အဆင့် ၄ နေရာနဲ့ ၆ မှတ်သာ ကွာဟတော့တာပါ။

ရလဒ်တွေ တောက်လျှောက်ဆိုးရွားနေခဲ့တဲ့ အာတီတာရဲ့ အသင်းဟာ ၃ ပွဲဆက်တိုက် နိုင်ပွဲရရှိခဲ့တာဖြစ်ပြီး အဆင့် ၄ နေရာက လက်စတာနဲ့ ၆ မှတ်သာကွာဟတော့တဲ့ အနေအထားကို ပြန်ရောက်လာခဲ့ပါတယ်။ 


ဝက်ဘရွန်းစ်ကို အဝေးကွင်းမှာ လေးဂိုးပြတ်နဲ့အနိုင်ယူခဲ့ပြီးနောက် အာဆင်နယ်အသင်းဟာ အမှတ်ပေးဇယားမှာ အဆင့် ၁၁ နေရာကို ရောက်ရှိသွားခဲ့ပြီဖြစ်ပါတယ်။ ရလဒ်တွေ တောက်လျှောက်ဆိုးရွားနေခဲ့တဲ့ အာတီတာရဲ့ အသင်းဟာ ၃ ပွဲဆက်တိုက် နိုင်ပွဲရရှိခဲ့တာဖြစ်ပြီး အဆင့် ၄ နေရာက လက်စတာနဲ့ ၆ မှတ်သာကွာဟတော့တဲ့ အနေအထားကို ပြန်ရောက်လာခဲ့ပါတယ်။ 

ဒီအတွက်ကြောင့် အာဆင်နယ်နည်းပြအာတီတာက အမှတ်ပေးဇယားရပ်တည်မှုက လုံးဝပြောင်းလဲသွားပြီလို့ ပြောဆိုခဲ့ပြီး အသင်းနိုင်ပွဲရရှိခဲ့တဲ့အပေါ်မှာ ဝမ်းသာအားရဖြစ်နေခဲ့ပါတယ်။ ချယ်လ်ဆီး၊ ဘရိုက်တန်နဲ့ ဝက်ဘရွန်းစ်တို့ကို ဆက်တိုက်အနိုင်ယူခဲ့ပြီးနောက် အာဆင်နယ်ဟာ နောက်ဆုံး ၁၀ ပွဲမှာ ၈ ပွဲအထိ နိုင်ပွဲပျောက်ခဲ့မှုတွေကို ပြောင်းပြန်လှန်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။

အာတီတာက "ခရစ္စမတ်အပြီး ပရီးမီးယားလိဂ်မှာ ၃ ပွဲဆက်တိုက်အနိုင်ရဖို့ဆိုတာက မလွယ်ကူပါဘူး၊ ရာသီဥတုကလည်း ကောင်းမွန်နေပြီး အခြေအနေတွေကလည်း ပိုလွယ်ကူတဲ့အချိန်မှာ ကျွန်တော်တို့ အကောင်းဆုံးကစားနိုင်ခဲ့တယ်လို့ ခံစားရပါတယ်၊ တချို့အခြေအနေတွေနဲ့ အကြောင်းအရာတွေကို ကျွန်တော်တို့ စီမံခဲ့ရပါတယ်"

"ပိုပြီးတော့ ခြိမ်းခြောက်နိုင်ခဲ့ပြီး ဖန်တီးမှုတွေလည်း ပိုလုပ်နိုင်ခဲ့ပါတယ်၊ ကျွန်တော်တို့တိုက်စစ်က ဒီနေ့မှာ အများကြီးပိုကောင်းခဲ့ပြီး ဒီအတွက် ကျွန်တော်ပျော်ရွှင်မိပါတယ်၊ ကျွန်တော်တို့ လိုချင်တဲ့ ပန်းတိုင်ကို ရောက်ရှိခဲ့ပြီး အမှတ်ပေးဇယားရပ်တည်မှုက လုံးဝကို ကွဲပြားခြားနားသွားခဲ့ပါပြီ၊ နိုင်ပွဲတွေက ယုံကြည်မှုအများကြီးကို ယူဆောင်လာခဲ့ပြီး ကျွန်တော်တို့ ကစားခဲ့တဲ့ ပုံစံကို ခင်ဗျားတွေ့မြင်နိုင်မှာပါ" လို့ ပြောဆိုခဲ့ကြောင်း Goal.com က ဖော်ပြခဲ့ပါတယ်။ 

အာဆင်နယ်အတွက်တော့ တိုက်စစ်မှူးလာကာဇက်က ခြေစွမ်းဆက်တိုက်ပြနေပြီး ဝက်ဘရွန်းစ်နဲ့ပွဲမှာလည်း နှစ်ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ ကျန်ဂိုးတွေကိုတော့ တီယာနေး နဲ့ ဆာကာတို့က သွင်းယူပေးခဲ့ကြပြီး ပေးဂိုးမရှိနိုင်ပွဲကို ရယူနိုင်ခဲ့ပါတယ်။ 

Share

က္က