မန်စီးတီးကို ကာရာဘောင်းဆီမီးပွဲမှာ အရေးနိမ့်ခဲ့တာပါ။

ယူနိုက်တက်ဟာ မနေ့ညက မန်စီးတီးကို ကာရာဘောင်းဖလားဆီမီးဖိုင်နယ်မှာ အရေးနိမ့်ခဲ့ပြီး ဆုဖလားတစ်လုံးလက်လွှတ်ခဲ့ရပြီဖြစ်ပါတယ်။ 


ယူနိုက်တက်အသင်းကွင်းလယ်လူပေါလ်ပေါ့ဂ်ဘာက သူတို့အတွက် ဝမ်းနည်းနေဖို့ အချိန်မရှိဘူးလို့ ပြောဆိုလိုက်ပြီး အမှတ်ပေးဖလားအတွက် အကောင်းဆုံးကြိုးစားသွားဖို့ အသင်းဖော်တွေကို တိုက်တွန်းလိုက်ပါတယ်။ ယူနို်က်တက်ဟာ မနေ့ညက မန်စီးတီးကို ကာရာဘောင်းဖလားဆီမီးဖိုင်နယ်မှာ အရေးနိမ့်ခဲ့ပြီး ဆုဖလားတစ်လုံးလက်လွှတ်ခဲ့ရပြီဖြစ်ပါတယ်။ 



ယူနိုက်တက်အတွက်ကစားပေးရတာဟာ မလွယ်ကူဘူးလို့လည်း ပေါ့ဂ်ဘာက ပြောကြားခဲ့ပြီး ရှုံးပွဲကနေ အမြန်ဆုံးရုန်းထွက်နိုင်ဖို့ အာရုံစိုက်နေတယ်လို့လည်း MUTV က တဆင့် ပြောဆိုခဲ့ပါတယ်။ ၂၀၂၁ ခုနှစ်မှာ ယူနိုက်တက်က အောင်မြင်မှုရရှိမယ်လို့လည်း ပြင်သစ်ကြယ်ပွင့်က ယုံကြည်နေပြီး အခုလိုပဲ ပြောဆိုသွားခဲ့ပါတယ်။ 

"ဒီတစ်ပတ်အတွက် စိတ်ပျက်နေဖို့ ကျွန်တော်တို့မှာ အချိန်မရှိပါဘူး၊ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ ဘယ်အနေအထားကိုရောက်နေလဲဆိုတာကို သိနေလို့ပါ၊ အခုဆိုရင် အသင်းက ကောင်းမွန်တဲ့အဆင့်တစ်ခုမှာရှိနေပါတယ်၊ စိတ်ပျက်နေဖို့ အချိန်မရှိပါဘူး၊ အချိန်ကို မရှိတာပါ၊ နောက်တစ်ကြိမ်ကျော်ဖြတ်ဖို့နဲ့ ရှေ့ဆက်သွားရပါလိမ့်မယ်"

"ဒီရှုံးပွဲတွေက သင်ယူရမှာဖြစ်ပြီး ဒါက အသင်းကိုအများကြီးကူညီပေးနိုင်ပါလိမ့်မယ်၊ ဒါဆိုရင် ပိုမိုကောင်းမွန်လာပြီးတော့ ရလဒ်ကောင်းတွေလည်း နောက်ပွဲမှာ ရယူနိုင်မှာပါ၊ ယူနိုက်တက်အတွက် ကစားပေးနေရတာက မလွယ်ကူပါဘူး၊ ဘယ်တော့မှမလွယ်ကူပါဘူး၊ ဒီအသင်းက အောင်မြင်မှုတွေ၊ ကြီးမားတဲ့အရာတွေအပေါ်မှာ တည်ဆောက်ထားတာပါ၊ ဒါကြောင့် ကျွန်တော်တို့လိုချင်တဲ့အရာတွေကလည်း ကြီးမားခမ်းနားပါတယ်" လို့ ပေါ့ဂ်ဘာကဆိုပါတယ်။

ယူနိုက်တက်ကတော့ ပရီးမီးယားလိဂ်မှာ လီဗာပူးလ်နဲ့ ရမှတ်တူပူးတွဲဦးဆောင်နေပါတယ်။ လာမယ့်စနေနေ့မှာတော့ သူတို့က အက်ဖ်အေဖလားပွဲအဖြစ် ဝက်ဖို့ဒ်နဲ့ ကစားသွားရမှာဖြစ်ပြီး အဆိုပါပွဲပြီးပါက ဘန်လေနဲ့ ပရီးမီးယားလိဂ်လက်ကျန်ပွဲကို ကစားသွားရမှာဖြစ်ပါတယ်။ 

Share

က္က