ဘန်လေကို အနိုင်ရရင် အမှတ်ပေးဇယားကို ဦးဆောင်ခွင့်ရသွားတော့မှာပါ။

ယူနိုက်တက်အသင်းဟာ လီဗာပူးနဲ့ ရမှတ်တူ ၃၃မှတ်အနေအထားမှာ တစ်ပွဲလျော့ ကစားထားလို့ လက်ကျန် ဘန်လေနဲ့ပွဲကို အနိုင်ရပါက အမှတ်ပေးဇယားကို လွတ်လွတ်ကျွတ်ကျွတ် ဦးဆောင်နိုင်မှာပါ။

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ လက်ရှိအချိန်မှာ ပုံစံကောင်း ပြသထားနိုင်ပြီး အမှတ်ပေးဇယား ထိပ်ပိုင်း မှာ ရပ်တည်နေသည့်တိုင် ပန်းတိုင်ကို ရောက်ဖို့ လမ်းတစ်ဝက်တောင် မရောက်သေးဘူးလို့ နည်းပြ ဆိုးလ်ရှားက အသင်းသားတွေကို သတိပေးစကားဆိုလိုက်ပါတယ်။



လက်ရှိမှာတော့ ယူနိုက်တက်အသင်းဟာ ထိပ်ဆုံးက လီဗာပူးအသင်းနဲ့ ရမှတ် ၃၃မှတ်ချင်း တူညီနေသည့်တိုင် တစ်ပွဲလျော့ ကစားထားလို့ အမှတ်ပေးဇယားကို ဦးဆောင်ခွင့်ဟာ လက်ထဲမှာ အပြည့်အဝ ရှိနေပါတယ်။

လာမယ့် ဇန်နဝါရီလ ၁၃ရက်နေ့ဆိုရင်တော့ ဘန်လေအသင်းနဲ့ လက်ကျန်ပွဲကို ကစားရမှာ ဖြစ်ပြီး အနိုင်ရပါက ၃မှတ်အသာနဲ့ အမှတ်ပေးဇယားကို ဦးဆောင်နိုင်မှာပါ။

ချန်ပီယံလိဂ်နဲ့ ကာရာဘောင်ဖလားပြိုင်ပွဲတွေကနေလည်း ထွက်ထားရပေမယ့် နည်းပြ ဆိုးလ်ရှားရဲ့ ယူနိုက်တက် အသင်းဟာ လိဂ်မှာ နောက်ဆုံးရှုံးပွဲကြုံခဲ့တာက နိုဝင်ဘာလအစကဖြစ်ပါတယ်။

“ပရီးမီးယားလိဂ်မှာ ပြိုင်ပွဲတိုင်းက စိန်ခေါ်မှုတွေ ပေးနေသလို ကျွန်တော်တို့ဟာ လမ်းတစ်ဝက်တောင် မရောက် သေးပါဘူး။တစ်ပွဲနဲ့ တစ်ပွဲဟာလည်း မတူညီပါဘူး။ဝက်ဖို့ဒ်နဲ့ပွဲဟာလည်း ကျွန်တော်တို့ကို စမ်းသပ်မှုတစ်ခု ဖြစ် စေခဲ့ပါတယ်။လာမယ့် ဘန်လေနဲ့ပွဲမှာအနိုင်ရရင်တော့ နောက်တစ်ပွဲတွေ့ရမယ့် လီဗာပူးပွဲအတွက် ယုံကြည်မှု ပိုရ သွားနိုင်ပါတယ်။”လို့ ဆိုးလ်ရှားက ဆိုပါတယ်။

ဘန်လေနဲ့ ကစားရမယ့် အဝေးကွင်းပွဲမှာတော့ ယူနိုက်တက်အနေနဲ့ လင်ဒီလော့ဖ်၊ပေါ့ဂ်ဘာ၊လုခ်ရှောနဲ့ ဘိုင်လီတို့ ကို လက်လွှတ်ထားရပါမယ်။

Share

က္က