Huawei ဖုန်းဈေးကွက်ဝေစု ထိုးကျသွားဖို့ ရှိပါတယ်

၂၀၂၁ မှာ ကမ္ဘာ့စမတ်ဖုန်းထုတ်လုပ်မှု မြင့်တက်လာဖို့ရှိပေမယ့် Huawei ကတော့ စမတ်ဖုန်းအမှတ်တံဆိပ်အဆင့်သတ်မှတ်ချက်ကနေ ကျဆင်းလာဖို့ ရှိပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးဂယက်ကြောင့် ၂၀၂၀ ပြည့်နှစ်မှာ ကမ္ဘာ့စမတ်ဖုန်းထုတ်လုပ်မှုကျဆင်းခဲ့ပြီး စုစုပေါင်း စမတ်ဖုန်းအလုံးရေ ၁.၂၅ ဘီလျံပဲ ထုတ်လုပ်နိုင်ခဲ့တာပါ။ ၂၀၂၁ ခုနှစ်မှာ စမတ်ဖုန်းတင်ပို့မှု ၁.၃၆ ဘီလျံအထိ မြင့်တက်လာဖို့ ခန့်မှန်းထားပြီး Huawei ဟာ ဒီနှစ် ထိပ်တန်းဖုန်းကုမ္ပဏီ ၆ ခုစာရင်းမှာ ပါလာဖို့ မရှိဘူးလို့ TrenForce သတင်းက ဆိုပါတယ်။




TrenForce အစီရင်ခံစာအရ ၂၀၂၀ ပြည့်နှစ်မှာ နှစ်အလိုက် စမတ်ဖုန်းထုတ်လုပ်မှု ၁၁ ရာခိုင်နှုန်းအထိ စံချိန်တင်ကျဆင်းခဲ့တယ်လို့ ဆိုပါတယ်။ စမတ်ဖုန်းတင်ပို့မှု ကျဆင်းခဲ့ပေမယ့် ကမ္ဘာ့ထိပ်တန်းစမတ်ဖုန်းကုမ္ပဏီစာရင်းမှာ Samsung ၊ Apple ၊ Huawei ၊ Xiaomi နဲ့ OPPO တို့က ရပ်တည်ခဲ့တာ ဖြစ်ပါတယ်။ ဒီနှစ်မှာတော့ Huawei ရဲ့ စမတ်ဖုန်းဈေးကွက်ဝေစုဟာ အကြီးအကျယ် ကျဆင်းဖို့ ရှိပြီး ထိပ်တန်းဖုန်းကုမ္ပဏီ ၆ ခုစာရင်းကနေပါ တွေ့ရဖို့ မရှိဘူးလို့လည်း ဆိုပါတယ်။

Huawei ဟာ ကုမ္ပဏီရဲ့ Sub-brand တစ်ခုဖြစ်တဲ့ Honor ကိုလည်း ရောင်းချထားတဲ့အပြင် စမတ်ဖုန်းထုတ်လုပ်မှုလည်း အခက်အခဲတွေ တွေ့နေတာပါ။ TrenForce အစီရင်ခံစာအဆိုအရ ယခုနှစ် ထိပ်တန်း စမတ်ဖုန်း Brands ၆ ခုစာရင်းမှာ Samsung ၊ Apple ၊ Xiaomi ၊ OPPO ၊ Vivo နဲ့ Transsion တို့ ရောက်လာမယ်လို့ ခန့်မှန်းထားပါတယ်။ 

ဒီထိပ်တန်း ဖုန်းကုမ္ပဏီခြောက်ခုပေါင်း ဈေးကွက်ဝေစုဟာ ကမ္ဘာ့စမတ်ဖုန်းဈေးကွက်တစ်ခုလုံးရဲ့ ၈၀ ရာခိုင်နှုန်းနီးပါးအထိ ရှိလာမယ်လို့လည်း ဆိုပါတယ်။ ၂၀၂၁ ထုတ် စမတ်ဖုန်းအားလုံးရဲ့ ၃၇ ရာခိုင်နှုန်းဟာလည်း 5G ကွန်ရက်ရတဲ့ စမတ်ဖုန်းတွေ ဖြစ်ဖို့ ရှိပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က