ခိုင်သင်းကြည်ကတော့ ကိုဗစ်ကာကွယ်ဆေး အတွက် မိသားစုနဲ့ အတူတူ ကုသိုလ်ယူခဲ့ရတဲ့ ပီတိလေးကို အခုလို ပြောပြခဲ့ပါတယ်။
Photo: Khine Thin Kyi
ခိုင်သင်းကြည်တို့ မိသားစုကတော့ ကိုဗစ်ကာကွယ်ရေး ဆေးအတွက် စုစုပေါင်း ငွေကျပ် သိန်း(၂၀၀) လှူဒါန်းခဲ့တာပါ။ ဒီ အလှူလေးနဲ့ ပတ်သက်ပြီး ပရိသတ်ကို အခုလို ဝေမျှခဲ့ပါတယ်။
" ကိုဗစ်ကာကွယ်ဆေးအလှူလေးပါရှင့်။ မခိုင်လေးအဖေနှင့်မာမီမှကျပ်သိန်းတစ်ရာ၊ မခိုင်လေးမိသားစုမှကျပ်သိန်းတစ်ရာလှူဒါန်းပါတယ်ရှင်။ မြန်မာနိုင်ငံကြီးနှင့်ကမ္ဘာကြီးကိုဗစ်ရောဂါအမြန်ဆုံးကင်းစင်ပပျောက်ပါစေ" ဆိုပြီးတော့ ဇန်နဝါရီလ ၁၁ ရက်နေ့ ည ၇ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ် စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။
Photo: Khine Thin Kyi
ခိုင်သင်းကြည်တို့ မိသားစုဟာ အလှူအတန်းနဲ့ ပတ်သက်လာရင် လက်မနှေးကြသူတွေဆိုလည်း မမှားပါဘူး။ စက်တင်ဘာလတုန်းက ကျရောက်ခဲ့တဲ့ ခိုင်သင်းကြည်ရဲ့ မွေးနေ့မှာ ကိုဗစ်ကုသရေး အတွက် ဧရာဝတီစင်တာကို ငွေကျပ် သိန်း(၄၀) နဲ့ ဆန်အိတ်(၂၀) လှူဒါန်းခဲ့တာကိုလည်း တွေ့ရပါတယ်။ သူမရဲ့ မင်္ဂလာနှစ်ပတ်လည်နေ့တုန်းကလည်း မင်္ဂလာနှစ်ပတ်လည် အလှူအဖြစ် ခေတ်သစ်ဖောင်ဒေးရှင်းမှာ Covid 19 ကာကွယ်ကုသရေး ပစ္စည်းတွေ လှူခဲ့ပါသေးတယ်။ခိုင်သင်းကြည်ဟာ ကိုဗစ်ကာလအတောအတွင်းမှာလည်း အလှူအတန်းတွေ ဆက်တိုက်ဆိုသလို ပြုလုပ်နေသူပါ။
Photo: Khine Thin Kyi
အရွယ်တင်နုပျိုလွန်းလှတဲ့ သရုပ်ဆောင် ခိုင်သင်းကြည်ဟာ ချစ်စရာကောင်းတဲ့ တစ်ဦးတည်းသော သမီးလေး စံထိပ်ထားဦးနဲ့ အတူ ပျော်စရာကောင်းတဲ့ မိသားစု ဘဝလေးကို ပိုင်ဆိုင်ထားသူပါ။ ခိုင်သင်းကြည်ဟာ ပထမဆုံးအကြိမ်အကယ်ဒမီဆုအနေနဲ့ ၂၀၁၃ ခုနှစ်မှာတော့ ''စုန်းပြူး''ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ပို့ဆု ရရှိခဲ့ပါတယ်။ ၂၀၁၄ ခုနှစ်မှာတော့ ''ကောင်းကျိုးကိုယ်၌တည်စေမင်း''ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကောင်းဆုံး အမျိုးသမီး ဇာတ်ဆောင်ဆု ရရှိခဲ့ပြန်ပါတယ်။