ပရိသတ်တွေကလည်း ပီတိဖြစ်ခဲ့ရတဲ့ အလှူလေးပါ။

ထွန်းအိန္ဒြာဗိုလ်ဟာ တူမဖြစ်တဲ့ G က အနုပညာကြေးတွေနဲ့ အလှူအတန်းတွေ လုပ်ခဲ့တဲ့အပေါ် သူ့ရဲ့ သဘောထားကို ပြောပြခဲ့ပါတယ်။ 

Photo: Oakkar Lay



ထွန်းအိန္ဒြာဗိုလ်ရဲ့ တူမအရင်းဖြစ်သူ G ကတော့ အနုပညာကြေးကရတဲ့ ပိုက်ဆံတွေကို လူနာတင်ယာဉ် တစ်စီး လှူဒါန်းခဲ့တာတွေ့ရပါတယ်။ အနုပညာကြေးနဲ့ လှူဒါန်းလိုက်တဲ့ အလှူအတွက် အဒေါ်အရင်းဖြစ်သူ ထွန်းအိန္ဒြာဗိုလ်က အခုလို ချီးကျူးစကားဆိုခဲ့ပါတယ်။ 

" G က သူရတဲ့ အနုပညာကြေးလေးတွေ စုပြီး ကားသစ်တစ်စီးနဲ့ မိဘတွေ လှူထားတဲ့ ရေ boxer ကားကို maintain လုပ်ဖို့ ငွေကျပ် သိန်း၃၀ လှူဒါန်းတာပါ။ သာဓု သာဓု သာဓု သမီး" ဆိုပြီးတော့ ဇန်နဝါရီလ (၁၄) ရက်နေ့ မနက် (၆) နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့တာဖြစ်ပါတယ်။ 

Photo: Rose Khin Mi Mi Win

ထွန်းအိန္ဒြာဗိုလ်ဟာ တူမဖြစ်သူ G လက်ရှိ လုပ်ဆောင်နေတဲ့ ပရဟိတ အလုပ်နဲ့ ပတ်သက်ပြီးတော့လည်း အရင်ကတည်းက သူ့ရဲ့ ဖေ့စ်ဘွတ်ပေ့ချ်မှာ ဗီဒီယို ဖိုင်တင်ရင်း ချီးကျူးခဲ့ဖူးသူဖြစ်ပါတယ်။ 

“ သူ့ကို ကျွန်မ ချီးကျူးမိတာကတော့ ပရဟိတ လုပ်ချင်တယ်လို့ ခဏခဏ သူပြောလေ့ရှိသေးတယ်။ ကျွန်မ စိတ်ထဲမှာဆိုတော့ ကလေးလည်း ကလေးဆိုတော့ တခြားအချိန်မှာ လုပ်တဲ့ ပရဟိတထက် ကိုဗစ်ကာလမှာ လုပ်တဲ့ ပရဟိတအလုပ်ကို စိတ်လည်းပူတယ်၊ ကျွန်မတို့ကလည်း ခွင့်မပြုချင်ဘူးပေါ့နော်။ ကျွန်မ အစ်ကိုကလည်း ပရဟိတ လုပ်တာဆိုတော့ အစ်ကို့ကို ရအောင် Join ပြီးတော့ သူအခု ကားမောင်းပြီး လူနာပို့တာ သယ်တာတွေ လုပ်တာပေါ့နော်။ အခုဆိုရင် သူ အိမ်တောင် သိပ်မပြန်ဘူး။ ပရဟိတအသင်းသားတွေနဲ့ပဲ သူ ဟိုမှာ အိပ်တယ်။ ကျွန်မလည်း သူ့ကို လှမ်းမေးပါတယ် အဆင်ပြေရဲ့လား သမီး ဆိုတော့ သူက အေးဆေးပါပဲ။ စလုပ်တုန်းကတော့ တစ်ပတ် နှစ်ပတ်လောက်ပဲ သူလုပ်နိုင်မယ်လို့ ထင်ခဲ့တယ်။ ဒါပေမယ့် အခုချိန်မှာ (၇) လကျော်သွားလောက်ပြီ။ ဒါကိုတော့ တကယ်ချီးကျူးတယ်။ ကျွန်မ ဆိုရင်တော့ ဒီလောက်အထိ လုပ်နိုင်မယ်လို့ မထင်မိဘူး” လို့ ပြောခဲ့တာဖြစ်ပါတယ်။ 

Photo: Tun Eaindra Bo

ထွန်းအိန္ဒြာဗိုလ် ဟာ ဂီတပိုင်းမှာ သီချင်းခွေတွေ အများကြီး ထွက်ရှိထားသလို ရုပ်ရှင်ဘက်မှာလည်း ၁၉၉၉ခုနှစ်က "နှောင်းတမြေ့မြေ့" ၊ ၂၀၀၃ခုနှစ်မှာ "အမေ့နို့ဖိုး" ၊ ၂၀၀၅ ခုနှစ်မှာ "မိုးကုတ်စက်ဝိုင်းကို ကျော်လွန်၍" စတဲ့ ရုပ်ရှင်ဇာတ်ကားတွေနဲ့ အကယ်ဒမီဆုတွေ ကိုပိုင်ဆိုင် နိုင်ခဲ့သူ တစ်ဦးဖြစ်ပါတယ်။ လက်ရှိမှာတော့ ခင်ပွန်းဖြစ်သူ ကိုအောင်မင်းထွန်းရယ်၊ သားလေး အောင်ဗိုလ်ကောင်းသန့်ရယ် နဲ့ အတူ ပျော်စရာကောင်းတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။ တစ်ဦးတည်းသော သားလေးကလည်း ပညာရေးမှာရော၊ အားကစားမှာရော ထူးချွန်တဲ့သူ တစ်ယောက်လို့ သိရပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က