အနက် ၁၅ ပေခန့်ရှိတဲ့တွင်းမှာ အမျိုးသားနှစ်ဦး အလုပ်လုပ်နေရင်း တွင်းပြိုကျခဲ့တာပါ။

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ မိုးကုတ်မြို့နယ်ထဲမှာရှိတဲ့ ကျောက်မျက်တူးဖော်ရေးလုပ်ကွက်တစ်ခုမှာ ဇန်နဝါရီ ၃ ရက်နေ့လယ် ၁၂ နာရီ ၄၅ မိနစ်က တွင်းပြိုကျပြီး ပိတ်မိသွားတဲ့ တွင်းလုပ်သားနှစ်ဦးထဲကတစ်ဦး သေဆုံးသွားခဲ့တာ ဖြစ်ပါတယ်။


ဖြစ်စဥ်မှာက ငါးရံ့အင်းလုပ်ကွက်ဟောင်းမှာ အနက် ၁၅ ပေခန့်ရှိတဲ့တွင်းမှာ အမျိုးသားနှစ်ဦးဟာ အလုပ်လုပ်နေရင်း တွင်းပြိုကျခဲ့တာကြောင့် မြေကြီးတွေပိပြီး ပိတ်မိနေခဲ့ပါတယ်။ အဲဒီသတင်းအရ မိုးကုတ်မြို့နယ်မီးသတ်တပ်ဖွဲ့စခန်းက မီးသတ်တပ်ဖွဲ့ဝင်တွေ၊ တွင်းလုပ်သားတွေနဲ့ လူမှုကူညီရေးအသင်းက လူတွေက ဝိုင်းဝန်းပြီး ကယ်ထုတ်ခဲ့ကြရာ တစ်ဦးကို အသက်ရှင်လျက် ကယ်ထုတ်နိုင်ခဲ့ပါတယ်။

ဓာတ်ပုံ-မိုးကုတ်မြို့နယ်မီးသတ်

"တွင်းပြိုကျကျချင်းပဲ ဘဝတူတွင်းလုပ်သားတွေကဝိုင်းကူပြီ းရှာဖွေကယ်ဆယ်ကြလို့ တစ်ယောက်ကိုတော့ သူတို့အသက်ရှင်လျက် ကယ်နိုင်ခဲ့ကြတယ်။ ဒါပေမဲ့ နောက်တစ်ယောက်ကိုတော့ သူတို့မကယ်နိုင်ခဲ့ကြဘူး။ ကျွန်တော်တို့ရောက်ရောက်ချင်း ကယ်ဆယ်ရေးလုပ်ပေမဲ့ သူ့ကိုရှာတွေ့တဲ့အချိန်မှာအသက်မရှိတော့ပါဘူး။ ကယ်ဆယ်ချိန် မိနစ် ၂၀ လောက် ကြာခဲ့ပါတယ်"ဟု မိုးကုတ်မြိူ့နယ်မီးသတ်တပ်ဖွဲ့စခန်းမှ မီးသတ်အရာရှိတစ်ဦးက ပြောပါတယ်။

နှစ်ဦးစလုံးကို မြတ်စေတနာလူမှုကူညီရေးကားနဲ့ မိုးကုတ်မြို့နယ်ပြည်သူ့ဆေးရုံကိုပို့ ဆောင်ခဲ့တယ်လို့ သိရပါတယ်။ 

မိုးကုတ်မှာ ကျောက်မျက်တူးဖော်ရေးလုပ်ကွက်ဟောင်းတွေမှာ တစ်နိုင်တစ်ပိုင် ကျောက်မျက်တူးဖော်ကြတဲ့ ဒေသခံလုပ်သား အများအပြားရှိနေပြီး မကြာခဏ မြေပြို၊ တွင်းပြိုကျမှုတွေ ကြောင့် အခုလိုသေဆုံး ထိခိုက်ဒဏ်ရာရမှုတွေလည်း မကြာခဏဖြစ်ပွားလေ့ရှိတယ်လို့လည်းသိရပါတယ်။


အလွတ်တန်းသတင်းထောက် ကျော််သူ ပေးပို့ထားသော သတင်းဖြစ်ပါသည်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က