ဆွန်ဟောင်မင်ကို ချီးကျူးရင်း ပြောဆိုသွားခဲ့တာပါ။

မော်ရင်ဟိုဟာ အရင်ကလည်း ဖာနန်ဒက််စ်ကို ဝေဖန်ပြောဆိုခဲ့ဖူးပြီး ပယ်နယ်တီပဲ ကန်သွင်းတတ်တာလို့ ခနဲ့ခဲ့ဖူးပါတယ်။ 


စပါးနည်းပြမော်ရင်ဟိုကတော့ ယူနိုက်တက်ကွင်းလယ်လူဘရူနိုဖာနန်ဒက်စ်ကို နောက်တစ်ကြိမ် ထိုးနှက်ပြောဆိုမှုတွေ ပြုလုပ်သွားခဲ့ပြန်ပါပြီ။ သောကြာနေ့က ကစားခဲ့တဲ့ ဗီလာနဲ့ပွဲမှာ ယူနိုက်တက်အတွက် အနိုင်ဂိုးကို ဖာနန်ဒက်စ်က ပယ်နယ်တီကတဆင့် သွင်းယူပေးခဲ့ပြီး အသင်းကို နိုင်ပွဲရရှိစေခဲ့ပေမယ့် မော်ရင်ဟိုကတော့ အထင်ကြီးမှုအလျဉ်းမရှိဘဲ ဝေဖန်သွားခဲ့တာဖြစ်ပါတယ်။

မနေ့က ကစားခဲ့တဲ့ပွဲမှာ လိဒ်ယူနိုက်တက်ကို စပါးက ဂိုးပြတ်အနိုင်ရခဲ့ပြီး တိုက်စစ်ကစားသမားဆွန်ဟောင်မင်က ရာပြည့်ဂိုးရယူနိုင်ခဲ့ပါတယ်။ တောင်ကိုရီးယားကြယ်ပွင့်ကို မော်ရင်ဟိုက ချီးကျူးပြောဆိုမှုတွေပြုလုပ်ခဲ့ရာမှာ ဖာနန်ဒက်စ်ကိုပါ သွယ်ဝိုက်ပြောဆိုခဲ့တာဖြစ်ပြီး ယူနိုက်တက်ပရိသတ်တွေအတွက်တော့ ဒေါသထွက်စရာဖြစ်ခဲ့ရပါတယ်။ 

"ပွတ်စ်ကက်စ်ဆုကိုလည်း ရထားတယ်၊ တော့တင်ဟမ်အတွက်လည်း သွင်းဂိုး ၁၀၀ ပြည့်သွားတဲ့ ဆွန်ဟောင်မင်က ဒီရာသီပရီးမီးယားလိဂ်မှာ ပယ်နယ်တီဂိုးမပါတဲ့ ထိပ်တန်းဂိုးသွင်းရှင် ၃ ဦးစာရင်းမှာ ရှိနေချင်ရှိနေမှာပါ၊ တချို့ကစားသမားတွေကတော့ တစ်ရာသိကို ပယ်နယ်တီ ၁၀ ဂိုးလောက် သွင်းနေကြပါတယ်၊ စကားမစပ် ကျွန်တော်ပြောနေတာ ဟယ်ရီကိန်းအကြောင်းမဟုတ်ဘူးနော်" လို့ မော်ရင်ဟိုက ပြောဆိုခဲ့တာပါ။ 

ဒါဟာ ယူနိုက်တက်ရဲ့ ပယ်နယ်တီကန်သွင်းမှုကို ပင်တိုင်တာဝန်ယူထားတဲ့ ဘရူနိုဖာနန်ဒက်စ်ကို ရည်ညွှန်းပြောဆိုခဲ့တာလို့ Sportbible က ဖော်ပြခဲ့သလို ပရိသတ်တွေကလည်း အဲဒီလိုပဲ ယူဆခဲ့ကြပါတယ်။ မော်ရင်ဟိုဟာ အရင်ကလည်း ဖာနန်ဒက််စ်ကို ဝေဖန်ပြောဆိုခဲ့ဖူးပြီး ပယ်နယ်တီပဲ ကန်သွင်းတတ်တာလို့ ခနဲ့ခဲ့ဖူးပါတယ်။ 

ဖာနန်ဒက်စ်ကတော့ ၂၀၂၀ ဖေဖော်ဝါရီလကစကာ လက်ရှိအချိန်ထိ ပရီးမီးယားလိဂ်မှာ ပယ်နယ်တီသွင်းဂိုး ၉ ဂိုးအထိ သွင်းယူထားခဲ့ပြီး အခြားသော ဘယ်ကစားသမားထက်မဆို ၂ဂိုး ပိုမိုများပြားနေခဲ့တာလည်းဖြစ်ပါတယ်။ 

Share

က္က