အင်စတာဂရမ်ကတဆင့် ဖော်ပြခဲ့တာဖြစ်ပါတယ်။

တူရကီကို အေးဂျင့်နဲ့အတူ ရောက်ရှိနေတဲ့ အိုဇေးလ်ဟာ ဒီမတိုင်ကလည်း အစ္စတန်ဘူလ်ကိုရောက်ရှိနေတဲ့ ဓာတ်ပုံကို ဖော်ပြခဲ့ပြီး သူ့အပြောင်းအရွှေ့ကို အရိပ်အမြွက်ဖော်ပြခဲ့ပါသေးတယ်။ 


အာဆင်နယ်အသင်းရဲ့ ကွင်းလယ်ကစားသမား မီဆွတ်အိုဇေးလ်ရဲ့ ညီ မူတူလ်အိုဇေးလ်က သူ့ရဲ့အင်စတာဂရမ်က History မှာ ဖီနာဘာချီအသင်းရဲ့ တံဆိပ်ကို ဖော်ပြခဲ့ပြီး အစ်ကိုဖြစ်သူရဲ့ အပြောင်းအရွှေ့ကို အသိပေးခဲ့ပြီဖြစ်ပါတယ်။ တူရကီကို အေးဂျင့်နဲ့အတူ ရောက်ရှိနေတဲ့ အိုဇေးလ်ဟာ ဒီမတိုင်ကလည်း အစ္စတန်ဘူလ်ကိုရောက်ရှိနေတဲ့ ဓာတ်ပုံကို ဖော်ပြခဲ့ပြီး သူ့အပြောင်းအရွှေ့ကို အရိပ်အမြွက်ဖော်ပြခဲ့ပါသေးတယ်။ 



ဂျာမနီလက်ရွေးစင်ဟောင်းဟာ အာဆင်နယ်မှာ ပုံမှန်ကစားခွင့်မရရှိဘဲ ပွဲကစားခွင့်ဆုံးရှုံးနေခဲ့မှုကြောင့် အသင်းပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ အာဆင်နယ်မှာ ကစားသမားအဖြစ်ရှိနေခဲ့ပေမယ့် နည်းပြဟောင်းအမ်မရီလက်ထက်မှာရော၊ အာတီတာလက်ထက်မှာပါ ကစားခွင့်မရခဲ့ဘဲ အချိန်ကုန်ဆုံးနေခဲ့ရကာ သူနဲ့အသင်းကြားမှာလည်း ဆက်ဆံရေးအဆင်မပြေဖြစ်ခဲ့ရပါတယ်။ 

အာဆင်နယ်က အိုဇေးလ်ကို တစ်ပတ်လုပ်ခပေါင်သုံးသိန်းခွဲအထိ ပေးချေထားရတာဖြစ်လို့ ရောင်းထုတ်ချင်ခဲ့ပေမယ့် ကစားသမားဘက်က အသင်းမှာသာ ဆက်လက်ကစားမယ်လို့ အခိုင်အမာပြောဆိုခဲ့ကာ ငြင်းဆန်ခဲ့ပါတယ်။ အိုဇေးလ်ဟာ အသင်းရဲ့ ကိုဗစ်ကာလအတွင်း လစာလျှော့ချမှုကိုလည်း သဘောမတူခဲ့ဘဲ လစာအပြည့်သာ ဆက်လက်ပေးချေနေခဲ့ရပါတယ်။ 


အခုအခါမှာတော့ သူ့ကိုခေါ်ယူဖို့ ကာလရှည်စိတ်ဝင်စားနေခဲ့တဲ့ ဖီနာဘာချီအသင်းနဲ့ ညှိနှိုင်းမှုတွေပြုလုပ်နေပြီး ပြောင်းရွှေ့နိုင်တော့မှာဖြစ်ပါတယ်။ ဖန်တီးမှုအရည်အသွေးမြင့်မားပြီး ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးကွင်းလယ်ကစားသမားတွေထဲက တစ်ဦးအဖြစ် ရပ်တည်ခဲ့တဲ့ အိုဇေးလ်ဟာ ပြီးခဲ့တဲ့ရာသီက အသင်းအတွက်ပြိုင်ပွဲစုံ ၂၃ ပွဲကစားပေးခဲ့ရပေမယ့် အရန်ကစားသမားအဖြစ်နဲ့သာ ကစားခဲ့ရပါတယ်။ 


ဒီရာသီမှာတော့ တစ်ပွဲမှ တစ်မိနစ်လေးမှတောင် ကစားပေးထားရခြင်းမရှိဘဲ နည်းပြအာတီတာကိုယ်တိုင်က အိုဇေးလ်ထွက်ခွာတာဟာ အသင်းအတွက်ရော၊ ကစားသမားအတွက်ပါ အကောင်းဆုံးဖြစ်တယ်လို့ ပြီးခဲ့တဲ့တစ်ပတ်က ပြောဆိုထားခဲ့ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

က္က