ဒဏ်ရာကသက်သာပြီး ကစားနိုင်ပြီဖြစ်ပေမယ့် ကိုဗစ်ထိတွေ့မှုရှိခဲ့လို့ နားရဦးမှာပါ။

ဇွန်လအတွင်းက တံကောက်ကြောဒဏ်ရာကို ခွဲစိတ်ကုသခဲ့ရတဲ့ အဂူရိုဟာ ဒီရာသီမှာ အသင်းအတွက် ကစားပေးနိုင်ခြင်းမရှိသလောက် နည်းပါးနေခဲ့ကာ ဒဏ်ရာတွေနဲ့ လုံးပမ်းနေခဲ့ရပြီး စိတ်ပျက်ဖွယ်ဘောလုံးရာသီကို ရင်ဆိုင်နေရပါတယ်။ 


မန်စီးတီးတိုက်စစ်မှူးအဂူရိုဟာ အသင်းအတွက် အောက်တိုဘာလကတည်းက ပါဝင်ကစားပေးနိုင်ခြင်းမရှိဘဲ မနေ့ကကစားခဲ့တဲ့ ဘာမင်ဂမ်နဲ့ အက်ဖ်အေဖလားပွဲမှာ လူစာရင်းထဲ ပါဝင်ခဲ့ပေမယ့် ပြန်လည်နုတ်ထွက်သွားခဲ့ရပါတယ်။ ဒီလိုနုတ်ထွက်ခဲ့ရတာဟာ အဂူရိုက ကိုဗစ်ကူုးစက်ထားသူတစ်ဦးနဲ့ အနီးကပ်ထိတွေ့မှုရှိခဲ့တာကြောင့်ဖြစ်တယ်လို့ နည်းပြဂွာဒီယိုလာက အတည်ပြုခဲ့ပါတယ်။ 



လက်ရှိမှာ အာဂျင်တီးနားတိုက်စစ်မှူးကို တစ်ဦးတည်းသီးသန့်နေထိုင်နေစေတယ်လို့ သိရပြီး ကူးစက်ခံရခြင်းရှိ၊မရှိကို စောင့်ကြည့်ရဦးမှာဖြစ်ပါတယ်။ ဇွန်လအတွင်းက တံကောက်ကြောဒဏ်ရာကို ခွဲစိတ်ကုသခဲ့ရတဲ့ အဂူရိုဟာ ဒီရာသီမှာ အသင်းအတွက် ကစားပေးနိုင်ခြင်းမရှိသလောက် နည်းပါးနေခဲ့ကာ ဒဏ်ရာတွေနဲ့ လုံးပမ်းနေခဲ့ရပြီး စိတ်ပျက်ဖွယ်ဘောလုံးရာသီကို ရင်ဆိုင်နေရပါတယ်။ 

အသက် ၃၂ နှစ်အရွယ် တိုက်စစ်မှူးနဲ့ ပတ်သက်ပြီး ဂွာဒီယိုလာက "ကံမကောင်းစွာနဲ့ဘဲ သူက ကိုဗစ်ကူးစက်ထားသူတစ်ဦးနဲ့ ပုံမှန်ထိတွေ့မှုရှိခဲ့ပါတယ်၊ သူ ရက်အနည်းငယ်လောက် တစ်ဦးတည်းသီးသန့်နေထိုင်သွားရမှာပါ၊ အတိအကျကိုတော့ ကျွန်တော်လည်းမသိဘူး၊ ဘာလို့လဲဆိုတော့ ပြီးခဲ့တဲ့ ၁၀ ရက်ကနေ ၁၅ ရက်အတွင်းမှာ ကျွန်တော်တို့အားလုံး ခြောက်ကြိမ်လောက် ဆေးစစ်မှုခံယူခဲ့ကြလို့ပါ"

"ဒီနေ့ဆိုလည်း သူက နဂ္ဂတစ်ဖြစ်မယ်လို့ ကျွန်တော်ထင်ပါတယ်၊ ဒါပေမယ့် စည်းမျဉ်းစည်းကမ်းတွေအရတော့ တချို့ကိစ္စတွေမှာ ရောဂါခြေချုပ်နဲ့ နေရတာမျိုးတွေဖြစ်လာပါတယ်၊ တချို့ကိစ္စတွေကျတော့ ကစားခွင့်ရရှိပါတယ်၊ သူ ဒီနေ့တော့ ကစားလို့မရခဲ့ပါဘူး" လို့ ဂွာဒီယိုလာက ပြောဆိုခဲ့ကြောင်း Goal.com က ဖော်ပြခဲ့ပါတယ်။ 

မန်စီးတီးကတော့ အသင်းတွင်းမှာ ကိုဗစ်ကူးစက်ခံရမှုတွေကို ရင်ဆိုင်နေရတဲ့ အသင်းတစ်သင်းဖြစ်ပါတယ်။ ဒီအတွက်ကြောင့် အဲဗာတန်နဲ့ကစားရမယ့် ဒီဇင်ဘာလ ၂၈ ရက်နေ့က ပွဲစဉ်ကို ရွှေ့ဆိုင်းခဲ့ရပြီး အသင်းကစားသမားတွေဖြစ်တဲ့ ဝေါ်ကာ၊ ဂျီးဆပ်၊ အီဒါဆန်၊ ဖာရန်းတောရက်စ် နဲ့ တွမ်မီဒွိုင်းလ်တို့ ကူးစက်ခံခဲ့ရကာ အီဒါဆန်၊ ဖာရန်းတောရက်စ်တို့ကတော့ အသင်းကြီးနဲ့အတူ ပြန်လည်လေ့ကျင့်နေပြီလို့ သိရပါတယ်။ 

Share

က္က