ဂျူဗင်တပ်၊ရီးရဲနဲ့ ပီအက်စ်ဂျီအသင်းတို့က စိတ်ဝင်စားနေပါတယ်။

၂၀၁၆တုန်းက ဂျူဗင်တပ်အသင်းက ခေါ်ယူခဲ့စဥ်မှာ ပေါ့ဂ်ဘာအတွက် ပေါင် ၈၉သန်းပေးချေခဲ့ရလို့ ဝယ်စျေးထက် ၁၄သန်း လျော့နည်းနေပါတယ်။

လာမယ့် နွေရာသီစျေးကွက်မှာ အသင်းရဲ့ ကွင်းလယ်လူ ပေါ့ဂ်ဘာကို ပြိုင်တူ အလိုရှိနေကြတဲ့ ဂျူဗင်တပ်နဲ့ ရီးရဲ မက်ဒရစ်အသင်းအပါအဝင် ထပ်တိုးလာတဲ့ ပီအက်စ်ဂျီအသင်းကိုရော ယူနိုက်တက်အသင်းက သူတို့ရဲ့ ပေါ့ဂ်ဘာ အတွက် လိုချင်တဲ့ ပမာဏကို ထုတ်ဖော်ပြောလိုက်ပြီ ဖြစ်ပါတယ်။



နည်းပြ ပွန်ချက်တီနို ရောက်ရှိလာတဲ့ ပီအက်စ်ဂျီအသင်းဟာ ၂၀၁၈ ကမ္ဘာ့ဖလားဆုရှင် ပေါ့ဂ်ဘာကို အလိုရှိနေပြီး ယူနိုကတက်အသင်းကလည်း အနည်းဆုံး ပေါင် ၇၅သန်း အလိုရှိနေတာပါ။

ပေါ့ဂ်ဘာ အသင်းပြောင်းမပြောင်း ကိစ္စကိုလည်း ကစားသမားရဲ့ အေးဂျင့်ဖြစ်သူ ရွိုင်အိုလာက - “ယခုနှစ်က သူ့အ တွက် ယူနိုက်တက်မှာ နောက်ဆုံးရာသီ ဖြစ်လာမှာပါ။အချိန်မဖြုန်းချင်ပဲနဲ့ တစ်ဖက်နဲ့တစ်ဖက် ပွင့်ပွင့်လင်းလင်း ပြောလိုက်တာ ကောင်းပါတယ်။ပေါလ်က အသင်းမှာ မပျော်တော့ပါဘူး။သူ့ကိုယ်သူရော ပရိတ်တွေသူ့အပေါ်မှာ မျှော်လင့်ထားသလိုရော သူ ထိန်းကျောင်းနိုင်ခြင်း မရှိနေပါဘူး။အသင်းပြောင်းဖို့ လိုနေပါပြီ။”လို့ ပြောလာတာ ရှိ ပါတယ်။

လက်ရှိမှာ ယူနိုက်တက်နဲ့ ပေါ့ဂ်ဘာအကြား ချုပ်ဆိုထားတဲ့ စာချုပ်အရ ၂၀၂၂ ခုနှစ် နွေရာသီအထိ ကျန်နေသေး လို့ ယခုနှစ်မှာမှ ယူနိုက်တက်အနေနဲ့ မရောင်းနိုင်ပါက နောက်နှစ်မှာ အလွတ်ထွက်ခွာခွင့်ပေးရဖို့ များနေပါတယ်။


ယူနိုက်တက်အနေနဲ့ ပေါ့ဂ်ဘာကို ၂၀၁၆ခုနှစ်တုန်းက ဂျူဗင်တပ်အသင်းက ပြန်ခေါ်စဥ် ပြောင်းရွှေ့ကြေးအဖြစ် ပေါင် ၈၉သန်းပေးချေခဲ့ရလို့ ယခု ယူနိုက်တက် လိုချင်တဲ့ ပမာဏက ၁၄သန်း လျော့နည်းနေပါတယ်။

ပေါ့ဂ်ဘာကိုတော့ စပါးနည်းပြဟောင်း ပွန်ချက်တီနို ကိုင်တွယ်နေတဲ့ ပီအက်စ်ဂျီက အရခေါ်ယူနိုင်ဖို့များနေပြီး ပွန်ချက်တီနိုကလည်း ပေ့ါဂ်ဘာကို အခြားအသင်းတွေထက် လက်ဦးမှု ရယူနိုင်လိမ့်မယ်လို့ ယုံကြည်နေပါတယ်။

ယခုနှစ်ရာသီမှာတော့ ပေါ့ဂ်ဘာဟာ ယူနိုက်တက်အသင်းအတွက် ပရီးမီးယားလိဂ်သွင်းဂိုး တစ်ဂိုးသာ သွင်းယူပေး ထားနိုင်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

က္က