လာမယ့် ဇွန်လ ၃၀ ရက်နေ့မှာ ဘာစီလိုနာနဲ့ မက်ဆီတို့ကြား စာချုပ်သက်တမ်းက ကုန်ဆုံးတော့မှာဖြစ်ပြီး စည်းမျဉ်းအရ မက်ဆီဟာ ကြိုတင်သဘောတူညီမှုကို ရယူနိုင်တော့မှာလည်းဖြစ်ပါတယ်။
ဘာစီလိုနာအသင်းတိုက်စစ်မှူးလီယွန်နယ်မက်ဆီဟာ စပိန်လာလီဂါကမဟုတ်တဲ့ ကလပ်အသင်းတွေနဲ့ လွတ်လပ်စွာဆွေးနွေးခွင့်ရရှိထားပြီဖြစ်ပါတယ်။ လာမယ့် ဇွန်လ ၃၀ ရက်နေ့မှာ ဘာစီလိုနာနဲ့ မက်ဆီတို့ကြား စာချုပ်သက်တမ်းက ကုန်ဆုံးတော့မှာဖြစ်ပြီး စည်းမျဉ်းအရ မက်ဆီဟာ ကြိုတင်သဘောတူညီမှုကို ရယူနိုင်တော့မှာလည်းဖြစ်ပါတယ်။
မက်ဆီကို ခေါ်ယူဖို့အတွက် ပြင်သစ်ကလပ်ပီအက်စ်ဂျီ၊ အင်္ဂလန်ကလပ်မန်စီးတီးနဲ့ အီတလီကလပ်အင်တာမီလန်တို့က စိတ်ဝင်စားနေပြီး မေဂျာလိဂ်ကလပ် အင်တာမိုင်ယာမီကလည်း ချိတ်ဆက်မှုတွေပြုလုပ်နေပါတယ်။ အသက် ၃၃ နှစ်အရွယ် အာဂျင်တီးနားတိုက်စစ်မှူးကတော့ သူ့အနာဂတ်နဲ့ ပတ်သက်ပြီး ရှင်းရှင်းလင်းလင်းထုတ်ဖော်ပြောဆိုခြင်းမရှိသေးပေမယ့် ရာသီကုန်မှာ အသင်းပြောင်းရွှေ့နိုင်ချေက များနေပါတယ်။
ပြီးခဲ့တဲ့ရာသီကုန်ဆုံးကတည်းက နူးကမ့်ကထွက်ခွာဖို့ မက်ဆီက ကြိုးစားခဲ့ပေမယ့် ဘာစီလိုနာက နည်းမျိုးစုံနဲ့ဟန့်တားခဲ့လို့ အသင်းမှာဆက်ရှိနေခဲ့ရတာပါ။ မက်ဆီကိုယ်တိုင်က အသင်းကထွက်ခွာခွင့်ပေးဖို့ တောင်းဆိုခဲ့တာဖြစ်ပြီး သူ့ရဲ့အပြောင်းအရွှေ့သတင်းတွေက မီဒီယာတွေထက်မှာနေရာယူခဲ့ကာ သူ ဘယ်အသင်းကိုပြောင်းမလဲ အားလုံးက နားစွင့်စောင့်ကြည့်နေခဲ့ကြပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် မက်ဆီကိုခေါ်ယူဖို့ မန်စီးတီးနဲ့ ပီအက်စ်ဂျီတို့က ရေပန်းအစားဆုံးဖြစ်နေပြီး ကစားသမားအတွက်လည်း ဆုံးဖြတ်နိုင်စရာအချက်တွေက ရှိနေပါတယ်။ မန်စီးတီးမှာ ဘာကာနည်းပြဟောင်းဂွာဒီယိုလာရှိနေပြီး ပီအက်စ်ဂျီမှာ ဘာကာအသင်းဖော်ဟောင်း နေမာရှိနေလို့ မက်ဆီအနေနဲ့ ဘယ်အသင်းကို ရွေးချယ်သွားမလဲဆိုတာကိုသာ စောင့်ကြည့်ဖို့သာ ရှိနေပါတော့တယ်။