတာ ဖြစ်ပါတယ်။

ကစားခွင့်ရခဲ့မယ်ဆိုရင်တော့ ဒီပွဲဟာ နှစ်သင်းစလုံးအတွက် အရေးကြီးပြီး အဆင့် ရပ်တည်မှုအပြောင်းအလဲတွေ ဖြစ်ပေါ်လာမှာပါ။


ဆက်စပ်အကြောင်းအရာများ

Share

က္က