In partnership with  logo
ကိုဗစ်ကြောင့် အလုပ်အကိုင် အခက်အခဲ ဖြစ်နေသော အလုပ်ရှာဖွေနေသူများကို အချိန်မကုန် အပြင်ထွက်စရာမလိုဘဲ အလွယ်တကူ အလုပ်အကိုင်များ ရှာဖွေနိုင်ရန် ရည်ရွယ် ကျင်းပခြင်း ဖြစ်သည်။
Sponsored bylogo

မြန်မာ့ပထမဆုံး အွန်လိုင်း အလုပ်အကိုင်ပြပွဲကြီး First Ever Virtual Career Fair ကြီးကို လာမည့်



ဖေဖော်၀ါရီလ ၆ ရက် နှင့် ၇ ရက် နေ့တွင် MyJobs မှ ကြီးမှူး ကျင်းပသွားမှာဖြစ်ပါသည်။ ကိုဗစ်ကြောင့် အလုပ်အကိုင် အခက်အခဲ ဖြစ်နေသော အလုပ်ရှာဖွေနေသူများကို အချိန်မကုန် အပြင်ထွက်စရာမလိုဘဲ

အလွယ်တကူ အလုပ်အကိုင်များ ရှာဖွေနိုင်ရန် ရည်ရွယ် ကျင်းပခြင်း ဖြစ်သည်။ ပြည်တွင်း ပြည်ပ

ကုမ္ပဏီပေါင်း ၅၀ ကျော်မှ ခေါ်ယူသွားမယ့် အလုပ်အကိုင် ၁၀၀၀ ‌ကျော်ကို အွန်လိုင်းမှ

လျှောက်ထားနိုင်အောင် စီစဥ် ပေးထားပါသည်။ ရာချီသော တတ်သိပညာရှင်များ

တက်ရောက်သွားမည့် အွန်လိုင်း ဟောပြောပွဲများစွာလည်း ပါ၀င်မှာ ဖြစ်ပါသည်။ ပြည်တွင်း

ပြည်ပ တတ်သိပညာရှင်များမှလည်း အနာဂတ်အလုပ်အကိုင်အတွက် အတွေ့အကြုံများ

ဝေမျှဖို့ တက်ရောက်ကြမှာဖြစ်ပါသည်။

အွန်လိုင်းအလုပ်အကိုင်ပြပွဲကြီး စီစဉ်ဖြစ်ပုံနှင့်ပတ်သက်၍ MyJobs ၏

အမှုဆောင်အရာရှိချုပ်ဖြစ်သူ Mr. Harry Anarakis က “၂၀၂၀ခုနှစ်တွင် COVID-19 ၏

အကျိုးသက်ရောက်မှုမှာ မြန်မာ့စီးပွားရေးအပေါ်အကြီးအကျယ်သက်ရောက်မှုရှိသည်။

COVID-19 စီးပွားရေးပြန်လည်နာလန်ထူရေးအတွက် တိုင်းပြည်အတွက်

အင်အားအကောင်းဆုံးစီးပွားရေးလုပ်ငန်းအဖြစ်မကြာသေးမီကမှ အစိုးရသည် စီးပွားရေး၏

ဒစ်ဂျစ်တယ်စနစ်ကို ထောက်ခံကြောင်းထပ်မံအတည်ပြုပြောကြားခဲ့သည်။ MyJobs Myanmar

သည် လွန်ခဲ့သော (၈)နှစ်တာကာလအတွင်းမြန်မာနိုင်ငံ၏ အလုပ်အကိုင်ဈေးကွက်၏

ဒီဂျစ်တယ်တီထွင်မှုလုပ်ငန်းစဉ်ကို ပံ့ပိုးကူညီခဲ့သည်။ဒါကြောင့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၆

ရက်နှင့် ၇ ရက်တို့တွင် ပထမဆုံး VIRTUAL CAREER FAIR ကို စီစဉ် ကျင်းပတာဖြစ်ပြီး


၂၀၂၁ ခုနှစ်တွင် မြန်မာစီးပွားရေးတိုးတက်အောင် အတူတကွကူညီနိုင်အောင် ပူးပေါင်းပါဝင်ဖို့

ဖိတ်ခေါ် ပါရစေ။ အတူတကွ ပူးပေါင်းလုပ်ကြစို့ !” ပြောကြားပါသည်။

ခေတ်မီ အွန်လိုင်း ပလက်ဖောင်းပေါ်တွင် Register ကြိုတင် စာရင်းသွင်းကာ

ကိုယ်ပိုင်အကောင့်ဖြင့် လွယ်လင့်တကူ အလုပ်ရှာဖွေလို့ ရမည့်အပြင် အလုပ်ခေါ်ယူနေသော

ကုမ္ပဏီများမှ တာ၀န်ရှိသူများ နှင့် တိုက်ရိုက် တွေ့ဆုံနိုင်မယ့် အခွင့်အရေး များ ရရှိမှာ

ဖြစ်ပါသည်။ MyJobs ၏ Virtual Career Fair တက်ရောက်ခြင်းဖြင့် နယ်ပယ်စုံ ကဏ္ဍပေါင်းစုံမှ

တတ်သိပညာရှင်များမှလည်း လက်ရှိ မျက်မှောက်ကာလတွင် အလုပ်များမှ လိုအပ်ချက်များ၊

ပြင်ဆင်သင့်သည်များ၊ မိမိအလုပ်လျှောက်သည့်အခါ ပြန်လည်အသုံး၀င်မည့်

အ‌ကြောင်းအရာများ၊ လက်ရှိ လုပ်ငန်းခွင်များတွင် လိုအပ်သော အတတ်ပညာ အသိပညာများ

နှင့် အသက်မွေး၀မ်းကြောင်း ဖွံ့ဖြိုး တိုးတက်မှုအတွက် အထောက်အကူ ပြုမည်

အ‌ကြောင်းအရာများကို ‌ပြောကြားပေးသွားမှာ ဖြစ်ပါသည်။ ထောင်ပေါင်းများစွာသော

တတ်သိပညာရှင်များစွာ တက်ရောက်ဖို့ ဖိတ်ကြားထားတာ‌ကြောင့် အွန်လိုင်းကတဆင့်

Professional Network တစ်ခုကို ရရှိပိုင်ဆိုင်နိုင်မှာ ဖြစ်ပါသည်။

အွန်လိုင်းကနေ အလုပ်ရှင်၏ကိုယ်ရေးရာဇ၀င်အချက်အလက်များကိုပါလေ့လာခွင့်ရရှိနိုင်ပြီး

MyJobs ၏ ဒစ်ဂျစ်တယ် ပရိုဖိုင်းဖြင့် တစ်နေရာတည်းမှာတင် အလုပ်အကိုင်များစွာကို အခမဲ့

လျှောက်ထားနိုင်မှာ ဖြစ်ပါသည်။ အလုပ်တစ်ခုကိုမလျှောက်ခင် pre-employment assessment

ကို ဖြေဆိုနိုင်အောင်လည်း စီစဥ်ပေးထားတာကြောင့် ကိုယ့်အရည်အချင်းကို အလုပ်ရှင်မှကနဦး

အကဲဖြတ်သတိပြုမိစေဖို့ ဆောင်ရွက်ပေးထားပါသည်။ MyJobs Candidate Team မှလည်း

အွန်လိုင်းအလုပ်လျှောက်ထားမှုများကို ဖုန်း ၊ အွန်လိုင်း Facebook & Viber တို့ မှတဆင့်

အလုပ်ရှာဖွေသူများကို ကူညီပေးသွားမှာဖြစ်ပါသည်။

Share

က္က