Realme ရဲ့ ယခုနှစ်အတွက် ပထမဆုံးဖုန်းဖြစ်တဲ့ Realme V15 5G ကို ဖြန့်ချိလိုက်ပါတယ်။
ဒီဇိုင်းအနေနဲ့ Realme V15 5G ဟာ သိပ်ထူးထူးခြားခြား ဆန်းသစ်လာတာ မရှိပေမယ့် ကာလာအတွဲအစပ်တွေ နဲ့ ကျောဘက် panel ဒီဇိုင်းက ဖမ်းစားနိုင်စွမ်းရှိပါတယ်။ ကျောဘက် panel ဟာ ထောင့်အမျိုးမျိုးကနေ အလင်းပြန်အောင် double-texture double-plating process နဲ့ ထုတ်ထားတာ ဖြစ်ပါတယ်။ ရှေ့AMOLED display ကို Samsung က ထုတ်ပေးထားပြီး fingerprint ကိုလည်း ဖုန်း screen အောက်မှာ မြှပ်ထားတာပါ။
Photo: Gizmochina
Screen အပေါ်ဘယ်ဘက်ထောင့်မှာရှိတဲ့ punch-hole ကင်မရာပေါက်ထဲမှာ 16MP selfie ကင်မရာပါရှိပါတယ်။ Screen size ၆.၄ လက်မရှိပြီး FHD+ resolution ၊ 180Hz touch sampling rate နဲ့ အမြင့်ဆုံးတောက်ပမှုအဆင့် 600nits အထိ ပံ့ပိုးပေးထားပါတယ်။ 5G ဖုန်းတစ်လုံးဖြစ်ပြီး processor အနေနဲ့ Dimensity 800U SoC သုံးထားပါတယ်။ ဖုန်းအပူကို လျှော့ချဖို့အတွက် Copper tube တစ်ခုလည်း ဖုန်းထဲမှာ ထည့်ထားပါတယ်။
onboard storage 128GB ပါရှိပြီး RAM 6GB/8GB နှစ်မျိုးနဲ့လာပါတယ်။ လက်ရှိသုံးထားတဲ့ OS ဟာ Android 10 ကို အခြေခံထားတဲ့ RealmeUI 1 ဖြစ်ပါတယ်။ မကြာခင်မှာ Android 11 ကို အခြေခံထားတဲ့ Realme UI 2.0 တင်ပေးသွားမယ်လို့ ဆိုပါတယ်။ USB-C port ကနေ အားသွင်းနိုင်မယ့် 4310mAh ဘက်ထရီပါဝါ သုံးထားပြီး 50W fast charging နည်းပညာပံ့ပိုးထားပါတယ်။ ဖုန်းနဲ့အတူ ဘူးထဲမှာ 65W power adapter နဲ့ USB-C ကနေ 3.5mm headphone jack adapter တစ်ခုလည်း ထည့်ထားပါတယ်။
Photo: devicespecifications
ကင်မရာပိုင်းမှာ 64MP primary sensor နဲ့အတူ 8MP ultrawide နဲ့ 2MP macro lens ဆိုပြီး ကင်မရာ သုံးလုံး ပါရှိပါတယ်။ ရှေ့နဲ့ နောက်ကင်မရာတွေဟာ Super Night Mode နဲ့လာပြီး AI Beauty ၊ Portrait Mode ၊ Movie Mode နဲ့ UIS Max video recording နည်းပညာတွေ ပံ့ပိုးထားပါတယ်။ 5G ဖုန်းတစ်လုံးဖြစ်ပြီး SA/NSA ကွန်ရက်နှစ်မျိုးစလုံး ပံ့ပိုးနိုင်တဲ့ dual-mode 5G နဲ့ လာပါတယ်။
Realme V15 5G ဟာ Crescent Silver ၊ Mirror Lake Blue နဲ့ လိမ္မော်ရောင်ပြေးကာလာစပ် Koi ဆိုပြီး အရောင် ၃ မျိုးနဲ့ ထွက်ထားပါတယ်။ အခြေခံမော်ဒယ် RAM 6GB/128GB storage ဗားရှင်းကို ၁၄၉၉ ယွမ် (မြန်မာငွေ ၃ သိန်းကျော်) ဈေးကနေ စတင်ရောင်းချသွားမှာပါ။