Xiaomi ရဲ့နောက်ထပ် ဆွဲဆောင်မှုရှိတဲ့ဖုန်းတစ်လုံးပါ

မြန်မာငွေ ၄ သိန်းအောက်တန် အမိုက်စား 5G ဖုန်းသစ်တစ်မျိုးကို အိန္ဒိယဈေးကွက်မှာ Xiaomi က မိတ်ဆက်လိုက်ပါတယ်။

Xiaomi Mi 10 series ထဲက တန်ဖိုးအသင့်ဆုံး Mid-ranger တစ်မျိုး ဖြစ်တဲ့ Xiaomi Mi 10i 5G ကို မိတ်ဆက်လိုက်တာ ဖြစ်ပြီး အလတ်တန်းစား 5G chipset နဲ့လာပါတယ်။ ထူးခြားတာက အမြင့်တန်းဝင် 120Hz refresh rate နဲ့ 108MP Quad cameras တို့ သုံးလာခြင်း ဖြစ်ပါတယ်။ 




Photo: gizmochina

Xiaomi Mi 10i 5G ဟာ ၆.၆၇ လက်မ IPS LCD panel နဲ့ လာပြီး FHD+ ရုပ်ထွက်ပါရှိပါတယ်။ Punch-hole display အမျိုးအစား ဖြစ်ပြီး 120Hz refresh rate ၊ 240Hz touch sampling rate နဲ့ လာပါတယ်။ မှန်ပြင်အပေါ်ဘက် အလယ်ခေါင်မှာ EIS ရုပ်ငြိမ်စနစ်ပါ 16MP selfie ကင်မရာ ပါရှိပြီး 1080p ဗွီဒီယိုနဲ့ 120fps slow-mo ရိုက်ချက်တွေ ပံ့ပိုးပေးနိုင်မယ်လို့ ဆိုပါတယ်။

IP53 rating ရေစိုခံနှုန်း ပါရှိတဲ့ ဒီဖုန်းဟာ လက်ဗွေစနစ်ကို ဖုန်းဘေးဘောင်မှာ တပ်ဆင်ထားပါတယ်။ ကျောဘက် စက်ဝိုင်းပုံကင်မရာထဲမှာ ဒုတိယမျိုးဆက် Samsung ISOCELL HM2 108MP sensor ၊ ၁၂၀ ဒီဂရီ မြင်ကွင်းကျယ်ရိုက်ကူးနိုင်မယ့် 8MMP super wide lens ၊ 2MP macro ကင်မရာနဲ့ 2MP depth assistant lens တို့ ပါရှိပါတယ်။ 

ပင်မကင်မရာထဲမှာ dual native ISO နဲ့ 9-in-1 pixel binning နည်းပညာ ထည့်ထားပြီး အလင်းအားနည်းချိန် ဓါတ်ပုံရိုက်ချက်တွေပိုကောင်းစေမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဖုန်းထဲမှာ အအေးပေးစနစ်ထည့်ထားပြီး ဖုန်းတွင်း အပူချိန်ကို ထိန်းညှိပေးမှာပါ။ ဖုန်းအပူချိန်ကို တိုင်းတာထိန်းညှိဖို့အတွက်လည်း ကျောဘက်မှာ အပူချိန်တိုင်းအာရုံခံ ၁၁ မျိုး ပါရှိပါတယ်။

Photo: GSMArena

processor ကိုတော့ Snapdragon 750G chipset သုံးထားပြီး RAM 8GB/256GB storage အထိ ထွက်ထားတဲ့အပြင် microSD Card တစ်ခုလည်း ထည့်နိုင်မှာပါ။ ဘက်ထရီပါဝါ 4820mAh ဟာ 33W fast charging ပံ့ပိုးထားပြီး စတီရီယိုစပီကာနဲ့ ဂိမ်းအတွင်း တုန်ခါမှုအတွက် Linear Motor တစ်ခုပါ ထည့်ပေးထားပါတယ်။

အနက် ၊ အပြာနဲ့ ပစိဖိတ်နေထွက်ချိန်လို့ နာမည်ပေးထားတဲ့ ကာလာဆန်းတွေ ထွက်ထားပြီး RAM 6GB/64GB storage ဗားရှင်းကို ရူပီး ၂၀၉၉၉ (မြန်မာငွေ ၃ သိန်း ၈ သောင်းခန့်) ဈေးတွေနဲ့ ရောင်းချသွားမှာပါ။ 


ဆက်စပ်အကြောင်းအရာများ

Share

က္က