ပွဲအပြီးမှာ သူတို့နှစ်ဦး ပြုံးပြုံးရွှင်ရွှင်နဲ့ စကားတွေပြောခဲ့ပါသေးတယ်။

ယူနိုက်တက်ရဲ့ ပစ်မှတ်ကစားသမားတစ်ဦးလို့ ထင်ကြေးပေးခံနေရတဲ့ ဂရီလစ်ရှ်ဟာ အသင်းအတွက် တစ်ဂိုးဖန်တီးပေးနိုင်ခဲ့သလို အခွင့်အရေးဖန်တီးမှုအများအပြားလည်း ပြုလုပ်ပေးနိုင်ခဲ့ပါတယ်။ 


အက်စတွန်ဗီလာအသင်းရဲ့ ကွင်းလယ်လူ အသင်းခေါင်းဆောင်ဂျက်ဂရီလစ်ရှ်ကတော့ အိုးထရက်ဖို့ဒ်မှာ အသင်းအရေးနိမ့်ခဲ့ပေမယ့် ခြေစွမ်းကောင်းပြသနိုင်ခဲ့ပါတယ်။ ယူနိုက်တက်ရဲ့ ပစ်မှတ်ကစားသမားတစ်ဦးလို့ ထင်ကြေးပေးခံနေရတဲ့ ဂရီလစ်ရှ်ဟာ အသင်းအတွက် တစ်ဂိုးဖန်တီးပေးနိုင်ခဲ့သလို အခွင့်အရေးဖန်တီးမှုအများအပြားလည်း ပြုလုပ်ပေးနိုင်ခဲ့ပါတယ်။ 

အသက် ၂၅ နှစ်အရွယ် ကစားသမားဟာ ပြစ်ဒဏ်ဘောအနိုင်ရရှိမှုပေါင်းလည်း ၆ ကြိမ်အထိ ရှိခဲ့ပြီး နှစ်ဖက်အသင်းမှာ အများဆုံးရရှိတဲ့ ကစာသးမားလည်းဖြစ်ခဲ့ပါတယ်။ ဒီရာသီ ပရီးမီးယားလိဂ်မှာ ဂရီလစ်ရှ်က အခွင့်အရေးဖန်တီးမှု ၆၀ ကြိမ်နဲ့အထက် ရရှိထားတဲ့ တစ်ဦးတည်းသောကစားသမားအဖြစ်လည်း ရပ်တည်နေပြီး သူ့ရဲ့ခြေစွမ်းဟာ ထိပ်သီးအသင်းတွေကို အပြည့်အဝဆွဲဆောင်နေတာလည်းဖြစ်ပါတယ်။

ဒါကြောင့်လည်း ဗီလာက သူတို့ကစားသမားရဲ့တန်ဖိုးကို ပေါင်သန်း ၁၀၀ အထိ သတ်မှတ်ထားခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ယူနိုက်တက်ကတော့ ဂရီလစ်ရှ်ကို အမှန်တကယ်ခေါ်ယူမယ်ဆိုပါက ပေါင် ၄၅သန်းလောက်နဲ့ ရရှိဖို့သာ ဆန္ဒရှိနေတာကြောင့် သူတို့နှစ်သင်းကြားမှာ ငွေကြေးအရ ညှိနှိုင်းစရာတွေ အများအပြားရှိနေမှာဖြစ်ပြီး အပြောင်းအရွှေ့ဖြစ်ပေါ်လာဖို့က ခက်ခဲနေမှာသေချာပါတယ်။

တစ်ဖက်မှာပြန်ကြည့်မယ်ဆိုရင်လည်း ဂရီလစ်ရှ်ပြသနေတဲ့ ခြေစွမ်းက ပေါ့ဂ်ဘာထွက်ခွာသွားဖို့ရှိနေတဲ့ ယူနိုက်တက်အတွက် မဖြစ်မနေခေါ်ယူသင့်တဲ့ ကစားသမားတစ်ဦးအနေအထားမှာ ရှိနေပါတယ်။ အသင်းကို ဦးဆောင်ကစားပေးနေပြီး အမှတ်ပေးဇယားအလယ်ကို ပို့ဆောင်ပေးထားနိုင်တဲ့ ဂရီလစ်ရှ်ဟာ ယူနိုက်တက်နဲ့့ပွဲမှာ ဘယ်ခြမ်းကနေ တိုက်စစ်ဆင်သွားခဲ့ပြီး အလွတ်တည်ကန်ဘောတချို့နဲ့လည်း ခြိမ်းခြောက်သွားခဲ့ပါတယ်။ 

ဖာနန်ဒက်စ်အပေါ် အလွန်အကျွံမှီခိုနေရပြီး ပြိုင်ဘက်ကစားသမားတွေ ပိတ်ဆို့တာကို ခံရချိန်မျိုးမှာ ဂရီလစ်ရှ်က အဲဒီပြသနာကို ဖြေရှင်းပေးနိုင်စွမ်းရှိသူလည်းဖြစ်ပါတယ်။ လက်ရှိအသင်းလူစာရင်းအရဆိုရင် ဂရီလစ်ရှ်ကို မဖြစ်မနေလိုအပ်တာမျိုးတော့မဟုတ်ပေမယ့် ပေါ့ဂ်ဘာထွက်ခွာခဲ့မယ်ဆိုရင် ပြန်လည်ခေါ်ယူဖို့ လိုအပ်တဲ့ ကစားသမားက ယူနိုက်တက်အတွက် ဂရီလစ်ရှ်က ဦးစားပေးရွေးချယ်ချင်စရာအဖြစ် ရှိနေပြီလို့ ဆိုရပါမယ်။ 

Share

က္က