နိုင်ပွဲနှင့်အတူ မန်စီးတီးအသင်းဟာ အဆင့် ၃ကို တက်လှမ်းထားနိုင်ပါပြီ။

ဘရိုက်တန်ကို အနိုင်ရခဲ့တဲ့ပွဲမှာ ဖိုဒန်က တစ်လုံးတည်းသော သွင်းဂိုးကို သွင်းယူပေးနိုင်ခဲ့သူ ဖြစ်ပါတယ်။

ဘရိုက်တန်ကို ၁-၀ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ အသင်းအတွက် တစ်လုံးတည်းသော အနိုင်ဂိုး သွင်းယူပေးခဲ့သူ ဖိုဒန်က မန်စီးတီးအသင်းရဲ့ အကောင်းဆုံး ပုံစံတွေ ပြန်လာပြီလို့ ပြိုင်ဖက်အသင်းတွေကို ပွဲအပြီးမှာ သတိပေးစကားဆို ခဲ့ပါတယ်။



နိုင်ပွဲကြောင့် မန်စီးတီးအသင်းဟာ ပြိုင်ပွဲစုံ ၁၄ပွဲတိတိ ရှုံးပွဲလုံးဝမရှိထားသလို အဆိုပါ ၁၄ပွဲမှာ ပေးဂိုးမရှိတဲ့ပွဲက ၁၁ပွဲအထိ ရှိနေပါတယ်။

ရာသီအစမှာ မန်စီးတီးအသင်းအနေနဲ့ အနည်းငယ် ရုန်းကန်ခဲ့ရပေမယ့် နောက်ပိုင်းမှာ ခြေစွမ်းပုံမှန်ပြန်ဖြစ်လာတ တာနဲ့အမျှ ရလဒ်တွေပါ တိုးတက်ကောင်းမွန်လာပါတယ်။

“ကျွန်တော်တို့ရဲ့ အကောင်းဆုံးပုံစံတွေ ပြန်ရလာပြီလို့ ဆိုချင်ပါတယ်။ပြီးခဲ့တဲ့ အစောပိုင်းတုန်းက ပွဲရလဒ်တွေ အပေါ်မှာ ယုံကြည်မှုတွေ ရရှိခဲ့ပါတယ်။ဒီနေ့မှာလည်း ပိုကောင်းခဲ့ပါတယ်။ခြုံပြောရရင်တော့ အသင်းနဲ့ပတ်သက် ပြီး ဂုဏ်ယူပါတယ်။”လို့ ဖိုဒန်က ပြောခဲ့ပါတယ်။

ဆက်လက်ပြီး ဘယ်သန် ကစားသမား တစ်ဦးဖြစ်တာကြောင့် ညာခြေဖြင့် ဂိုးကန်သွင်းနိုင်ခဲ့တဲ့အပေါ်မှာလည်း အင်မတန်မှ ပျော်ရွှင်မိတယ်လို့ ဖိုဒန်က ဆိုပါသေးတယ်။

“ဘရိုက်တန် နောက်တန်း တကယ်ကို ကောင်းခဲ့သလို ပွဲကိုလည်း အကောင်းဆုံး ကစားနိုင်ခဲ့ပါတယ်။ဒုတိယပိုင်း မရောက်ခင် တစ်ဂိုးရဖို့ အရမ်း လိုအပ်နေချိန်မှာ ကျွန်တော့်ရဲ့ ညာခြေနဲ့ ဂိုးသွင်းယူနိုင်ခဲ့တာကို အရမ်း ပျော်ရွှင် မိပါတယ်။ဘာလို့လဲဆိုတော့ ပုံမှန်ဆိုရင် ကျွန်တော်က ညာခြေနဲ့ ဂိုးသွင်းလေ့သွင်းထ မရှိလို့ပါ။”လို့ ဖိုဒန်က ပြောပါတယ်။

မန်စီးတီးအသင်းကတော့ နိုင်ပွဲကြောင့် ၂ပွဲလျော့ ၁၆ပွဲကစားအပြီး ရမှတ် ၃၂မှတ်နဲ့ အဆင့် ၃နေရာမှာ ရပ်တည် ကာ ထိပ်ဆုံးမှ ယူနိုက်တက်နဲ့ ဒုတိယနေရာမှ လီဗာပူးအသင်းတို့ကို အကောင်းဆုံး ဖိအားပေးထားနိုင်ပြီ ဖြစ်ပါ တယ်။


ဆက်စပ်အကြောင်းအရာများ

Share

က္က