တူမလေးရဲ့ အကြောင်းတွေ ပြောပြလာပါတယ်။

စိုးပြည့်သဇင်ကတော့ ဂီတအလုပ်တွေ အမြဲတမ်း အတူတူ တွဲလုပ်ဖြစ်တဲ့ အစ်မဖြစ်သူ စန္ဒီမြင့်လွင်တို့ မိသားစုလေးအပေါ် သူမရဲ့ သဘောထားတွေကို ပြောပြလာပါတယ်။ 

Photo: Soe Pyae Thazin



စိုးပြည့်သဇင်ကတော့ အနုပညာမျိုးရိုးကနေ ဆင်းသက်လာတဲ့ အနုပညာရှင် တစ်ယောက်ဖြစ်ပါတယ်။ သူဟာ အစ်မဖြစ်သူ စန္ဒီမြင့်လွင်ကနေ မွေးဖွားလာတဲ့ တူမလေး ထရက်ရှာကိုလည်း အနုပညာရှင်တစ်ယောက် ဖြစ်လာစေချင်တဲ့ ဆန္ဒကို ပြောပြလာပါတယ်။ 

“ အနုပညာအလုပ်ကို သူသာ ဝါသနာပါခဲ့မယ် ဆိုရင်ကောင်းတာပေါ့နော်။ စိုးပြည့်တို့ရဲ့ အနုပညာမျိုးရိုးက ဆက်ပြီးတော့ ရှိနေဦးမှာပေါ့။ မဒီ တို့က မိဘဆိုတော့ သားသမီးကို ပိုပြီးတော့ ပံ့ပိုးပေးနိုင်မှာပါ။ သားသမီးအတွက်လည်း ပိုစဉ်းစားပေးနိုင်မှာပါ။ ကလေးကိုယ်တိုင်ကလည်း သူ ဘာဖြစ်ချင်သလဲ ဆိုတဲ့ အပေါ်မှာ မူတည်တာပေါ့။ ထရက်ရှာလေးက အရမ်းချစ်ဖို့ကောင်းတယ်။ အရမ်းလည်း တတ်တယ်။ အဲဒါကြောင့်လည်း ပရိသတ်တွေက ပိုပြီးတော့ ချစ်တာဖြစ်မယ်။ ပြီးတော့ သူက လုံးလုံး ကစ်ကစ် ကလေးလေ။ ပြီးတော့ သူက အဖေချစ်။ မဒီ ဆို အမြဲပြောတယ် သူက ငါ့ကို မကပ်ဘူး၊ ငါ့ကို မချစ်ဘူးနဲ့” ဆိုပြီးတော့ Duwun ရဲ့ သီးသန့် အင်တာဗျူးမှာ ဖြေဆိုခဲ့တာပါ။ 

Photo: Dior

စိုးပြည့်သဇင်ကတော့ သရုပ်ဆောင်တစ်ယောက်အနေနဲ့ အစ်မဖြစ်သူ စိုးမြတ်သူဇာနဲ့ ဇာတ်ကားတွေ ရိုက်ခဲ့သလို စန္ဒီမြင့်လွင်နဲ့လည်း သီချင်းတွေ ဖန်တီးထားတာကို တွေ့ရပါတယ်။ ဒါပေမယ့် အခုချိန်မှာ ကိုယ်ပိုင်မိသားစုဘဝလေးနဲ့ ပျော်ရွှင်နေတဲ့ စန္ဒီမြင့်လွင်ကို ကြည့်ပြီး ဝမ်းသာနေရတယ်လို့ စိုးပြည့်သဇင်က ဆိုပါတယ်။ 

“ မ ဒီးတို့ရဲ့ မိသားစုလေးကို ကြည့်ပြီး ပျော်ဖို့လည်း ကောင်းသလို ဝမ်းလည်း ဝမ်းသာတယ်။ ဘာပဲ ပြောပြော မ ဒီ က သူ့ အသက်၊ သူ့အရွယ်မှာ အိမ်ထောင်ပြုသင့်တဲ့အရွယ်မှာ ပြုတယ်၊ မိသားစု တစ်စု တည်ဆောက်တယ်၊ အခုလို သူ့ မိသားစုလေးနဲ့ သူ ပျော်နေတာ မြင်ရတော့လည်း တကယ်ကို ပီတိဖြစ်ရတယ်ရှင့်။ ကိုယ့်အတွက်ကတော့ အဝေးကြီးပါပဲ” ဆိုပြီးတော့ သဘောကျရယ်မောရင်း ပြောပြခဲ့တာပါ။

Photo: Soe Pyae Thazin

စိုးပြည့်သဇင်ဟာ အသက် ၁၃ နှစ်ကတည်းက အနုပညာလောကထဲကို စတင် ဝင်ရောက်ခဲ့သူပါ။ အသက် (၁၈) နှစ်မှာတော့ ပထမဆုံးအကြိမ် အကယ်ဒမီဆု ရရှိခဲ့ပါတယ်။ သူမဟာ သရုပ်ဆောင်ပိုင်းမှာသာမက အဆိုပိုင်းမှာလည်းပရိသတ်အားပေးမှုရရှိထားသူ ဖြစ်ပြီး ချစ်သူရွေးမယ်တေးစီးရီးနဲ့ အချစ်ကို ရှာဖွေတွေ့ရှိခြင်း ဆိုတဲ့ တေးစီးရီးတွေထွက်ရှိထားပါတယ်။ ဂီတ နဲ့ ပတ်သက်ပြီးတော့လည်း အောင်မြင်မှုတွေ ရရှိထားသူ တစ်ယောက်ဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က