FA ဖလားတတိယအဆင့်ပွဲဖြစ်ပြီး ပထမပိုင်းမှာ ၁ဂိုးစီသရေဖြစ်ခဲ့ပါတယ်။

ဗီလာကတော့ ကိုဗစ်ပြသနာတွေရှိနေခဲ့လို့ လူငယ်ကစားသမားတွေနဲ့ ရင်ဆိုင်ခဲ့ရပြီး ပထမပိုင်းအပြီးမှာ လီဗာပူးလ်ကို တစ်ဂိုးစီသရေကျအောင်ကစားနိုင်ခဲ့ပါတယ်။ 


အက်စတွန်ဗီလာနဲ့ကစားခဲ့ရတဲ့ အက်ဖ်အေဖလားပွဲမှာ သူတို့အသင်းအနေနဲ့ အံ့အားသင့်မှုတွေရှိခဲ့ရတယ်လို့ လီဗာပူးလ်ကွင်းလယ်လူဝိုင်နယ်ဒမ်က ပြောဆိုလိုက်ပါတယ်။ အက်ဖ်အေဖလားပွဲအဖြစ် ကစားခဲ့ကြတာဖြစ်ပြီး ဗီလာကတော့ ကိုဗစ်ပြသနာတွေရှိနေခဲ့လို့ လူငယ်ကစားသမားတွေနဲ့ ရင်ဆိုင်ခဲ့ရပြီး ပထမပိုင်းအပြီးမှာ လီဗာပူးလ်ကို တစ်ဂိုးစီသရေကျအောင်ကစားနိုင်ခဲ့ပါတယ်။ 



ဒီအတွက်ကြောင့် ပထမပိုင်းအပြီး အဝတ်လဲခန်းအတွင်းမှာ လီဗာပူးလ်ကစားသမားတွေအားလုံး Shock ဖြစ်ခဲ့ကြတယ်လို့ ၀ိုင်နယ်ဒမ်က ဖွင့်ဟပြောဆိုခဲ့ပါတယ်။ ပွဲအပြီးမှာ လီဗာပူးလ်က ၄-၁ နဲ့ အနိုင်ရရှိခဲ့ပေမယ့်လည်း လူငယ်ကစားသမားတွေရဲ့ ခံကန်အားကြောင့် သူတို့အားလုံး ကိုယ့်ကိုကိုယ်သတိပေးပြောဆိုမှုတွေ ပြုလုပ်ခဲ့ရတယ်လို့လည်း ဟော်လန်ကွင်းလယ်လူက ဆိုပါတယ်။ 

"ကျွန်တော်တို့ အဝတ်လဲခန်းထဲ စိတ်အေးလက်အေးဖြစ်အောင် နေခဲ့ကြပါတယ်၊ ဒီပွဲကို ရှုံးစရာအကြောင်းမရှိဘူးလို့ ကျွန်တော်တို့ ပြောခဲ့ကြရတာပါ၊ ဘာလို့လဲဆိုတော့ ပထမပိုင်းမှာ ကျွန်တော်တို့ ကောင်းကောင်းမလုပ်နိုင်ခဲ့ကြပါဘူး၊ အခွင့်အရေးတွေရခဲ့ပေမယ့် သူတို့ကို ဂိုးတွေမသွင်းနိုင်ခဲ့ဘူး၊ ပြီးတော့ တန်ပြန်ဖိအားပေးမှုတွေ မကောင်းမွန်ခဲ့လို့ သူတို့ကို ကောင်းကောင်းမခုခံနိုင်ဘူးလို့ ကျွန်တော်ထင်ပါတယ်"

"သူတို့ရသွားခဲ့တဲ့ ဂိုးက ထိုက်တန်မှုရှိပါတယ်၊ ဘောလုံးဆိုတာက ဒါပါပဲ၊ ကောင်းကောင်းမကာကွယ်နိုင်ရင် သူတို့က ဂိုးသွင်းယူမှာပါပဲ၊ ဘယ်အသင်းနဲ့မဆို ဒီလိုမျိုးဖြစ်သွားနိုင်ပါတယ်၊ ဒါကြောင့် ကျွန်တော်တို့ကစားပုံတွေကို နည်းနည်းပြောင်းလဲခဲ့ရပါတယ်" လို့ ၀ိုင်နယ်လ်ဒမ်က ဖွင့်ဟခဲ့ကြောင်း Goal.com က ဖော်ပြခဲ့ပါတယ်။ 

ပွဲအပြီးမှာတော့ လီဗာပူးလ်နည်းပြကလော့ပ်ကိုယ်တိုင် ဗီလာလူငယ်ကစားသမားတွေကို အားပေးမှုတွေပြုလုပ်ခဲ့ပြီး ချီးကျူးခဲ့ပါတယ်။ လီဗာပူးလ်ဟာ အသင်းကြီးကစားသမားတွေထည့်သွင်းအသုံးပြုခဲ့ပေမယ့် ဗီလာက ပထမပိုင်းမှာ သရေရအောင်ကစားနိုင်ခဲ့လို့လည်း အသိအမှတ်ပြုခံခဲ့ရတာဖြစ်ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

က္က