ဦးအောင်နိုင်က နည်းစနစ်ဒါရိုက်တာ ရာထူးကို ပြောင်းလဲတာဝန်ယူမှာပါ။

ဦးအောင်နိုင်က ရှမ်းအသင်းနှင့်အတူ အောင်မြင်မှုတွေ ၂နှစ်ဆက်တိုက်ယူထားပေးသူဖြစ်ပြီး နည်းစနစ် ဒါရိုက်တာ ရာထူးကို တိုးပေးကာ လူငယ် နည်းပြ ဦးဟန်ဝင်းအောင်ကို နည်းပြချုပ်နေရာ အစားထိုး ခန့်အပ်လိုက်တာပါ။

ဓာတ်ပုံ - ရှမ်းယူနိုက်တက်

မြန်မာနေရှင်နယ်လိဂ် ၂ထပ်ကွမ်းချန်ပီယံ ရှမ်းယူနိုက်တက်အသင်းဟာ အောင်မြင်မှုတွေ အလီလီဆောင်ကြဥ်း ပေးနိုင်ခဲ့တဲ့ နည်းပြချုပ် ဦးအောင်နိုင်နေရာမှာ လူငယ်နည်းပြ ဦးဟန်ဝင်းအောင်နဲ့ အစားထိုးတာဝန်ပေးလိုက်ပါ တယ်။



ဦးအောင်နိုင်ဟာ ရှမ်းယူနိုက်တက်ကို နည်းပြချုပ်အဖြစ် တာဝန်ယူစဥ်ကာလအတွင်း ၂၀၁၉ခုနှစ်မှာ ပထမဆုံး ရှုံးပွဲ မရှိ ချန်ပီယံ ဖြစ်ခဲ့သလို ၂၀၂၀မှာလည်း ချန်ပီယံဆုကို ကာကွယ်ကာ ၂နှစ်ဆက် ချန်ပီယံ ဖြစ်ခဲ့ပါတယ်။

လက်ရှိမှာတော့ ဦးအောင်နိုင်ကို ရှမ်းယူနိုက်တက်အသင်းဟာ နည်းစနစ်ဒါရိုက်တာအဖြစ် ဆက်လက် တာဝန်ပေး မှာ ဖြစ်ပြီး လက်ထောက်နည်းပြ ဦးဟန်ဝင်းအောင်ကို နည်းပြချုပ်အဖြစ် ပြောင်းလဲ တာဝန်ပေးသွားမှာပါ။

ဦးဟန်ဝင်းအောင်ကတော့ ရှမ်းယူနိုက်တက်(ယခင် ကမ္ဘောဇ) ကစားသမားဟောင်းတစ်ဦးဖြစ်ပြီး ၂၀၁၃ခုနှစ်မှာ ကစားသမားဘဝက အနားယူခဲ့သူပါ။

မြန်မာ့လက်ရွေးစင်ဟောင်းတစ်ဦးလည်း ဖြစ်သူ ဦးဟန်ဝင်းအောင်ဟာ နည်းပြချုပ် အတွေ့အကြုံမရှိပေမယ့် ရှမ်း ယူနိုက်တက်အသင်းမှာ လက်‌ထောက်နည်းပြအဖြစ် ၄နှစ်အတွင်း ချန်ပီယံ ၃ကြိမ်အထိ ဖြစ်ခဲ့သူပါ။

အသက် ၃၇နှစ်သာရှိသေးတဲ့ ဦးဟန်ဝင်းအောင်အတွက် ချန်ပီယံကာကွယ်ဖို့နဲ့ အေအက်ဖ်စီပွဲစဥ်တွေက ကစားဖို က အဓိက စိန်ခေါ်မှုတွေဖြစ်လာမှာပါ။

“ချန်ပီယံအသင်းဖြစ်နေလို့ ချန်ပီယံလိုပဲ ကစားပါမယ်။ အသင်းမှာ လူငယ်တွေနဲ့ အတွေ့အကြုံရှိတဲ့ ပလေယာ တွေကို အချိုးညီညီ ပေါင်းစပ်ထားတယ်။ ဒီနေ့ခေတ် ဘောလုံးလောကက အများကြီး တိုးတက်နေပါပြီ။ တဦးချင်း ကောင်းအောင် ကြိုးစားပြီး အသင်းလိုက်ရလဒ်ကောင်းဖို့ကို ရည်ရွယ်ထားပါတယ်။ Pressing Game သဘောမျိုး ကစားမယ်။ ရှမ်းယူနိုက်တက်မှာ ကစားရင်းနဲ့ ပလေယာအတွက်ရော၊ အသင်းအတွက်ပါ အကျိုးရှိအောင်၊ အောင် မြင်မှုရအောင် အားလုံး လက်တွဲလုပ်သွားမယ်”လို့ ဦးဟန်ဝင်းအောင်က ရှမ်းမီဒီယာကိုပြောပါတယ်။

၂၀၂၁ ခုနှစ် မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲကို ဧပြီလမှာစတင်ဖို့ လိဂ်ကော်မတီအစည်းအဝေးမှာ ဆုံးဖြတ်အတည်ပြု ခဲ့ပြီး ဖြစ်တာကြောင့် ကလပ်အသင်းတွေဟာ လူအင်အားဖြည့်တင်းမှုတွေ စတင်လုပ်ဆောင်နေကြပြီ ဖြစ်ပါတယ်။

ရှမ်းယူနိုက်တက်အသင်းကလည်း ရာသီသစ် ပြင်ဆင်မှုအဖြစ် ပြည်တွင်းကစားသမား ၅ဦးထိ ခေါ်ယူထားပြီး ဖြစ် တယ်လို့လည်း သိရပါတယ်။

Share

Loading Next Article...
က္က