ပရိသတ်တွေကလည်း သာဓုခေါ်ခဲ့ကြတဲ့ ကုသိုလ်လေးပါ။

ဦးကျော်သူဟာ ကိုဗစ်ရောဂါပြန့်ပွားရေးကာကွယ်မှု တစ်ခုအနေနဲ့ ငွေကျပ်သိန်း(၁၀၀) လှူဒါန်းခဲ့တယ်လို့ ဆိုပါတယ်။ 

Photo: Kyaw Thu



လက်ရှိဖြစ်ပေါ်နေတဲ့ COVID-19 ကူးစက်ရောဂါ နဲ့ ပတ်သက်ပြီး ကာကွယ်ဆေးတွေ ထွက်ပေါ်လာပြီဖြစ်ပါတယ်။ ဒီ ကာကွယ်ဆေးတွေကို လုံလုံလောက်လောက် ဝယ်ယူနိုင်ဖို့အတွက် နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဌ ဦးကျော်သူက ကျပ်သိန်း(၁၀၀) လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။ 

" ကိုဗစ်ကာကွယ်ရေးဆေး အတွက် နာရေးကူညီမှုအသင်း(ရန်ကုန်) မှနေပြည်တော် သို့ ကျပ်သိန်းတစ်ရာ (၁၀၀၀၀၀၀ဝိ/-) လှူဒါန်းခြင်း။ နတ်လူသာဓုခေါ်စေသော်" ဆိုပြီးတော့ ဇန်နဝါရီလ (၉) ရက်နေ့ ညနေ ၅ နာရီကျော်က ဦးကျော်သူရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။ 

Photo: Kyaw Thu

ဦးကျော်သူ ကိုယ်တိုင်ကလည်း ကိုဗစ်ရောဂါပိုး ကူးစက်ခံခဲ့ရဖူးသူဖြစ်ပါတယ်။ သူဟာ အောက်တိုဘာလ (၂၁) ရက်နေ့တုန်းက ဆေးစစ်ချက်အရ ကိုဗစ်ပိုးတွေ့ရှိခဲ့ရတာကြောင့် ဝေဘာဂီဆေးရုံကြီးမှာဆေးကုသမှု ခံယူခဲ့တာဖြစ်ပြီး နိုဝင်ဘာလ(၇) ရက်နေ့မှာ ကိုဗစ်ရောဂါပိုး ကင်းစင်သွားခဲ့တာဖြစ်ပါတယ်။ သူဟာ နှလုံးခွဲစိတ်ခံထားရသူလည်းဖြစ်သလို ဆီးချို ရောဂါ အခံရှိတာကြောင့် ကိုဗစ်ရောဂါ ကူးစက်ခံလိုက်ရတဲ့ အချိန်မှာ ပရိသတ်တွေသာမက ၊ အနုပညာရှင်တွေကလည်း စိုးရိမ်ပေးခဲ့ကြပါသေးတယ်။ 

Photo: Kyaw Thu

ဦးကျော်သူဦးဆောင်တဲ့ နာရေးကူညီမှုအသင်းဟာ COVID-19 ကာလမှာ ဈာပနပို့ဆောင်ခြင်း၊ ရောဂါပိုးကာကွယ်ရေးအတွက် ဆေးဖြန်းခြင်း၊ မီးဘေးအန္တရာယ် တားဆီးရေး အတွက် ရေသယ်ကားများနဲ့ ကူညီပေးခြင်း၊ ရေရှားပါးတဲ့ ကျေးရွာတွေမှာ ရေအလှူပြုခြင်း စတဲ့ ကုသိုလ်ရေးတွေ ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ ဦးကျော်သူ အနေနဲ့ နာရေးကူညီမှုအသင်း(ရန်ကုန်) ကို ၂၀၀၀ ခုနှစ်ကတည်းက တည်ထောင်ခဲ့တာပါ။ အခုဆိုရင်တော့ ဒီအသင်းကြီးဟာ နှစ်ပေါင်း(၂၀) ကျော်လာခဲ့ပါပြီ။ ဦးကျော်သူဟာ တစ်ချိန်က အကယ်ဒမီဆုတွေ ရရှိခဲ့ဖူးတဲ့ နိုင်ငံကျော် ရုပ်ရှင်သရုပ်ဆောင် တစ်ဦးဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က